Maersk ကွန်တိန်နာသင်္ဘောများ Starlink ဂြိုဟ်တုအင်တာနက် တပ်ဆင်မည်
https://t.me/Guid4U
JOIN THE CHANNEL
ဂျာမန်ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd က ၎င်း၏ ကွန်တိန်နာသင်္ဘောများတွင် SpaceX ၏ Starlink ဂြိုဟ်တုအင်တာနက် တပ်ဆင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအကြာမှာ ဒိန်းမတ်ကွန်တိန်နာသင်္ဘောလိုင်း Maersk ကလည်း Starlink ဂြိုဟ်တုအင်တာနက်ကို ၎င်း၏ ကွန်တိန်နာသင်္ဘော အစီး ၃၃၀ ကျော်မှာ တပ်ဆင်တော့မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။
Starlink အင်တာနက်ဝန်ဆောင်မှုကို လာမည့်နှစ် ပထမသုံးလပတ်တွင် အပြီးသတ် တပ်ဆင်ရန် မျှော်မှန်းထားကြောင်း Maersk မှ ပြောကြားသည်။
Starlink ဂြိုလ်တုကွန်ရက်သည် သင်္ဘောများပေါ်တွင် အသုံးပြုရန်အတွက် အင်တာနက်အမြန်နှုန်း 200 Mbps (Megabits per second) ကျော် ရရှိမည် ဖြစ်သည်။
A.P. Moller-Maersk သည် ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပြီး ဈေးကွက်ဝေစု ၁၇% ဝန်းကျင် ရရှိထားသည်။
“မြန်နှုန်းမြင့် အင်တာနက် ချိတ်ဆက်မှု ရရှိတာကြောင့် သင်္ဘောသားတွေဟာ ပင်လယ်ထဲ ရောက်နေပေမဲ့ သူတို့ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ် ရှိနေကြမှာပါ" ဟု Maersk ၏ ရေယာဉ်စု စီမံခန့်ခွဲရေးနှင့် နည်းပညာ အကြီးအကဲ Leonardo Sonzio က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
Starlink သည် ဂြိုလ်တုပေါင်း ၅,၀၀၀ ကျော်ကို ကမ္ဘာ့ပတ်လမ်းအနိမ့်သို့ လွှတ်တင်ပြီး ကမ္ဘာ့နေရာအနှံ့ လွှမ်းခြုံထားသော ကမ္ဘာ့အင်တာနက် ဆက်သွယ်ရေး ကွန်ရက် ဖြစ်ပါသည်။
Starlink သည် စစချင်းတွင် အိမ်သုံးအဖြစ် ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ရောင်းချခဲ့သည်။ ယခုအခါ လစဉ်ကြေးဖြင့် သုံးစွဲသူ ၂ သန်းကျော်သွားပြီ ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် လုပ်ငန်းသုံး ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ရောင်းချခဲ့ရာ လေယာဉ်သုံးနှင့် ရေယာဉ်သုံး ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများ ပါဝင်သည်။
Maersk ကွန်တိန်နာသင်္ဘော အစီး ၃၀ တွင် Starlink ကို စမ်းသပ်သုံးစွဲခဲ့ရာ အားရကျေနပ်မှု ရရှိခဲ့သဖြင့် ကျန်သည့် ကွန်တိန်နာသင်္ဘောများတွင် တပ်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။
Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL