ကွန်တိန်နာသင်္ဘောဈေးကွက် tonnage provider များ အမြတ်များ ဆက်လက်ရရှိနေဆဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုဗစ်ကာလ ထောက်ပံ့ရေးကွင်းဆက်အကျပ်အတည်းအတွင်း ရေကြောင်း ကွန်တိန်နာ ကုန်စည်ပို့ဆောင်မှုနှုန်းများ မတန်တဆ မြင့်မားနေသည့်အတွက် ကွန်တိန်နာလိုင်းများ အပြစ်တင်ခံကြရသည်။
.
ကွန်တိန်နာသင်္ဘောများ ပိုင်ဆိုင်ထားပြီး အငှားချထားသည့် သင်္ဘောကုမ္ပဏီများမှာ မမြင်ကွယ်ရာတွင် ရောက်နေသဖြင့် အမြတ်အစွန်းများ စံချိန်သစ်တင် ရယူနေကြသော်လည်း အပြစ်တင်ခံရခြင်းမှ ကင်းလွတ်နေသည်။ ၎င်းတို့ကို တန်ချိန် ပေးအပ်သူများ tonnage providers ဟု ရေကြောင်းလောကတွင် ခေါ်ဝေါ်ကြသည်။
.
ယေဘုယျအားဖြင့် သင်္ဘောလိုင်းများသည် ၎င်းတို့၏ သင်္ဘောများတွင် တစ်ဝက်ခန့်ကို ပိုင်ဆိုင်ပြီး ကျန်သည်တို့မှာ ငှားရမ်းပြီး ပြေးဆွဲသည့် သင်္ဘောများ ဖြစ်သည်။
ကိုဗစ်ကာလတွင် ကွန်တိန်နာသင်္ဘောလိုင်းများ မကြုံစဖူး အကြီးအကျယ် အမြတ်ရကြသည့်အပြင် သင်္ဘောငှားစားသည့် tonnage providers သင်္ဘောလိုင်းများလည်း အမြတ်အစွန်း ကြီးမားခဲ့သည်။
ကွန်တိန်နာသင်္ဘောလိုင်းများသည် ရတတ်သမျှ ကွန်တိန်နာသင်္ဘောများကို ငှားရမ်းပြီး ပြေးဆွဲခဲ့ကြသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သင်္ဘောရဖို့ အသည်းအသန် ကြိုးစားကြသည်။ ထိုအခါ သင်္ဘောငှားစားသည့် tonnage provider များသည် အထက်စီးမှ အငှားစာချုပ်များ ချုပ်ဆိုကြသည်။ ဈေးကောင်း ရယူပြီး စာချုပ်သက်တမ်းကို နှစ်ကြာကြာ ချုပ်ဆိုကြသည်။ အချို့သင်္ဘောများသည် တစ်ရက်လျှင် ကန်ဒေါ်လာသိန်းချီသည်အထိ ငှာရမ်းခများ ရရှိခဲ့ကြသည်။
.
ယခုအခါ ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေးသည် အေးတိအေးစက် ဖြစ်နေပြီ။ ပို့ဆောင်ခ ပေါက်ဈေးများလည်း ဈေးကျနေသည်။ သို့သော် tonnage provider များသည် ဈေးအမြင့်ဖြင့် ချုပ်ဆိုထားသည့် အငှားစာချုပ်များ သက်တမ်း ကျန်ရှိနေသေးသဖြင့် ဈေးကောင်း ဆက်လက်ရရှိနေကြသည်။ အများစုမှာ ၂၀၂၄ ခုနှစ်ကျမှ သက်တမ်းကုန်မည်။ သူတိုအဖို့ ခေတ်ကောင်းနေဆဲ ဖြစ်သည်။
အများပိုင်လုပ်ငန်းအဖြစ် ရပ်တည်သည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး tonnage provider ဖြစ်သူ ဂရိမှ Danaos Corp သည် ၂၀၂၀-၂၀၂၂ နှစ်နှစ်တာတွင် အသားတင်အမြတ် ကန်ဒေါ်လာ ၁.၈ ဘီလီယံ ရရှိခဲ့သည်။ Danaos သည် ကွန်တိန်နာသင်္ဘော ၆၈ စီး ပိုင်ဆိုင်သည်။ ၈ စီးမှာ သင်္ဘောကျင်းတွင် တည်ဆောက်ဆဲ ဖြစ်သည်။
Danaos ၏ သင်္ဘောများ၏ စုစုပေါင်း TEU(twenty-foot equivalent unit) မှာ 476,293 ဖြစ်သည်။
၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၁၄၆.၂ သန်း ရရှိခဲ့သည်။
.
အမေရိကန် စတော့အိတ်ချိန်စာရင်းဝင် tonnage provider များတွင် ဂရိအခြေစိုက် Costamare သည် အကြီးမားဆုံး ဖြစ်သည်။ ကွန်တိန်နာသင်္ဘော ၇၁ စီး ပိုင်ဆိုင်သည်။ စုစုပေါင်း တက်ဆောင်နိုင်စွမ်းမှာ 524,000 TEU ရှိသည်။
Costamare သည် ကွန်တိန်နာသင်္ဘောများအပြင် ဝမ်းပုံတင် bulk သင်္ဘော ၄၃ စီးလည်း ပိုင်ဆိုင်သည်။
.
Costamare သည် ၂၀၂၃ ပထမ ၃ လပတ်အတွက် အမြတ် ကန်ဒေါ်လာ ၁၄၁.၆ သန်း ရရှိခဲ့သည်။ ယမန်နှစ် ကွန်တိန်နာ ပို့ဆောင်ခများ မြင့်မားနေစဉ် ၂၀၂၂ ပထမ ၃ လပတ်တွင် အမြတ် ကန်ဒေါ်လာ ၁၁၅.၄ သန်း ရရှိခဲ့သည်ထက် ပိုများနေသည်။
.
Danaos အမှုဆောင်အရာရှိချုပ် John Coustas က "စင်းလုံးငှား ဈေးကွက်က အခြေအနေ ကောင်းနေပါတယ်။ အငှား မချိတ်ထားတဲ့ သင်္ဘောတွေက အနည်းအကျဉ်းပဲ ရှိပါတယ်" ဟု ပြောကြားသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းကမ်းများကြောင့် သင်္ဘောများ အမြန်နှုန်း လျှော့ထားရသဖြင့် ခုတ်မောင်းရသည့် ရက်ပိုကြာနေခြင်းကလည်း သက်ရောက်မှု ရှိသည်ဟု ၎င်းက ပြောကြားသည်။
Danaos ပိုင် 13,100-TEU အရွယ်အစား Hyundai Ambition သည် HMM သို့ ၂၀၂၄ ခုနှစ် ဇွန်လအထိ တစ်ရက်လျှင် $64,918 ဖြင့် ငှားရမ်းထားပါသည်။
Danaos သည် တောင်ကိုရီးယားမှ ကွန်တိန်နာ သင်္ဘောလိုင်းကို 13,082-TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၅ စီး ချာတာငှားထားသည်။
ကွန်တိန်နာသင်္ဘောတစ်စီး တစ်ရက် ငှားရမ်းခမှာ $64,918 ဖြစ်ပြီး ၂၀၂၄ တွင် အငှားစာချုပ် သက်တမ်းပြည့်မည်။
ဆက်မငှားရမှာကို Coustas က မပူပန်ပါ။ အငှားစာချုပ်တွင် တစ်ရက် $60,418 ဖြင့် သက်တမ်း ၃ နှစ် တိုးလိုပါက တိုးနိုင်ကြောင်းကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည်။
"၂၀၂၄ မှာ အဲဒီ အရွယ်အစား ကွန်တိန်နာသင်္ဘော အငှားရဖို့ အတော် ရှားနေပါတယ်။ ဒီတော့ ကျွန်တော်တို့ အငှား မရမှာကို စိတ်ပူစရာ အကြောင်း မရှိပါဘူး" ဟု Coustas က ပြောကြားသည်။
Source FreightWaves
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U