THE Alliance ကွန်တိန်နာသင်္ဘောလိုင်းများ အမြတ်ငွေ ကျဆင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
THE Alliance မဟာမိတ်အဖွဲ့ဝင် ကွန်တိန်နာသင်္ဘောလိုင်းများ ဖြစ်ကြသည့် Yang Ming နှင့် HMM တို့က ယခုနှစ် ပထမ၃လပတ် ဘဏ္ဍာရေး ရလဒ်များကို မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ကြပါသည်။
.
THE Alliance တွင် နောက်ဘိတ်ဆုံး ဝင်ရောက်သည့် အဖွဲ့ဝင် တောင်ကိုရီးယား သင်္ဘောလိုင်း HMM နှင့် ထိုင်ဝမ်မှ သင်္ဘောလိုင်း Yang Ming တို့ ယခုနှစ် ပထမ ၃ လပတ်မှာ အမြတ်ပမာဏ သိသိသာသာ ထိုးကျခဲ့ပါသည်။ HMM က ပြန်မြင့်တက်မည့် အရိပ်လက္ခဏာ တစ်ခုမှ မရှိကြောင်း ပြောကြားခဲ့ပါသည်။
.
၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၆.၁ ဘီလီယံ စံချိန်တင်ပြီးနောက် Yang Ming ၏အမြတ်ငွေသည် ယခုနှစ်ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာ ၁၁၂ သန်း သို့ကျဆင်းသွားခဲ့သည်။
ပထမ၃ လပတ်သည် အမြင့်ဈေးနှုန်းများဖြင့် ချုပ်ဆိုထားသည့် စာချုပ်များ သက်တမ်းမကုန်သေးသဖြင့် ဝင်ငွေကောင်းသည့် ကာလဖြစ်ပါလျက် အမြတ်ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
.
Alphaliner အချက်အလက်အရ Yang Ming သည် သင်္ဘော ၉၃ စင်းဖြင့် လုပ်ငန်းလည်ပတ်နေပြီး စုစုပေါင်း သယ်ပို့နိုင်စွမ်း 705,614 teu ရှိသည်။ ကမ္ဘာ့နဝမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်သည်။
Yang Ming သည် သင်္ဘောကျင်းတွင် ကွန်တိန်နာသင်္ဘောအသစ် မှာကြားထားခြင်း မရှိပါ။
မေလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးတွင် LNG နှင့် လောင်စာဆီ ၂ မျိုးသုံး 15,000 teu တင်ဆောင်နိုင်သည့် အရွယ်အစား ကွန်တိန်နာသင်္ဘော ရယူရန် အတည်ပြုပေးခဲ့သည်။
.
THE Alliance အဖွဲ့ဝင် HMM သည် ၂၀၂၂ တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၇.၇ ဘီလီယံ ရရှိခဲ့သည်။ ယခုနှစ် ပထမ၃ လပတ်တွင် ကန်ဒေါ်လာ သန်း ၂၁၀ သို့ ထိုးကျသွားခဲ့သည်။ ကုန်ကျစရိတ်လျှော့ချရေးအစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်ဟု ပြောကြားပါသည်။
.
သယ်ပို့နိုင်သည့် TEU ပမာဏအရ HMM သည် ကမ္ဘာ့အဌမ အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပြီး သင်္ဘော ၇၃ စီးဖြင့် ပြေးဆွဲနေသည်။ စုစုပေါင်း 807,677 teu ရှိသည်။
အသစ်မှာကြားထားသည့် ကွန်တိန်နာသင်္ဘော ၂၆ စင်းရှိပြီး စုစုပေါင်း 265,000 teu ရှိသည်။
.
THE Alliance အဖွဲ့ဝင်များတွင် အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd က ယခုနှစ်ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံ ရရှိကြောင်း ကြေညာခဲ့သည်။ သို့သော် တစ်နှစ်တာ အမြတ်ကို ကန်ဒေါ်လာ ၂.၁ ဘီလီယံဟု ခန့်မှန်းသည်။ သို့ဖြစ်ရာ ကျန်သည့် ၃ လပတ် ၃ခုတွင် အမြတ်အနည်းငယ်သာ ရဖို့ မျှော်မှန်းထားသည်။
.
THE Alliance အဖွဲ့ဝင် ONE က ယခုနှစ်ပထမသုံးလပတ်တွင် အမြတ် ၁.၂ ဘီလီယံ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
.
THE Alliance သည် အာရှ-ဥရောပ ကုန်သွယ်ရေကြောင်း လမ်းကြောင်းတွင် တတိယအကြီးဆုံး မဟာမိတ်အဖွဲ့ဖြစ်ပြီး ပို့ဆောင်သည့် TEU ဝေစု ၂၅% ရရှိသည်။ ဖျက်သိမ်းရန် ကြေညာထားပြီးဖြစ်သည့် 2M မဟာမိတ်အဖွဲ့သည် ၃၆% ၊ Ocean Alliance မဟာမိတ်အဖွဲ့ သည် ၃၄% ဝေစု ရရှိထားသည်။
.
ပစိဖိတ်ဖြတ်သန်း ကုန်သွယ်ရေကြောင်း လမ်းကြောင်းတွင် THE Alliance သည် ၂၇% ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ Ocean Alliance မဟာမိတ်အဖွဲ့သည် ၃၉% ဖြင့် ပထမနေရာ၊ 2M သည် ၂၃% ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
Source loadstar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U