Containers

၂၀၂၂ တွင် ပင်လယ်ထဲ ဆုံးရှုံးသည့် ကွန်တိန်နာ အရေအတွက် ရာဂဏန်းသို့ လျော့ကျ

၂၀၂၂ တွင် ပင်လယ်ထဲ ဆုံးရှုံးသည့် ကွန်တိန်နာ အရေအတွက်  ရာဂဏန်းသို့ လျော့ကျ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

World Shipping Council (WSC) က နှစ်စဉ် ထုတ်ပြန်သည့် Containers Lost at Sea အစီရင်ခံစာကို ထုတ်ပြန်ပါသည်။

အစီရင်ခံစာမှာ ၂၀၂၂ တွင် သင်္ဘောပေါ်မှ ပင်လယ်ထဲသို့ ပြုတ်ကျပြီး ဆုံးရှုံးသည့် ကွန်တိန်နာ ၆၆၁ ခုမျှသာ ရှိကြောင်း ဖော်ပြထားသည်။

ကွန်တိန်နာ ဆုံးရှုံးမှု ကင်းဝေးရေးသည် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အားလုံးတွင် တာဝန် ကိုယ်စီ ရှိကြောင်း WSC မှ ပြောကြားပါသည်။ 

 အဓိကအချက်များမှာ  နည်းမှန်လမ်းမှန်ဖြင့် ထုပ်ပိုးခြင်း၊ ထားသိုခြင်း၊ ကွန်တိန်နာများကို တုပ်နှောင်ခြင်းနှင့် အလေးချိန် တိကျမှန်ကန်စွာ  အစီရင်ခံခြင်းတို့ ပါဝင်သည်။

.

ခန့်မှန်းခြေအားဖြင့်  နှစ်စဉ် ကုန်စည်များ ကန်ဒေါ်လာ ၇ ထရီလီယံဖိုးကို ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်သည်။ နှစ်စဉ် ကွန်တိန်နာ သန်း ၂၅၀ ဝန်းကျင်ကို ကွန်တိန်နာသင်္ဘောများဖြင့် သယ်ယူပို့ဆောင်သည်။ ကွန်တိန်နာ ၆၆၁ လုံး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှံးခြင်းသည် ရာခိုင်နှုန်းအားဖြင့် ၀.၀၀၀၂၆% မျှသာ ရှိသည်။

.

 ၂၀၀၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း နှစ်စဉ် ကွန်တိန်နာ ပျမ်းမျှ ၁,၅၆၆ လုံး ကွန်တိန်နာသင်္ဘောပေါ်မှ ပင်လယ်ထဲသို့  ပြုတ်ကျပြီး ဆုံးရှုံးခဲ့သည်။

 

photo_2023-05-23_18-59-26.jpg

 

 ကွန်တိန်နာသင်္ဘောတစ်စီးမှ တစ်ကြိမ်ဖြစ်ပွားရာ၌ ပင်လယ်ထဲ ပြုတ်ကျသည့် အရေအတွက် များပြားသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ကွန်တိန်နာသင်္ဘော MV Rena ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် ကွန်တိန်နာ အလုံး ၉၀၀ ဆုံးရှုံးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကွန်တိန်နာသင်္ဘော MOL Comfort  အိန္ဒိယသမုဒ္ဒရာတွင် နစ်မြှုပ်ခဲ့ရာ ကွန်တိန်နာ ၄,၂၉၃ လုံး ဆုံးရှုံးခဲ့သည်။

၂၀၂၀ နှင့် ၂၀၂၁ တို့တွင် ရာသီဥတု ဆိုးဆိုးဝါးဝါးကြောင့် ကွန်တိန်နာများ ရေထဲပြုတ်ကျကုန်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။  ကွန်တိန်နာ ပျမ်းမျှအရေအတွက် ၃,၁၁၃ လုံး ဆုံးရှုံးခဲ့သည်။

၂၀၂၀ နိုဝင်ဘာလတွင် ပြင်းပြင်းထန်ထန် ဆိုးဝါးသည့် ရာသီဥတု အခြေအနေများကြောင့် ပစိတ်ဖိတ် သမုဒ္ဒရာတွင် ကွန်တိန်နာသင်္ဘော ONE Apus သည် ကွန်တိန်နာ အလုံးရေ ၁,၈၀၀ ကျော် ပင်လယ်ထဲ ပြုတ်ကျခဲ့သည်။

 Maersk Essen သည်လည်း ၂၀၂၁ တွင် ပြင်းပြင်းထန်ထန် ဆိုးဝါးသည့် ရာသီဥတု အခြေအနေများကြောင့် ကွန်တိန်နာ အလုံးရေ ၇၅၀ ဝန်းကျင် ပင်လယ်ထဲ ပြုတ်ကျခဲ့သည်။

.

၂၀၁၇ မှ ၂၀၁၉ အထိ  ၃ နှစ်တာကာလတွင် နှစ်စဉ် ပျမ်းမျှအားဖြင့် ကွန်တိန်နာ ၇၇၉ လုံး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးခဲ့သည်။

 .

၂၀၂၀ မှ ၂၀၂၂ အထိ ၃ နှစ်တာကာလတွင် နှစ်စဉ် ပျမ်းမျှအားဖြင့် ကွန်တိန်နာ ၂,၃၀၁ လုံး ပင်လယ်ထဲ ပြုတ်ကျပြီး ဆုံးရှုံးခဲ့သည်။ သို့ဖြစ်ရာ သိသိသာသာ ပိုများခဲ့သည်။ 

  .

WSC သည် ၂၀၁၁  ခုနှစ်ကတည်းက ပင်လယ်ပြင်တွင် ပြုတ်ကျဆုံးရှုံးမှုများအတွက် Containers Lost at Sea အစီရင်ခံစာကို ၃ နှစ် တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။ 

၂၀၂၀-၂၀၂၁ တွင် ပင်လယ်ထဲ ကွန်တိန်နာ ပြုတ်ကျသည့် အရေအတွက် ထူးထူးခြားခြား များပြားခဲ့သဖြင့် WSC က အစီရင်ခံစာကို ၃ နှစ်တစ်ကြိမ်အစား ၁ နှစ်တစ်ကြိမ် နှစ်စဉ် ထုတ်ပြန်ပေးပါသည်။

Source gcaptain 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)