Containers

ကွန်တိန်နာ သင်္ဘောအသစ်များ MSC ထပ်မံမှာကြားမည်

ကွန်တိန်နာ သင်္ဘောအသစ်များ MSC ထပ်မံမှာကြားမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပင်လယ်ရေကြောင်း ပို့ဆောင်ရေး သင်္ဘောလုပ်ငန်းကဏ္ဍသည် ကာဗွန်ထပ်တိုး မထုတ်လုပ်ရေးကို ရရှိရန် ပြင်ဆင်နေချိန်တွင် ကွန်တိန်နာသင်္ဘောလိုင်းများသည် ကွန်တိန်နာ ပို့ဆောင်ခနှုန်းထားများ နိမ့်ကျနေသည့် ဖိအားများ ရှိနေသော်လည်း LNG  ကဲ့သို့သော ကာဗွန် ထုတ်လွှတ်မှု နည်းပါးသည့် လောင်စာသုံး အင်ဂျင် တပ်ဆင်ထားသည့် သင်္ဘောအသစ်များ ဖြည့်တင်းနေကြသည်။ သမားရိုးကျ လောင်စာဆီနှင့် မီသနော သို့မဟုတ် LNG စသဖြင့် လေထုညစ်ညမ်းမှု နည်းသော လောင်စာတို့ဖြင့် ခုတ်မောင်းနိုင်သော  လောင်စာ ၂မျိုးသုံး dual-fuelled အင်ဂျင်တပ်ဆင်သည့် ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားကြသည်။

.

Mediterranean Shipping Company (MSC) သည် ကွန်တိန်နာသင်္ဘောအသစ်များ ထပ်မံ မှာကြားရန်အတွက် သင်္ဘောကျင်းများထံမှာ ဈေးနှုန်းများ စုံစမ်းမေးမြန်းထားသည်။

.

MSC သည် မီသနော သို့မဟုတ် LNG သုံးသည့် dual-fuelled ကွန်တိန်နာသင်္ဘော TEU8,000 အရွယ်အစား မှာကြားရန် ကိုးရီးယားနှင့် တရုတ်တို့မှ သင်္ဘောကျင်းများတွင် ဈေးနှုန်းများ ပေးပို့ရန် တောင်းခံထားသည်။ 

မှာကြားမည့် သင်္ဘော အရေအတွက် အတည်မပြုရသေးပါ။

.

MSC သည် 8,000 TEU LNG dual-fuelled ကွန်တိန်နာသင်္ဘော အစီး ၂၀ မှာကြားထားပြီး တည်ဆောက်ဆဲ ဖြစ်သည်။ 

Hyundai Heavy Industries တွင် ၆ စင်းကို ကုမ္ပဏီပိုင်အဖြစ် မှာကြားထားသည်။

DH Shipbuilding (ယခင် Daehan Shipbuilding) တွင် ၄ စီးကို Danaos Corporation ကာလရှည် ချာတာအတွက် မှာကြားထားသည်။

New Times Shipbuilding တွင် ၁၀ စင်း မှာကြားထားသည်။

၎င်းကွန်တိန်နာသင်္ဘော အစီး ၂၀ ကို ၂၀၂၄ နှင့် ၂၀၂၅ တို့တွင် ရရှိမည်။ 

.

8,000 TEU အရွယ်အစား ကွန်တိန်နာသင်္ဘောများသည် အာရှအရှေ့ဖျား- ပါရှန်းပင်လယ်ကွေ့ ခရီးစဉ်များအတွက် သင့်လျော်သည်။

 

MSC မှာကြားထားသည့် ကွန်တိန်နာသင်္ဘော စုစုပေါင်း ၁၂၂ စင်း ရှိနေပြီဖြစ်ပြီး TEU စုစုပေါင်း ၁ ဒသမ ၅၆ သန်း ရှိသည်။

 

Source Container News 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)