Containers

ထိုင်း ကွန်တိန်နာသင်္ဘောလိုင်း RCL သင်္ဘောအိုများ ရောင်းထုတ်မည်

ထိုင်း ကွန်တိန်နာသင်္ဘောလိုင်း RCL သင်္ဘောအိုများ ရောင်းထုတ်မည်

To Get Instant Update
https://t.me/Guid4U

ထိုင်း စတော့အိတ်ချိန်းစာရင်းဝင်  Regional Container Lines (RCL)သည် ၎င်း၏ ရေယာဉ်စုမှ သင်္ဘောအိုများ ရောင်းထုတ်ပစ်ပြီး သင်္ဘောအသစ်များ ဖြည့်ထည့်မည့် အစီအစဉ်ကို အကောင်အထည်ဖော်နေသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် RCL သည် သက်တမ်း ၂၅ နှစ်ကျော်သည့် သင်္ဘောနှစ်စီးကို ရောင်းချခဲ့ပြီး ၂၀၂၃ တတိယ၃လပတ်တွင် ဝယ်ယူသူထံ လွဲပြောင်းပေးအပ်မည် ဖြစ်သည်။

နောက်ထပ် သင်္ဘောအိုများကိုလည်း အခါအားလျော်စွာ ရောင်းချသွားမည် ဖြစ်သည်။

 

feeder နှင့် အာရှဒေသတွင်း ခရီးစဉ်များ ပြေးဆွဲသော RCL သည် ၂၀၂၃ ဒုတိယ ၃ လပတ်တွင် အသားတင်အမြတ် ဘတ် ၅၇၆ သန်း ရရှိခဲ့သည်။ ပထမ ၃ လပတ်တွင် ဘတ် ၉၁၃ သန်း ရရှိခဲ့သည်ထက် လျော့ကျသည်။ 

 

၂၀၂၃ ခုနှစ်တွင် ပို့ဆောင်ခနှုန်းထားများသည် ပေ ၂၀ ကွန်တိန်နာ တစ်လုံးအတွက် ပထမ ၃ လပတ်တွင် $394 ရှိခဲ့ရာမှ ဒုတိယ ၃ လပတ်တွင် $353 သို့ ကျဆင်းသွားသည်ဟု RCL က ပြောကြားသည်။ 

 

Source seattade maritime 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)