ဘီလျံနာများအတွက် ကွန်တိန်နာ ပို့ဆောင်ရေး ထိပ်တန်းဝင်ငွေအဖြစ် ရှိနေဆဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခြင်းသည် ဘီလျံနာများအတွက် ထိပ်တန်းဝင်ငွေအဖြစ် ရှိနေဆဲဖြစ်သည်။
.
ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခြင်းသည် အမြတ်အစွန်းများသော ကပ်ရောဂါခေတ်အလွန် ယခုနှစ်တွင် ရေချိန်နိမ့်ကျသွားမည်ဟု မျှော်လင့်ထားကြသည်။
.
သင်္ဘော သူဌေးကြီး Gianluigi Aponte ၏ မိသားစုသည် ၎င်း ခေတ်ကောင်းသည့်ကာလ၏ ထိပ်တန်းအောင်မြင်သူအဖြစ် ပေါ်ထွက်ခဲ့သည်။
.Gianluigi Aponte
Gianluigi Aponte နှင့် ၎င်း၏ဇနီး Rafaela တို့သည် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်း ဖြစ်လာမည့် MSC ကို တည်ထောင်သူများဖြစ်ပြီး ရှယ်ယာ ၅၀% စီ အညီအမျှ ပိုင်ဆိုင်ကြသည်။
.
MSC ကွန်တိန်နာသင်္ဘောလိုင်းအပြင်၊ Aponte မိသားစုသည်
အပျော်စီးသင်္ဘောလိုင်း MSC Cruises
ပြည်တွင်းကုန်စည်လုပ်ငန်း Medlog နှင့်
ကွန်တိန်နာဆိပ်ခံ အော်ပရေတာ Terminal Investment Limited
တို့လည်း ပိုင်ဆိုင်ပါသည်။
.
Gianluigi နှင့် Rafaela
Forbes မှ နောက်ဆုံးထုတ်ပြန်သော ချမ်းသာကြွယ်ဝမှု အချက်အလက်အသစ်အရ Gianluigi နှင့် Rafaela တို့၏ ကြွယ်ဝမှုသည် ယမန်နှစ်တွင် သုံးဆနီးပါး တိုးလာခဲ့သည်။
၂၀၂၂ တွင် ၎င်းတို့တစ်ဦးစီမှာ ကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိခဲ့ကြပြီး ယခုနှစ်တွင် ကန်ဒေါ်လာ ၃၁.၂ ဘီလီယံသို့ မြင့်တက်လာပါသည်။
.
၂၀၂၀ ခုနှစ် Covid-19 ကပ်ရောဂါ၏အစကာလတွင် လင်မယားနှစ်ဦးပေါင်း ကြွယ်ဝမှုမှာ ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၆.၅ ဘီလီယံ ရှိခဲ့ရာမှာ လွန်ခဲ့သည့် ၃ နှစ်တာကာလအတွင် ဆတိုးပွားခဲ့သည်။ အပျော်စီးသင်္ဘောလိုင်း MSC Cruises ရပ်နားထားရသော်လည်း MSC ကွန်တိန်နာသင်္ဘောလိုင်းထံမှ အမြတ်အစွန်းများ အကြီးအကျယ် ရရှိခဲ့ကြသည်။
MSC သည် မိသားစုပိုင် ပုဂ္ဂလိကကုမ္ပဏီ ဖြစ်သဖြင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများကဲ့သို့ ဘဏ္ဍာရေး အစီရင်ခံစာ တင်ပြရန် မလိုသဖြင့် ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို မသိကြရပါ။
သင်္ဘောလိုင်း ကျွမ်းကျင်သူ John McCown က ခန့်မှန်းသည်မှာ ၂၀၂၂ ခုနှစ်တွင် အမြတ် ကန်ဒေါ်လာ ၂၈ ဘီလီယံကျော် ရရှိခဲ့ကြသည်။
.
Forbes သည် Gianluigi နှင့် Rafaela တို့ကို ၂၀၂၃ ခုနှစ် ကမ္ဘာ့ဘီလီယံနာများစာရင်းတွင် နံပါတ် (၄၃) နေရာတွင် ဖော်ပြထားသည်။
စုစုပေါင်း အမျိုးသမီး ၉၆ ဦး ပါဝင်သည့် ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီး ဘီလျံနာများ စာရင်းကို Forbes ဖော်ပြထားရာ၌ Rafaela Aponte သည် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။
.
ပြီးခဲ့သည့်နှစ်က ဆွစ်ဇာလန်သတင်းစာ Le Matin နှင့် SonntagsZeitung တို့က Aponte မိသားစုကို ဆွစ်ဇာလန်တွင် အချမ်းသာဆုံးဟု သတ်မှတ်ခဲ့သည်။ Aponte မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းကြသည်။
.
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကွန်တိန်နာလိုင်း MSC သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အံ့မခန်း ကြီးထွားမှုကို ကြုံတွေ့ခဲ့ရပြီး ယခုအခါ သင်္ဘော စီးရေ ၇၃၀ ရှိသည်။ စုစုပေါင်း TEU ၄.၈ သန်း ရှိသည်။
.
MSC သည် ယမန်နှစ်က Maersk ၏ ရေယာဉ်စု သယ်ဆောင်နိုင်စွမ်းကို ကျော်လွန်ကာ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း ကွန်တိန်နာသင်္ဘောလိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U