Containers

တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ ဈေးထိုးကျ

တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ ဈေးထိုးကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ၏ ပေါက်ဈေးများ  ၅၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်းကြား ကျဆင်းသွားသည်။

လာမည့်လများတွင် ထပ်မံကျဆင်းဦးမည်ဟု ခန့်မှန်းထားသည်။

 

ဇူလိုင်လ လဆန်းပိုင်းတွင် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောများ၏ ပေါက်ဈေးများ တည်ငြိမ်လာသည့် လက္ခဏာများ တွေ့ခဲ့ကြသည်။

သို့သော် ဇူလိုင်လလယ်ပိုင်းတွင် ‌ပင်လယ်ရေကြောင်း ကွန်တိန်နာပို့ဆောင်ရေးကဏ္ဍတွင် ပို့ဆောင်ရန် ကွန်တိန်နာများ ကျေနပ်စရာ ဖြစ်လောက်အောင် မရှိချေ။

ပို့ဆောင်ခများလည်း ဈေးကျသည်။

ကွန်တိန်နာသင်္ဘောအသစ်များကလည်း သင်္ဘောကျင်းများမှ ပင်လယ်ရေကြောင်း ကွန်တိန်နာပို့ဆောင်ရေးကဏ္ဍထဲသို့ ရောက်ရှိလာနေသည်။

ကွန်တိန်နာသင်္ဘော ချာတာအငှားဈေးကွက်သည်လည်း အားပျော့နေသည်။ 

 

တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော အရောင်းအ၀ယ်ဈေးကွက်သည် စင်းလုံးငှားစျေးကွက်နှင့်အညီ အတက်အကျ ဖြစ်ပေါ်သည်။ စင်းလုံးငှားစျေးကွက် အေးနေလျှင် အရောင်းအဝယ်ဈေးကွက်လည်း အရောင်းအဝယ် ပါးသည်။

 

ကျဆင်းနေသော တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောပေါက်ဈေးများအပေါ်  ပွဲစားလုပ်ငန်း Braemar က မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် သုံးသပ်တင်ပြခဲ့သည်။

 

“စီးပွားရေး မသေချာမရေရာမှုတွေ ကြီးထွားလာပြီး လျင်မြန်စွာ အားပျော့လာသည့်  စင်းလုံးငှားစျေးကွက်တို့ကြောင့် တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘောပေါက်ဈေးများ ဈေးထိုးကျသွားခဲ့သည်" ဟု သုံးသပ်ထားသည်။

 

Splash247

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)