ကမ္ဘာ့ပထမဆုံး မီသနောလောင်စာသုံး ကွန်တိန်နာတင်သင်္ဘောအသစ် Maersk လွှဲပြောင်းရယူ
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel
ကမ္ဘာ့ပထမဆုံး မီသနောစွမ်းအင်သုံး ကွန်တိန်နာတင်သင်္ဘောကို လွှဲပြောင်းရယူကြောင်း Maerskက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကွန်တိန်နာသင်္ဘောသည် 2,100 TEU အထိ သယ်ယူနိုင်စွမ်းရှိပြီး feeder ကွန်တိန်နာသင်္ဘောအဖြစ် ပြေးဆွဲမည်ဖြစ်သည်။
Maersk က ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးသည့် ကွန်တိန်နာသင်္ဘော ၂၅ စင်း မှာကြားထားသည့်အထဲမှ ပထမဆုံးသင်္ဘောဖြစ်သည်။
၁၇၂ မီတာရှည်သော ၎င်းသင်္ဘောကို တောင်ကိုရီးယားရှိ Hyundai Mipo Dockyard ထံ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် မှာယူခဲ့သည်။
ဒိန်းမတ်တွင် မှတ်ပုံတင်ထားပြီး ဘောလတစ် ကုန်သွယ်ရေကြောင်းလမ်းတွင် ဥရောပနှင့် ဘာ့နီယာပင်လယ်အော်တို့အကြား ပြေးဆွဲမည်။
၎င်း feeder ကွန်တိန်နာသင်္ဘောကို လာမည့် စက်တင်ဘာလတွင် ကိုပင်ဟေဂင်မှာ အခမ်းအနားဖြင့် Laura Maersk ဟု အမည်ပေးမည်။
.
.
Maersk သည် မီသနောစွမ်းအင်သုံး ကွန်တိန်နာသင်္ဘော ၂၄ စီး မှာကြားထားည်။
Maersk သည် တောင်ကိုရီးယားမှ Hyundai Heavy Industries တွင် မီသနောစွမ်းအင်သုံး သင်္ဘော 16,000 TEU ၁၂ စင်း နှင့် 17,000 TEU ခြောက်စင်း မှာကြားထားပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တွင် ရရှိမည်။
တရုတ်မှ Yangzijiang Shipbuilding တွင် 9,000 TEU ၆ စင်း မှာကြားထားသည်။ ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တွင် ရရှိမည်။
Source gcaptain
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel