၁ နှစ်ခွဲကြာ ယူကရိန်းမှာ ပိတ်မိနေသည့် ဟောင်ကောင်သင်္ဘော အရဲစွန့် ခရီးစဉ် စတင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ယူကရိန်းနိုင်ငံ အိုဒီစာ ဆိပ်ကမ်းမှာ ပိတ်မိနေသည့် သင်္ဘောများအနက် အရဲစွန့်ခရီးစဉ်ကို ဟောင်ကောင်အလံတင် သင်္ဘောတစ်စီးက ပထမဆုံးအဖြစ် စတင်လိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်စတင်ဖြစ်ပွားခဲ့ကတည်းက ယူကရိန်း ဆိပ်ကမ်းများတွင် ပိတ်မိနေသော နိုင်ငံတကာသင်္ဘော အများအပြားကို ပင်လယ်နက် ဖြတ်သန်းသည့် ခရီးစဉ်ဖြင့် ထွက်ခွာရန်အတွက် ယူကရိန်းက မကြာသေးခင်က 'လူသားချင်း စာနာထောက်ထားမှု စင်္ကြံ' ရေလမ်းခရီး လမ်းကြောင်းကို ကြေညာခဲ့သည်။
သက်တမ်း ၁၀ နှစ်ရှိ 9,400 teu အရွယ်အစား ကွန်တိန်နာသင်္ဘော Joseph Schulte သည် 'လူသားချင်း စာနာထောက်ထားမှု စင်္ကြံ' ကို အဦးဆုံး စမ်းသပ်ခုတ်မောင်းသည့် သင်္ဘော ဖြစ်သဖြင့် အများက စိတ်ဝင်တစားဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။
ဟောင်ကောင်အလံတင် Joseph Schulte ကို Chinese bank နှင့် Schulte Group တို့က ပိုင်ဆိုင်သည်။ Bernhard Schulte Shipmanagement (BSM) စီမံခန့်ခွဲပြီး ပြေးဆွဲသည်။ Gard ထံမှာ အာမခံ ထားရှိသည်။
သင်္ဘောပေါ်တွင် ကွန်တိန်နာ ၂,၁၁၄ လုံး တင်ဆောင်ထားသည်။
ယူကရိန်းဆိပ်ကမ်းများတွင် ပိတ်မိနေသည့် သင်္ဘော ၆၀ စီး ဝန်းကျင် ရှိနေသည်။
Joseph Schulte သည် အိုဒီစာ ဆိပ်ကမ်းမှာ ပိတ်မိနေသည်မှာ ရက်ပေါင်း ၅၃၉ ရက် ရှိပြီဖြစ်သည်။
ဩဂုတ်လ ၁၆ ရက် မနက် ၅ နာရီတွင် စတင်ထွက်ခွာသည်။ ယူကရိန်း၊ ရိုမေးနီးယားနှင့် တူရကီတို့၏ ပိုင်နက်ရေပိုင်နက်တို့မှတစ်ဆင့် ပင်လယ်နက်ကို ဖြတ်သန်းပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်သို့ ဦးတည်သွားမည်ဖြစ်သည်။
ယူကရိန်းသည် လွန်ခဲ့သည့်တစ်နှစ်ခွဲကြာ စစ်ပွဲဖြစ်ပွားပြီးကတည်းက ၎င်း၏ဆိပ်ကမ်းများတွင် ပိတ်မိနေသည့် ကုန်သည်သင်္ဘောများကို လွှတ်ပေးရန် လွန်ခဲ့သည့် တပတ်က ပင်လယ်နက်တွင် ယာယီစင်္ကြံတစ်ခုအဖြစ် 'လူသားချင်း စာနာထောက်ထားမှု စင်္ကြံ'ကို ကြေညာခဲ့သည်။
၎င်းစင်္ကြံသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှား၏ ရေတပ်ပိတ်ဆို့ခြင်းနှင့် ယူကရိန်း ဆိပ်ကမ်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
ရေမြှုပ်မိုင်းများ၊ ရုရှားရေတပ်မှ ပစ်ခတ်တိုက်ခိုက်သည့် အန္တရာယ်များကြားမှာ အရဲစွန့် ခုတ်မောင်းရသည့် စင်္ကြံ ဖြစ်သည်။
Source splash247
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL