Containers

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် Evergreen ကို ONE ကျော်တက်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် Evergreen ကို ONE ကျော်တက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ကွန်တိန်နာတင်သင်္ဘောကဏ္ဍ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အနည်းငယ် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ယာယီအားဖြင့် အဆင့်ပြောင်းလဲခြင်း ဖြစ်ကောင်းဖြစ်မည်။

 

ဂျပန်မှကွန်တိန်နာသင်္ဘောလိုင်း Ocean Network Express (ONE) သည် ထိုင်ဝမ်မှ ကွန်တိန်နာသင်္ဘောလိုင်းEvergreen ၏ နေရာကို ဝင်ယူလိုက်သည်။

photo_2023-09-02_21-04-01.jpg

 

 

 ONE မှ ကွန်တိန်နာသင်္ဘောများ၏ စုစုပေါင်း teu သည် Evergreen ထက် ၈,၀၀၀ ပိုများသွားသည်ဟု Alphaliner က အချက်အလက် ထုတ်ပြန်သည်။

 သို့ဖြစ်ရာ ONE သည် Evergreen ရပ်တည်နေခဲ့သည့် ကမ္ဘာ့ ဆဌမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း နေရာကို ရရှိသွားသည်။

 

သို့သော် Evergreen သည် ကွန်တိန်နာသင်္ဘော အသစ်များ မှာကြားထားသည်။ ၎င်းကွန်တိန်နာသင်္ဘောများ လက်ခံရရှိသည့်အခါ ဆဌမနေရာကို ပြန်လည်ရရှိမှာ သေချာသည့်အပြင် ပဉ္စမနေရာမှ Hapag-Lloyd ကွန်တိန်နာသင်္ဘောလိုင်းကိုပင်လျှင် ကျော်တက်ပြီး ပဉ္စမနေရာကို ရသွားနိုင်သည်။

Hapag-Lloyd သည် တောင်ကိုရီးယားမှ သင်္ဘောလိုင်း HMM ကို ဝယ်ယူရန် အဆိုပြုထားသည်။

 


တောင်ကိုရီးယား သင်္ဘောလိုင်း HMM ကို ဝယ်ယူသိမ်းပိုက်ရန် ဂျာမနီသင်္ဘောလိုင်း Hapag-Lloyd စိတ်ဝင်စား

https://www.logisticsguide.com.mm/en/knowledge/tips/227470-hmm.html


 

ယခုနှစ်ကုန်ပိုင်းတွင် ဝယ်ခွင့်ရမရ အဖြေပေါ်မည်။ အကယ်၍ HMM ကို Hapag-Lloyd က ဝယ်ယူခွင့် ရရှိသည်ဆိုလျှင် Hapag-Lloyd ၏ teu စုစုပေါင်းမြင့်တက်သွားပြီး ပဉ္စမနေရာတွင် အခိုက်အမာ ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သည်။

 

 ကမ္ဘာ့ ထိပ်တန်း(၁၀) ကွန်တိန်နာသင်္ဘောလိုင်း စာရင်းတွင် အဆင့် အပြောင်းအလဲများ ရှိခဲ့သည်။

၂၀၂၁ တ‌ွင် ကမ္ဘာ့ ထိပ်တန်း(၁၀) ကွန်တိန်နာသင်္ဘောလိုင်း စာရင်းကို အပိုင်း ၃ ပိုင်း ပိုင်းခြားနိုင်သည်။ ထိပ်ဆုံး ၄ လိုင်း၊ အလာ်အလတ် ၃ လိုင်းနှင့် teu ၁ သန်းအောက် ၃ လိုင်းတို့ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခွဲအတွင်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

Mediterranean Shipping Co (MSC) သည် Maersk ကို ကျော်တက်သည်။ ထိပ်ဆုံး ပထမ နေရာကို ရယူသည်။ တတိယနေရာတွင် ရှိနေသည့် CMA CGM က  Maersk ကို မီလာသည်။

စတုတ္ထနေရာတွင် ရှိနေသည့် COSCO သည် တတိယနေရာမှ  CMA CGM နှင့် ပိုဝေးကွာသွားသည်။

 

Source splash247


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)