ကွန်တိန်နာသင်္ဘောလိုင်းကြီးများ ကွန်တိန်နာတင်သင်္ဘောအသစ် အစီး ၄၀ ကျော် သင်္ဘောကျင်းများတွင် မှာကြားထား
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel
ကွန်တိန်နာတင်သင်္ဘောလိုင်း ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Maersk၊ Evergreen နှင့် CMA CGM တို့သည် စုစုပေါင်း ကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ဖိုးရှိသော ကွန်တိန်နာ သင်္ဘော ၄၄ စင်း အမှာစာများ တင်ထားကြသည်။
Evergreen သည် 16,000 TEU ကွန်တိန်နာတင်သင်္ဘော ၂၄ စင်းဖြင့် အမှာစာများ၏ စုစုပေါင်းတန်ဖိုး အများဆုံး မှာကြားထားသူ ဖြစ်သည်။
တောင်ကိုရီးယားမှ သင်္ဘောကျင်း Samsung Heavy Industries၊ နှင့် ဂျပန်မှ သင်္ဘောကျင်း Nihon Shipyard တို့တွင် မှာကြားထားပြီး ၎င်းကွန်တိန်နာတင်သင်္ဘောအသစ်များကို ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တို့တွင် ရရှိမည်။
အဆိုပါသင်္ဘော ၂၄ စီးအတွက် ထိုင်ဝမ် ကွန်တိန်နာသင်္ဘောလိုင်း Evergreen သည် ကန်ဒေါ်လာ ၄ ဘီလီယံ ပေးချေရသည်။
Maersk သည် သင်္ဘောအသစ်မှာယူမှုများကို ပွင့်လင်းစွာဖြင့် အသိပေးလေ့ရှိသည်။
တရုတ်ပြည်မှ Yangzijiang Shipbuilding Group ထံတွင် အလယ်အလတ် အရွယ်အစား ကွန်တိန်နာသင်္ဘော ၆ စီးကို မှာယူထားကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။
9,000 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၆ စီး မှာကြားထားပြီး မီသနောနှင့် သမားရိုးကျ လောင်စာဆီများဖြင့် လည်ပတ်နိုင်သော လောင်စာနှစ်မျိုးသုံးအင်ဂျင် dual-fuel engine တပ်ဆင်မည် ဖြစ်သည်။
၎င်းကွန်တိန်နာတင်သင်္ဘောအသစ်များကို ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တို့တွင် ရရှိမည်။
ကွန်တိန်နာသင်္ဘော အသစ် ၆ စီးအတွက် Maersk သည် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ပေးချေရသည်။
လိုအပ်ပါက ၎င်းအရွယ်အစား ကွန်တိန်နာသင်္ဘော ၄ စီးကို ၎င်းအင်ဂျင်အမျိုးအစားဖြင့် ထပ်မံမှာကြားမည် ဖြစ်သည်။
Evergreen နှင့် Maersk တို့သည် ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသည့် လောင်စာအဖြစ် မီသနောကို ရွေးချယ်ထားသည်။ CMA CGM ကွန်တိန်နာသင်္ဘောလိုင်းက liquefied natural gas (LNG) ကို ရွေးချယ်သည်။
CMA CGM က 24,000 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော အသစ် ၁၀ စီးကို တရုတ်ပြည်မှ Jiangsu Yangzijiang သင်္ဘောကျင်းတွင် မှာကြားထားသည်။ ၂၀၂၆ ခုနှစ်တွင် ရရှိမည်။ ၎င်းသင်္ဘောများတွင် LNG နှင့် သမားရိုးကျ လောင်စာဆီများဖြင့် လည်ပတ်နိုင်သော လောင်စာနှစ်မျိုးသုံးအင်ဂျင် dual-fuel engine တပ်ဆင်မည် ဖြစ်သည်။
Source offshore energy
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel