ONE အကြီးမားဆုံး ကွန်တိန်နာသင်္ဘောအသစ် လွှဲပြောင်းရယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Ocean Network Express (ONE) သည် ၎င်းတို့၏ ပထမဆုံး 24,000-TEU အတန်းအစား “Megamax” ကွန်တိန်နာသင်္ဘောကို လက်ခံရယူခဲ့ကြောင်း ကြေညာပါသည်။
၎င်းကွန်တိန်နာသင်္ဘော အမည်မှာ ONE Innovation ဖြစ်ပြီး အချက်အလက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။
ONE Innovation Particulars:
Length Overall: 399.95 meters
Beam: 61.4 meters
Depth: 33.20 meters
Scantling Draft: 16.5 meters
Capacity: 24,136 TEUs
Reefer Plugs: Over 2,000 TEUs
ONE Innovation ကို Japan Marine United Corporation ၏ Kure Shipyard of Japan Marine United Corporation တွင် တည်ဆောက်ခဲ့ပါသည်။ ၂၀၂၃ ဇွန်လ ၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
24,136 TEU တင်ဆောင်နှိင်သည့် အရွယ်အစားဖြစ်ပြီး ONE ၏ ကွန်တိန်နာသင်္ဘောများတွင် အကြီးမားဆုံး ကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။
ONE Innovation သည် ONE ရေယာဉ်စုတွင် ထပ်တိုးမည့် Megamax ကွန်တိန်နာသင်္ဘော ၆ စီးအနက် ပထမဆုံး လက်ခံရရှိသည့် ကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။
THE Alliance (THEA) မဟာမိတ်အဖွဲ့၏ အာရှ-ဉရောပ ခရီးစဉ်တွင် ONE Innovation ကို အသုံးပြုမည်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U