ဝန်ထမ်းများအား နှစ်လယ်ဆုကြေး Yang Ming က ၃၀ လခနှင့် Evergreen က ၁၂ လခ ချီးမြှင့်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာသင်္ဘောကဏ္ဍ အကျဘက် ရောက်ရှိနေသော်လည်း ယခင် ကိုဗစ်ကူးစက်ရောဂါကာလ ရရှိခဲ့သည့် အမြတ်များမှ အကျိုးအမြတ် ဆက်လက်ရရှိနေသဖြင့် ထိုင်ဝမ်သင်္ဘောကုမ္ပဏီများသည် ယခုနှစ်လယ်ပိုင်း ဘောနပ်စ်များကို ကြီးကြီးမားမား ပေးနေကြသည်။
Yang Ming Marine Transport Corp. သည် အလုပ်သမားများအား လာမည့် လစာထုတ်ရက်တွင် ၃၀ လခကို နှစ်လယ်ဆုကြေး ပေးအပ်မည် ဖြစ်သည်။
ကုမ္ပဏီ ရှယ်ယာပိုင်ရှင်များက ဝန်ထမ်းဆုကြေးအတွက် တိုင်ဝမ်ဒေါ်လာအသစ် ၂.၃ ဘီလီယံ (ကန်ဒေါ်လာ ၇၅ သန်း) သုံးစွဲရန် မေလ ၂ ရက်တွင် အတည်ပြုပေးခဲ့သည်။
ယခုနှစ်ဆန်းတွင် ၂၀၂၂ ခုနှစ်အတွက် နှစ်ကုန်ဆုကြေး ၁၂ လခ ရရှိခဲ့ကြသည်။ ယခုအခါ နှစ်လယ်ဆုကြေး ချီးမြှင့်ခြင်း ဖြစ်သည်။
ကုမ္ပဏီ စည်းမျဉ်းများတွင် ယခင်နှစ် အမြတ်၏ ၁% ကို ဝန်ထမ်းများအား မပေးမနေရ ဆုကြေး ပေးရမည်ဟူသည့် အချက် ပါဝင်သည်။
ဝန်ထမ်းတစ်ဦးစီ ရရှိသည့်ပမာဏသည် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
Evergreen Marine Corp ၏ အစုရှယ်ယာရှင်များကလည်း နှစ်လယ်ဆုကြေးပေးရန် အတည်ပြုပေးခဲ့သည်။
ဝန်ထမ်း ၃,၁၀၀ ကို ဆုကြေးပေးရန် တိုင်ဝမ်ဒေါ်လာအသစ် ၁.၉ ဘီလီယံ သုံးစွဲမည်။ သို့ဖြစ်ရာ ၁၂ လခ ဝန်ကျင်ကို ဆုကြေး ရကြမည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ဆုကြေး ၅၀ လခ ဝန်းကျင် ပေးအပ်ခဲ့သည်။
Source Bloomberg
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U