ရုရှားတွင် ကွန်တိန်နာအလွတ် ၁၅၀,၀၀၀ စုပုံနေ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
လက်ရှိတွင် ရုရှားတွင် ပိုလျှံေနသော ပင်လယ်ရေကြောင်းသုံး ကွန်တိန်နာအလွတ် ၁ သိန်းခွဲဝန်းကျင်အထိ ရှိလာပြီး ရထားပို့ဆောင်ရေး ဝင်းများတွင် ထားသိုရန် နေရာအတွက် အခက်ကြုံနေကြသည်။
တရုတ်ပြည်မှ ကုန်စည်များ တင်ပို့သည့် ကွန်တိန်နာများ ပိုများလာသည့်အလျောက် အဝင်က များပြီး အထွက်က နည်းနေသည့်အတွက်ကြောင့် ကွန်တိန်နာအလွတ်များ စုပုံနေသည့် အခြေအနေ ပိုဆိုးဝါးလာနေသည်ဟု ဂျာမနီနိုင်ငံ ဟမ်ဘတ်မြို့အခြေစိုက် ကွန်တိန်နာ ကုန်သွယ်မှု ပလက်ဖောင်း Container xChange က အချက်အလက် ထုတ်ပြန်သည်။
“တရုတ်ကနေ ရုရှားနိုင်ငံထဲကို ကုန်စည်ပို့ဆောင်မှုတွေ သိသိသာသာ များလာပေမယ့် ရုရှားကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ အလွန်ရှားပါတယ်”ဟု Container xChange တွဲဖက်တည်ထောင်သူနှင့် စီအီးအို Christian Roeloffs က အစီရင်ခံစာတွင် ပြောကြားထားသည်။
၎င်းသည် ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှမှု မြင့်မားခြင်းကြောင့် ကွန်တိန်နာ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအပေါ် ကြီးမားစွာ ထိခိုက်နစ်နာစေပါသည်ဟု ၎င်းက သုံးသပ်သည်။
ရုရှားတွင် ကွန်တိန်နာများ တောင်ပုံရာပုံ စုပုံနေခြင်းသည် ပထဝီဝင်စီးပွားရေးကြောင့်ဟု ဆိုနိုင်သည်။
ယူကရိန်းကို ကျူးကျော်စစ် ရုရှားဆင်နွှဲသည့်အတွက် အနောက်နိုင်ငံများက ရုရှားနှင့် ကုန်သွယ်မှုများ ဖြတ်တောက်ကာ အရေးယူ ဆောင်ရွက်ကြသည်။ ထိုအခါ ရုရှားသည် ၎င်းနှင့် သဟဇာတဖြစ်သော တရုတ်နှင့် ကုန်သွယ်မှု တိုးသွားသည်။
Container xChange ၏ အဆိုအရ တရုတ်-ရုရှား ကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၂၈၅ ဘီလီယံအထိ ဖြစ်လာခဲ့ပြီး ယခုနှစ်တွင် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်မည် ဖြစ်သည်။
တရုတ်မှ ကုန်စည်များ သယ်ဆောင်လာသည့် ကွန်တိန်နာအလွတ်များ ရုရှားတွင် စုပုံနေပြီး ပိုများလာနေသဖြင့် ရုရှား တပတ်ရစ် ကွန်တိန်နာဈေးကွက်တွင် တပတ်ရစ် ကွန်တိန်နာများ ဈေးနှုန်း ကျဆင်းသည်။ ကမ္ဘာ့ပေါက်ဈေး၏ ထက်ဝက်ဈေး အောက်သို့ ကျဆင်းသည်။
ပုံမှန် ပေ ၄၀ ကွန်တိန်နာထက် အနည်းငယ် ပိုကြီးသည့် ပေ ၄၀ ကွန်တိန်နာ အမြင့် “high cube” ဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် $4,175 ပေါက်ဈေး ရှိခဲ့ပြီး ယခုအခါ $580 သို့ ကျဆင်းနေသည်။
Container xChange ၏ အချက်အလက်များအရ ကွန်တိန်နာအသစ် ဈေးနှုန်းသည် ရုရှားက ယူကရိန်းကို မကျူးကျော်ခင်တွင် $4,309 ရှိခဲ့ပြီး ယခုအခါ $1,450 သို့ ကျဆင်းသည်။
တရုတ် အကောက်ခွန်ဌာနမှ အချက်အလက်များအရ ရုရှား-တရုတ် ကုန်သွယ်မှုတန်ဖိုးသည် ယခုနှစ် ပထမ ၇ လတွင် ကန်ဒေါ်လာ ၁၃၄.၁ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။
Source Bloomberg, themoscowtimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL