ကွန်တိန်နာသင်္ဘောလိုင်းများ ဝင်ငွေ ကျဆင်းနေသော်လည်း ကွန်တိန်နာသင်္ဘောအသစ်များ စံချိန်တင် တိုးများလျက်ရှိ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍတွင် ပို့ဆောင်သည့် ပမာဏနှင့် ပို့ဆောင်ခ နှုန်းထားများ အကျဘက် ရောက်ရှိနေသဖြင့် ကွန်တိန်နာသင်္ဘောလိုင်းများ ဝင်ငွေနှင့် အသားတင်ဝင်ငွေ လျော့ကျနေချိန်တွင် သင်္ဘောကျင်းများတွင် မှာကြားထားသော ကွန်တိန်နာသင်္ဘော အသစ်များ တည်ဆောက်ပြီးစီးပြီး ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍထဲသို့ စံချိန်တင် ပမာဏဖြင့် ဝင်ရောက်လာနေဆဲ ဖြစ်သည်။
ကုန်သွယ်မှုအဖွဲ့ BIMCO ၏ လေ့လာဆန်းစစ်ချက်အရ ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍတွင် သင်္ဘောအသစ်များ ဝင်လာခြင်းကြောင့် ကဏ္ဍတစ်ခုလုံးအနေဖြင့် ပို့ဆောင်ပေးနိုင်သည့် စုစုပေါင်း ပမာဏ TEU သည် စံချိန်တင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် လေးပုံတစ်ပုံကျော် ပိုများမည်ဟု ခန့်မှန်းထားသည်။
"၂၀၂၃ ခုနှစ်၏ ပထမ ၇ လတာ ကာလအတွင်းကွန်တိန်နာသင်္ဘောအသစ်များ လက်ခံရရှိခဲ့သည်မှာ စံချိန်သစ် ဖြစ်သည့် TEU ၁.၂ သန်းသို့ ရောက်ရှိခဲ့သည်။ ယခင် စံချိန်ဟောင်း TEU ၀.၂ သန်းထက် အပြတ်အသတ် ပိုများသည်"ဟု BIMCO မှ ဆန်းစစ်ရေးမှူးချုပ် Niels Rasmussen က အစီရင်ခံစာတွင် ရေးသားထားသည်။ သင်္ဘောအိုများ ဖျက်သိမ်းခြင်း နည်းပါးနေသဖြင့် ကမ္ဘာ့ ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍတွင် ပို့ဆောင်ပေးနိုင်သည့် TEU စုစုပေါင်းတွင် အလျော့ထက် အတိုးက သိသိသာသာ ပိုများနေသည်။
Maersk, CMA CGM, Hapag-Lloyd အပါအဝင် ကွန်တိန်နာသင်္ဘောလိုင်းကြီးများသည် ၂၀၂၃ ပထမနှစ်ဝက် အစီရင်ခံစာတွင် ဝင်ငွေ သိသိသာသာ လျော့ကျကြောင်း ဖော်ပြထားကြသည်။ ယခင် အမြတ်ကြီးကြီးမားမား ရခဲ့ကြစဉ်ကတည်းက ကွန်တိန်နာသင်္ဘော အသစ်များ မှာကြားခဲ့ကြရာ ကွန်တိန်နာသင်္ဘော အသစ်များသည် ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍထဲသို့ ဆက်လက် ရောက်ရှိလာနေကြဦးမည် ဖြစ်သည်။
Hapag-Lloyd သည် အလွန်တရာ ကြီးမားသော ကွန်တိန်နာသင်္ဘောကြီးများ ၆ စီး မှာကြားထားသည့်အနက် ဒုတိယမြောက် 23,664 TEU အရွယ်အစား ကွန်တိန်နာသင်္ဘောအသစ်ကို တောင်ကိုရီးယားသင်္ဘောကျင်းထံမှ လက်ခံရယူခဲ့သည်။
OOCL နှင့် MSC တို့သည်လည်း 24,000 TEU ကျော်သည့် အရွယ်အစား ကွန်တိန်နာသင်္ဘောအသစ်များ လက်ခံရယူခဲ့ကြသည်။
MSC အပါအဝင် ကွန်တိန်နာသင်္ဘောလိုင်း အချို့သည့် ကွန်တိန်နာသင်္ဘောအသစ်များ ထပ်မံမှာကြားခဲ့ကြသည်။
BIMCO က ၂၀၂၃ ခုနှစ်တွင် TEU ၂.၄ သန်း ထပ်တိုးမည်။ ၂၀၂၄ ခုနှစ်တွင် TEU ၂.၉ သန်း ထပ်တိုးမည်ဟု တွက်ချက်ခန့်မှန်းထားသည်။
Source marine insight
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL