Containers

CMA CGM ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာနိုင်

CMA CGM ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာနိုင်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

ပြင်သစ်မှ ကွန်တိန်နာသင်္ဘောလိုင်း CMA CGM သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းအဖြစ်သို့ ရောက်ရှိရန်အတွက် လက်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Maersk  ကို ကျော်တက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

 

သင်္ဘောအသစ်များ အများအပြား မှာကြားထားခြင်း၊ တပတ်ရစ်သင်္ဘောများ ဝယ်ယူခြင်းတို့ကြောင့် ကွန်တိန်နာသင်္ဘော စီးရေ တိုးလာသည်။

လက်ရှိတွင် CMA CGM သည် ကွန်တိန်နာသင်္ဘော ၆၂၅ စင်းဖြင့် ပြေးဆွဲနေသည်။ စုစုပေါင်း TEU မှာ ၃.၄၉ သန်း ရှိသည်။ သင်္ဘောကျင်းများတွင် တည်ဆောက်ဆဲ ကွန်တိန်နာသင်္ဘော ၁၂၂ စီး ရှိသည်။ ၎င်းတို့၏ စုစုပေါင်း TEU (တင်ဆောင်နိုင်သော ပေ ၂၀ ကွန်တိန်နာခုရေ twenty-foot equivalent unit) မှာ ၁.၂၄ သန်း ဖြစ်ပါသည်။

Maersk ၏ စုစုပေါင်း TEU မှာ ၄.၁၄ သန်း ဖြစ်ပါသည်။ တည်ဆောက်ဆဲ ကွန်တိန်နာသင်္ဘော ၃၂ စင်း ရှိပြီး စုစုပေါင်း TEU မှာ ၄ သိန်း ဖြစ်ပါသည်။ 

 

Mediterranean Shipping Company (MSC) သည် ၂၀၂၂ ခုနှစ်တွင် ပထမနေရာတွင်ရှိနေခဲ့သည့် Maersk ကို ကျော်တက်ပြီး ပထမနေရာကို ရယူခဲ့သဖြင့် Maersk သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

Maersk သည် တပတ်ရစ်သင်္ဘောများ ဝယ်ယူခြင်း မပြုချေ။ အသစ်တည်ဆောက်သည့် သင်္ဘောများ ရရှိပြီးချိန် ၂၀၂၆ ခုနှစ်တွင် စုစုပေါင်း TEU ၄.၅၄ သန်း ရှိမည် ဖြစ်သည်။

CMA CGM သည် စုစုပေါင်း TEU ၄.၇၃ သန်း ရှိမည် ဖြစ်သည်။

 

CMA CGM သည် TEU ၁ သန်း မိုင်တိုင်ကို ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဖြတ်ကျော်ခဲ့သည်။

၇ နှစ်ကြာပြီးချိနိ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် TEU ၂ သန်း မိုင်တိုင်ကို CMA CGM ဖြတ်ကျော်ခဲ့သည်။

ထိုစဉ်ကာလက CMA CGM သည် Neptune Orient Lines (APL) ကွန်တိန်နာသင်္ဘောလိုင်းကို ဝယ်ယူခဲ့သဖြင့် TEU ၁.၇၉ သန်းမှ TEU ၂.၃၄ သန်းသို့ ခုန်တက်သွားခဲ့ပြီး TEU ၂ သန်း မိုင်တိုင်ကို ကျော်သွားသည်။

 

ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခများ ခေါက်ခိုက်အောင် မြင့်တက်ပြီး အမြတ်စံချိန်သစ်တင် ရရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစ၍ တပတ်ရစ်သင်္ဘောများကို CMA CGM တရကြမ်း ဝယ်ယူခဲ့သည်။ ကွန်တိန်နာသင်္ဘော အရွယ်အစား အမျိုးမျိုး စုစုပေါင်း TEU ၄၂၇,၀၀၀ ဝယ်ယူခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် နှစ်ဆန်းမှစ၍ ချာတာအငှား အစီးရေ ၁၇၀ ငှားရမ်းပြီး ပြေးဆွဲသည်။ 

 ယခုမှ ၂၀၂၄ နှစ်ကုန်အထိ ကာလအတွင်း သင်္ဘောအသစ်များ စုစုပေါင်း TEU ၅ သိန်းဝန်းကျင် လက်ခံရရှိမည်။

 

Source container news

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times
Rate this item
(0 votes)