Containers

Evergreen မီသနော လောင်စာ ရွေးချယ်

Evergreen  မီသနော လောင်စာ ရွေးချယ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာသင်္ဘောလိုင်း ၁၀ ခုအနက်မှ တစ်ခုဖြစ်သည့် Evergreen သည် အနာဂတ်အတွက် လောင်စာအဖြစ် မီသနောကို ရွေးချယ်ပါသည်။

 မီသနောနှင့် သမားရိုးကျလောင်စာ ၂ မျိုးသုံး dual-fuel ကွန်တိန်နာသင်္ဘောအသစ် ၂၄ စီးကို ကန်ဒေါ်လာယံနှင့်ချီ၍ သုံးစွဲကာ သင်္ဘောကျင်းများတွင် အမှာစာ တင်ထားပါသည်။ အဆိုပါ ကွန်တိန်နာသင်္ဘောအသစ် ၂၄ စီး အရွယ်အစားမှာ ၁၆၀၀၀ teu အရွယ်အစား ဖြစ်ပါသည်။

 ထိုင်ဝမ်မှ ကွန်တိန်နာသင်္ဘောလိုင်း Evergreen သည် ဂျပန်နိုင်ငံမှ Nihon Shipyard သင်္ဘောကျင်းတွင် ကွန်တိန်နာသင်္ဘော အသစ် ၈ စီးကို လည်းကောင်း၊ တောင်ကိုရီးယားမှ Samsung Heavy Industries သင်္ဘောကျင်းတွင် ကွန်တိန်နာသင်္ဘော အသစ် ၁၆ စီးကို လည်းကောင်း အမှာစာ တင်ထားပါသည်။

 

Evergreen ကွန်တိန်နာသင်္ဘောလိုင်းသည် ကမ္ဘာ့ ဆဌမ အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းအဖြစ် ရပ်တည်နေပါသည်။ 

အဆိုပါ ၁၆၀၀၀ teu အရွယ်အစား ကွန်တိန်နာသင်္ဘော အသစ် ၂၄ စီးအတွက် တစ်စီးလျှင် ကန်ဒေါ်လာ သန်း ၁၈၀ မှ ၂၁၀ အထိ သုံးစွဲပါသည်။ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၅.၀၄ ဘီလီယံ ဖြစ်ပါသည်။

Source Splash247

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)