CMA CGM, COSCO, Hapag-Lloyd သင်္ဘောအသစ်များ ထပ်မံ မှာကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်ကိုရီးယားမှ Hyundai Mipo Dockyard သင်္ဘောကျင်းတွင် CMA CGM က ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်း၊ Hapag-Lloyd က ကွန်တိန်နာသင်္ဘောအသစ် ၆ စင်း မှာကြားကြကြောင်း Maersk Broker က သတင်းထုတ်ပြန်ပါသည်။ 4,000 teu အရွယ်အစား မီသနောနှင့် လောင်စာဆီ ၂ မျိုးဖြင့် ခုတ်မောင်းနိုင်သည့် ကွန်တိန်နာသင်္ဘောများ ဖြစ်ပါသည်။
.
Maersk Broker ၏ သတင်း ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံတွင် COSCO က 16,000 teu အရွယ်အစား မီသနောနှင့် လောင်စာဆီ ၂ မျိုးဖြင့် ခုတ်မောင်းနိုင်သည့် ကွန်တိန်နာသင်္ဘောများ အသစ်တည်ဆောက်ရန် အမှာစာ ပေးအပ်ကြောင်း ဖော်ပြထားပါသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တရုတ်သင်္ဘောလိုင်း COSCO က 24,000 teu အရွယ်အစား မီသနောနှင့် လောင်စာဆီ ၂ မျိုးဖြင့် ခုတ်မောင်းနိုင်သည့် ကွန်တိန်နာသင်္ဘောများ ၁၂ စီး အသစ်တည်ဆောက်ရန် Kawasaki Heavy Industries ၏ သင်္ဘောကျင်း နှစ်ခုတွင် မှာကြားခဲ့ပါသည်။
.
ယခုအခါ သင်္ဘောကျင်းများတွင် မှာကြားထားသည့် ကွန်တိန်နာသင်္ဘောအသစ်များ၏ စုစုပေါင်း teu သည် လက်ရှိပြေးဆွဲနေသော ကွန်တိန်နာသင်္ဘောများ၏ teu စုစုပေါင်း၏ ၂၉.၅% အထိ ရှိလာပြီဟု Clarksons က အချက်အလက် ထုတ်ပြန်ပါသည်။
Source splash 247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U