Containers

ကွန်တိန်နာသင်္ဘောကဏ္ဍ ထူးခြားသော အပြောင်းအရွေ့များ ဖြစ်ပေါ်မည်

ကွန်တိန်နာသင်္ဘောကဏ္ဍ ထူးခြားသော အပြောင်းအရွေ့များ ဖြစ်ပေါ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

BIMCO ၏ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် ပို့ဆောင်ရေးလေ့လာဆန်းစစ်သူ Niels Rasmussen က လက်ရှိတွင် ကွန်တိန်နာ ကုန်စည်ပို့ဆောင်ခများ ပြိုကျနေသော်လည်း ကွန်တိန်နာသင်္ဘောအသစ် အမှာစာ အရေအတွက်နှင့် TEU ပမာဏတို့သည် စံချိန်တင်အဆင့်သို့ ရောက်ရှိနေပြီဟု ထောက်ပြခဲ့သည်။

စုစုပေါင်း ၇.၅၄ သန်း TEU ရှိသည်အထိ စံချိန်တင်မြင့်မားသော ကွန်တိန်နာသင်္ဘောအသစ် မှာယူမှုများသည် ကမ္ဘာ့ကွန်တိန်နာသင်္ဘော ရေယာဉ်စုအတွက် သိသာထင်ရှားသော အပြောင်းအလဲ ဖြစ်ပေါ်မည့် လက္ခဏာ ဖြစ်သည်။

"ကွန်တိန်နာကုန်စည်ပို့ဆောင်ခနှုန်းထားများ  ပြိုလဲသွားသော်လည်း၊ သင်္ဘောပိုင်ရှင်များသည် ကွန်တိန်နာသင်္ဘောအမှာစာ အသစ်များ ထပ်ပေးရန်အတွက် ဆာလောင်နေဆဲဖြစ်ပြီး မှာယူမှုများ ဆက်လက်ကြီးထွားလာခဲ့သည်။"ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လပေါင်း ၃၀ အတွင်း ကွန်တိန်နာသင်္ဘောအမှာစာ TEU ၈.၆၁ သန်းအတွက် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုခဲ့သည်။ ၎င်းပမာဏသည် ယခင် လပေါင်း ၉၀ မှာ ပေးအပ်ခဲ့သည့် အမှာစာပမာဏ စုစုပေါင်းနှင့် ညီမျှသည်။

.

အမှာစာ တိုးလာခဲ့သည်မှာ ၃ လပတ် ၁၀ ခု ဆက်တိုက်ရှိလာပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၃ လပတ် ၄ ခု ဆက်တိုက် စံချိန်သစ် အသီးသီး တင်ခဲ့သည်။ 

ယခု စုစုပေါင်း TEU ၇.၅၄ သန်းသို့ ရောက်ရှိသည်။ လက်ရှိပြေးဆွဲလျက်ရှိသော ကွန်တိန်နာသင်္ဘောများ၏ စုစုပေါင်း TEU ၏ ၂၈.၉% နှင့် ညီမျှသော ပမာဏ ဖြစ်သည်။

“ကြီးမားတဲ့ မှာယူမှုဟာ  TEU သိသိသာသာ တိုးလာပါလိမ့်မယ်။ ယခု ၂၀၂၃ မှာ TEU ၅.၀၃ သန်း နောက်ထပ် တိုးဖို့ ကျန်ရှိပါတယ်။ ၂၀၂၄ မှာလည်း ဆက်တိုးပါမယ်။ ကမ္ဘာ့ကွန်တိန်နာသင်္ဘော ရေယာဉ်စု စုစု‌ေပါင်း TEU သန်း ၃၀ ကျော်သွားတာကို ကွန်တိန်နာသင်္ဘောသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကြုံတွေ့ကြရလိမ့်မယ်" ဟု ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ဖြစ်ပေါ်လာမည့် ထူးခြားချက်ကို Rasmussen က မှတ်ချက်ချသည်။

.

ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ဖြစ်ပေါ်လာမည့် နောက်ထပ် ထူးခြားချက်မှာ သုံးစွဲသည့် လောင်စာဆီ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် သမားရိုးကျ လောင်စာဆီမဟုတ်သော အခြား (မီသနော၊ အမိုးနီးယား အစရှိသည့်) လောင်စာဆီ သုံးစွဲသည့် ကွန်တိန်နာသင်္ဘော အရေအတွက်သည် ကွန်တိန်နာသင်္ဘော စုစုပေါင်း၏ ၁၀% သာ ရှိသည်။ အမှာစာပေးထားသည့် သင်္ဘောများ တိုးလာပြီးလျှင် ၎င်းရာခိုင်နှုန်းသည် ၅၇% သို့ ရောက်ရှိမည် ဖြစ်သည်ဟု BIMCO အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ဖြစ်ပေါ်လာမည့် နောက်ထပ် ထူးခြားချက်မှာ သင်္ဘောလိုင်းများတွင် ကုမ္ပဏီပိုင် သင်္ဘော ပိုများလာမည်။

သင်္ဘောပိုင်သော်လည်း ပြေးဆွဲခြင်း မရှိဘဲ အငှားချာတာ ငှားထားသည့် သင်္ဘောပိုင်ရှင်များတွင် အများစုသည် နှစ်ရှည်စာချုပ်များဖြင့် ငှားထားကြသည်။ သို့ဖြစ်ရာ ၎င်းသင်္ဘောများသည် အငှားချာတာအနေဖြင့် ဆက်ရှိနေကြမည်။

သို့သော် အမှာစာအသစ်များတွင် အများစုသည် ကုမ္ပဏီပိုင် သင်္ဘောများ ဖြစ်သည်။ ကုမ္ပဏီပိုင် သင်္ဘော ၅၀% ရှိခဲ့ရာမှ ၆၁% သို့ ရောက်ရှိလာသည်။ လာမည့် နှစ်အနည်းငယ်တွင် ၆၅% သို့ မြင့်တက်မည်။

Source container news

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)