TEU ၅ သန်းကျော်သည့် ပထမဆုံး ကွန်တိန်နာလိုင်း MSC ဖြစ်လာတော့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Mediterranean Shipping Co (MSC) ကွန်တိန်နာသင်္ဘော ရေယာဉ်စု၏ စုစုပေါင်း TEU သည် များမကြာခင်တွင် ၅ သန်းကျော်တော့မည် ဖြစ်သည်။
ရေယာဉ်စု၏ ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသော ခုရေ twenty-foot equivalent unit TEU စုစုပေါင်း ၅ သန်းကျော်သို့ ပထမဆုံးရောက်ရှိသည့် ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာမည်။
.
MSC တွင် ကုမ္ပဏီပိုင်နှင့် ချာတာအငှား ကွန်တိန်နာသင်္ဘော ၇၅၃ စင်း ရှိပြီး ၂၀၂၃ မေလ ၁၆ ရက်တွင် အတိအကျ စုစုပေါင်း TEU မှာ 4,956,720 ဖြစ်သည်။
.
များမကြာမီတွင် ကွန်တိန်နာသင်္ဘော အသစ်နှစ်စီး MSC Michel Cappellini နှင့် MSC Gemma တို့ကို တရုတ်သင်္ဘောကျင်းများထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။ ၎င်းသင်္ဘော ၂ စီး ပေါင်းထည့်လိုက်လျှင် TEU ၅ သန်းအထက်သို့ ရောက်ရှိမည်။
.
MSC သည် ကွန်တိန်နာသင်္ဘောအသစ်များ ဖြည့်တင်းနေခြင်းအပြင် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများကိုလည်း အလုံးအရင်းဖြင့် ဝယ်ယူဖြည့်တင်းသည်။ ၂၀၂၀ ဩဂုတ်လနောက်ပိုင်း ဝယ်ယူခဲ့သည့် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော အရေအတွက်မှာ ၃၀၆ စီး ရှိနေပြီ ဖြစ်သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U