Evergreen က ဒေါ်လာ ဘီလီယံချီ သုံးစွဲပြီး သင်္ဘောသစ်များ တည်ဆောက်ရန် တင်ဒါခေါ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Maersk Broker ၏ အဆိုအရ ထိုင်ဝမ်မှ Evergreen ကွန်တိန်နာသင်္ဘောလိုင်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းရရှိထားသည့် ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာထဲမှ အချို့ကို ကွန်တိန်နာသင်္ဘော အသစ် ၂၄ စင်းအတွက် သုံးစွဲမည် ဖြစ်သည်။
16,000 teu အရွယ်အစား မီသနောနှင့် ရိုရိုးလောင်စာ နှစ်မျိုးသုံး ကွန်တိန်နာသင်္ဘောအသစ် ၂၄ စီး တည်ဆောက်ရန် တင်ဒါခေါ်ထားပါသည်။
သင်္ဘောကျင်းများသည် မေလ ၁၇ နောက်ဆုံးထားပြီး အဆိုပြုလွှာ တင်သွင်းကြရမည်ဖြစ်ပြီး သင်္ဘောတစ်စင်းလျှင် အနည်းဆုံး ကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျမည်ဟု ခန့်မှန်းပါသည်။
Maersk Broker မှ ထုတ်ဝေသော အပတ်စဉ်သတင်းလွှာတွင် တောင်ကိုရီးယားမှ ထိပ်တန်း သင်္ဘောကျင်း ၃ ခု တင်ဒါအောင်မည်ဟု ထင်ကြေးပေးထားပါသည်။ သင်္ဘောကျင်း အများစုသည် ၂၀၂၆ ခုနှစ်အထိ အမှာစာများ ပြည့်နေပြီ ဖြစ်သဖြင့် သင်္ဘောကျင်း တစ်ခုတည်းမှ ကွန်တိန်နာသင်္ဘော ၂၄ စီး အကုန်လုံး ရယူနိုင်ဖွယ် မရှိဟု သုံးသပ်ထားပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U