Containers

Evergreen ထံမှ ဖျက်တော့မည့် ကွန်တိန်နာသင်္ဘောအို ၂ စင်းကို MSC ဝယ်ယူ

Evergreen ထံမှ ဖျက်တော့မည့် ကွန်တိန်နာသင်္ဘောအို  ၂ စင်းကို MSC ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကွန်တိန်နာသင်္ဘောအသစ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာနေသဖြင့် ကွန်တိန်နာသင်္ဘောအိုများ သင်္ဘောဖျက်သည့်ဆီသိုံ ပေးပို့မှု များပြားလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ သက်တမ်းအိုသော်လည်း ငွေရှာပေးနိုင်ဆဲ ဖြစ်သဖြင့် အရည်ကြိုမည့်ဆီသို့ မရောက်ဘဲ ပိုင်ရှင်အသစ် လက်ထဲရောက်သွားသည်ကို ကြုံရသည်။ 

.

ထိုင်ဝမ်မှ ကွန်တိန်နာသင်္ဘောလိုင်း Evergreen က ၁၉၉၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့သည့် ကွန်တိန်နာသင်္ဘောနှစ်စင်း ဖြစ်သည့် Ever Uberty နှင့် Ever Unific တို့ကို သင်္ဘောဖျက်သည်ဆီ ပေးပို့ရောင်းချရန် စီစဉ်ထားသည်။ သင်္ဘောအရည်အသွေး စစ်ဆေးခံထားသည့် လက်မှတ်များသည် နောက်နှစ် ပထမ ၃လပတ်တွင် သက်တမ်းကုန်မည်။ သက်တမ်းတိုးဖို့ လွန်းတင်ပြီး ပြင်ဆင်မွမ်းမံမှုများ မပြုတော့ဘဲ သင်္ဘောနှစ်စီးကို ဖျက်ဈေးဖြင့် ရောင်းချရန် အစီအစဉ် ရှိသည်။ 

၎င်းကွန်တိန်နာသင်္ဘောနှစ်စီးစလုံးကို Mediterranean Shipping Co (MSC)  က ဝယ်ယူလိုက်သည်။ 

.

MSC သည် တစ်ပတ်ရစ်သင်္ဘောများကို လိုက်လံဝယ်ယူလျက် ရှိရာ ၃ နှစ်တာအတွင်း စီးရေ ၃၀၀ ဝန်းကျင် ဝယ်ယူခဲ့သည်။ 

Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)