Containers

Yang Ming ကွန်တိန်နာသင်္ဘောအသစ်များ စတင်မှာကြား

Yang Ming ကွန်တိန်နာသင်္ဘောအသစ်များ စတင်မှာကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကွန်တိန်နာသင်္ဘောလိုင်းများက ကွန်တိန်နာသင်္ဘောအသစ်များ အနည်းနှင့်အများ အမှာစာများ ပေးအပ်နေချိန်မှာ ကမ္ဘာ့ နဝမအကြီးဆုံး Yang Ming ကွန်တိန်နာ သင်္ဘောလိုင်းသည် ကွန်တိန်နာသင်္ဘောအသစ် တစ်စီးမှ မှာကြားခြင်း မရှိခဲ့ရာမှ ယခုအခါ အများနည်းတူ ကွန်တိန်နာသင်္ဘော အသစ်များ မှာကြားလိုက်ပါသည်။

 

Maersk Broker ၏ အဆိုအရ Yang Ming က ကွန်တိန်နာသင်္ဘောအသစ်များ တည်ဆောက်ရန်အတွက်  တောင်ကိုရီးယားမှ Hyundai Heavy ထံ  အမှာစာ ပေးအပ်ပါသည်။ 

တရုတ်နိုင်ငံမှ Yangzijiang Shipbuilding သင်္ဘောကျင်းနှင့် Hyundai Heavy တို့ ပြိုင်ဆိုင်ခဲ့ကြပြီး Hyundai Heavy က အမှာစာ ရရှိခဲ့ပါသည်။

15,000 teu အရွယ်အစား ကွန်တိန်နာသင်္ဘော အသစ် ၅ စင်း အမှာစာ ကန်ထရိုက်လက်မှတ် ရေးထိုးခဲ့ကြပါသည်။

အင်ဂျင်အမျိုးအစားမှာ သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG နှင့် သမားရိုးကျ လောင်စာဆီတို့ နှစ်မျိုးသုံး အင်ဂျင် ဖြစ်ပါသည်။

 Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)