Containers

feeder ကွန်တိန်နာသင်္ဘော အငှားဈေးကွက် ပြန်အပ်သည့် သင်္ဘော များပြား ‘sub-let’ ဈေးကွက် ပေါ်ပေါက်

feeder  ကွန်တိန်နာသင်္ဘော အငှားဈေးကွက် ပြန်အပ်သည့် သင်္ဘော များပြား ‘sub-let’ ဈေးကွက် ပေါ်ပေါက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပင်လယ်ပြင် ရေကြောင်း ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက် အားနည်းမှုသည်  ကွန်တိန်နာ စင်းလုံးငှားဈေးကွက်ကို  စတင်သက်ရောက်လာသည်။

.

အရွယ်အစား ကြီးမားသော ကွန်တိန်နာသင်္ဘောများ စင်းလုံးငှားသည့် နှုန်းထားများ ဆက်လက်တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ခရီးတို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲသည့် ကွန်တိန်နာအငယ်စား feeder အရွယ်အစား သင်္ဘောများသည် ငှာရမ်းခ ဈေးနှုန်းများ ကျဆင်းနေသည်။

.

ယမန်နှစ်က ၀ယ်လိုအား အထွတ်အထိပ် ကာလအတွင်း ကွန်တိန်နာသင်္ဘောပိုင်ရှင်များက သမုဒ္ဒရာကူး ကွန်နိန်နာသင်္ဘောများကို နှစ်ရှည်စာချုပ်များဖြင့် စင်းလုံးငှား ချထားခဲ့ကြသည်။ ယခုနှစ်တွင်လည်း အရွယ်အစား ကြီးမားသည့် ကွန်တိန်နာသင်္ဘောများ စင်းလုံးငှားဈေးကွက်တွင် လိုသလောက်မရနိုင်သဖြင့် ဈေးနှုန်ူအမြင့်ဖြင့် အငှားစာချုပ်သက်တမ်းကို ၂ နှစ် ထပ်တိုးနိုင်ခဲ့ကြသည်။

.

3,000 teu အောက် အရွယ်အစား ကွန်တိန်နာသင်္ဘောအငယ်စားများသည် သက်တမ်းတိုးခြင်း နည်းပါးပြီး ပိုင်ရှင်ထံ ပြန်အပ်ကြသည်က များနေသည်ဟု Alphaliner ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

.

3,000 teu အောက် အရွယ်အစား ကွန်တိန်နာသင်္ဘောအငယ်စားများ၏ တစ်ရက်တာ ငှားရမ်းခ နေ့တွက် နှုန်းထားများမှာလည်း ကျဆင်းလာနေသည်။

စာချုပ်သက်တမ်း မပြည့်သေးသဖြင့် လက်ထဲ ရှိနေသော ကွန်တိန်နာသင်္ဘောအငယ်စားများတွင် သယ်ပို့ရန် ကွန်တိန်နာ မရသဖြင့် ခရီးစဉ် ပြေးဆွဲနိုင်ခြင်း မရှိသည့်အခါ အအားထားရခြင်းအစား အောက်ကြေးဖြင့် တစ်ဆင့်ပြန်ငှားသည့် ‘sub-let’ ဈေးကွက်လည်း ပေါ်ပေါက်နေသည်။

Source gcaptain 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)