Containers

ကွန်တိန်နာထုတ်လုပ်မှု ၁၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း

ကွန်တိန်နာထုတ်လုပ်မှု ၁၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ ထုတ်လုပ်မှုပမာဏသည် ၁၄ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ 

၂၀၂၃ ခုနှစ် ပထမ ၃လပတ်တွင် ကွန်တိန်နာ အသစ်များ 306,000 TEU မျှသာ ထုတ်လုပ်ခဲ့သည်။ ၂၀၁၀ ခုန‌ှစ်နောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်သည်။

 

ပင်လယ်ရေကြောင်းသုတေသနနှင့် အတိုင်ပင်ခံကုမ္ပဏီ Drewry က ယခုနှစ် တစ်နှစ်တာ ထုတ်လုပ်မှုသည် TEU ၁.၈ သန်း မကျော်ဟု ခန့်မှန်းထားသည်။ စီးပွားပျက်ကပ်ဆိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်သည်။

 

ဗီယက်နမ်မှ ကွန်တိန်နာ ထုတ်လုပ်သည့် စက်ရုံ အသစ် နှစ်ရုံဖြစ်သည့်  Cai Mep တွင် တည်ရှိသည့် Hoa Phat Group ကွန်တိန်နာစက်ရုံနှင့် Haiphong တွင် တည်ရှိသည့် Ace Engineering နှင့် Seojin Systems ဖက်စပ်လုပ်ငန်း၏ ကွန်တိန်နာစက်ရုံတို့သည် စက်ရုံ ၂ ရုံစုစုပေါင်း တစ်နှစ်လျှင် ကွန်တိန်နာများ TEU ၆ သိန်းအထိ ထုတ်လုပ်နိုင်မည်။ သို့သော် ၂၀၂၃ ခုနှစ် တတိယ ၃ လပတ် မတိုင်ခင် ထုတ်လုပ်မှုကို စတင်နိုင်မည် မဟုတ်ချေ။ 

 

 ကွန်တိန်နာများ ပိုလျှံနေသဖြင့် ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာထုတ်လုပ်သည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် စက်ရုံပိတ်ခြင်း၊  အလုပ်ချိန်လျှော့ချခြင်းတို့ဖြင့် ကွန်တိန်နာ ထုတ်လုပ်မှုကို လျှော့ချထားသည်။

 

ပိုလျှံနေသည့် ကွန်တိန်နာများသည် ပိုင်ရှင်များ ဖြစ်ကြသည့် အငှားကုမ္ပဏီများထံ စံချိန်တင် ပြန်လည်ရောက်ရှိကြသည်။

သင်္ဘောလိုင်းများသည် သက်တမ်း အိုနေသည့် ကွန်တိန်နာများ၊ ထိခိုက်ထားသည့် ကွန်တိန်နာများကို ဆက်မသုံးတော့ဘဲ စွန့်ပစ်ကြသည်။

 

ကွန်တိန်နာများ စွန့်ပစ်သည့် ပမာဏသည် ၂၀၂၃ ခုနှစ်တွင် TEU ၂.၈ သန်းခန့် ရှိလိမ့်မည်ဟု Drewry မှ ခန့်မှန်းထားသည်။

 

ကွန်တိန်နာများ စွန့်ပစ်ပြီး အရေအတွက် လျှော့ချနေကြသော်လည်း တစ်ပတ်ရစ် ကွန်တိန်နာ ဈေးကွက်တွင် ဈေးနှုန်းများမှာ ဆက်လက်တည်ငြိမ်နေဆဲ ဖြစ်သည်။ ယခုနှစ် ကုန်သည်အထိ တည်ငြိမ်နေဦးမည်ဟု ခန့်မှန်းထားသည်။

Source gcaptain 

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)