Containers

ထိုင်းနိုင်ငံရှိ လော့ဂျစ္စတစ်စင်တာတွင် Hanjin ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်

ထိုင်းနိုင်ငံရှိ လော့ဂျစ္စတစ်စင်တာတွင် Hanjin ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Hanjin သည် ထိုင်းနိုင်ငံရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်သည်။

.

Hanjin သည် ထိုင်းပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ KSP Depot တွင် အစုရှယ်ယာ ၁၄% ရယူရန် ကန်ဒေါ်လာ ၈၃၀,၀၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

,

Hanjin Group ၏ ထောက်ပံ့ပို့ဆောင်ရေးယူနစ်တစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ Hanjin Transportation သည် ထိုင်းနိုင်ငံရှိ လန်ချာဘန်  ဆိပ်ကမ်းအနီးတွင် စတုရန်းမီတာ ၉၀၀၀ ကျယ်ဝန်းသော ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေးစခန်း container freight station (CFS) ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းပြည်တွင်း လော့ဂျစ္စတစ်ဈေးကွက်ထဲတွင် အပြည့်အဝ ပါဝင်လုပ်ကိုင်မည် ဖြစ်သည်။

.

Hanjin သည် ထိုင်းနိုင်ငံရှိ အထင်ကရ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ KSP Depot တွင် အစုရှယ်ယာများ ရယူရန် ဝမ် ၁.၁ ဘီလီယံ (ကန်ဒေါ်လာ ၈၃၀,၀၀၀)  ရင်းနှီးမြှုပ်နှံပြီး CFS လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် စီစဉ်ထားသည်။

.

CFS ထောက်ပံ့ပို့ဆောင်ရေးစင်တာသည် ကွန်တိန်နာဖြင့် ရောက်ရှိလာသော ကုန်ပစ္စည်းများကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ကိုင်တွယ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

.

ရလဒ်အဖြစ် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့ကို ဆက်သွယ်ပေးသည့် အရှေ့တောင်အာရှ ထောက်ပံ့ပို့ဆောင်ရေး စက်ဝိုင်းသည် ပြီးပြည့်စုံသွားပြီဟု Hanjin က ပြောသည်။

.

လန်ချာဘန်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံတွင် ကုန်တင်ကုန်ချ ပမာဏအများဆုံး ကုန်သွယ်မှုဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ဆိပ်ကမ်း ဖြစ်သည်။

.

Hanjin သည် အမေရိကန်၊ တရုတ်၊ ဥရောပနှင့် အရှေ့တောင်အာရှရှိ နိုင်ငံရပ်ခြား လုပ်ငန်းခွဲ ၁၂ ခုဖြင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကဏ္ဍကို တောင့်တင်းစေပါသည်။

.

အရှေ့တောင်အာရှတွင် Hanjin သည် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နိုင်ငံလေးခုတွင် လုပ်ငန်းခွဲများ ထူထောင်ထားပြီး ထိုင်းနှင့် စင်ကာပူတို့တွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားသည်။

CFS လုပ်ငန်းများတွင် ပါဝင်ပြီးနောက် Hanjin သည် ထိုင်းနိုင်ငံရှိ ၎င်း၏ ကိုယ်စားလှယ်ရုံးကို ထိုင်းပြည်တွင်း ကော်ပိုရေးရှင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်။

Source  kedglobal

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)