အစ္စရေးသို့ ပို့ဆောင်ပေးရသည့် ကွန်တိန်နာများအတွက် Evergreen က မလွန်ဆန်နိုင်သောအဖြစ် ကြေညာ
TO GET INSTANT UPDATE
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်ဝမ် ကွန်တိန်နာ သင်္ဘောလိုင်း Evergreen သည် ၎င်း၏ ကွန်တိန်နာသင်္ဘော Ever Cozy သည် ဘေးအန္တရာယ် စိုးရိမ်စရာများကြောင့် အစ္စရေးနိုင်ငံ အက်ရှ်ဒေါ့ Ashdod ဆိပ်ကမ်းသို့ ပို့ဆောင်ရမည့် ကွန်တိန်နာများကို အစ္စရေးနိုင်ငံ Hifa ဆိပ်ကမ်းတွင် ချပေးရန် လမ်းကြောင်းပြောင်းလဲခဲ့ပြီး မလွန်ဆန်နိုင်သောအဖြစ် force majeure ကြေညာပါသည်။
Ever Cozy သည် အင်္ဂါနေ့(အောက်တိုဘာ ၁၇)တွင် လမ်းကြောင်းပြောင်းပြီး ဟိုင်ဖာဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းပါသည်။
ဟားမတ်စ် အစ္စလာမ္မစ် အစွန်းရောက်များက အစ္စရေးကို အောက်တိုဘာလ ၇ ရက်တွင် စတင်တိုက်ခိုက်ပြီးနောက် ပထမဆုံးကြေညာခဲ့ရသည့် မလွန်ဆန်နိုင်သောအဖြစ် force majeure ဖြစ်ပါသည်။
"အောက်တိုဘာလ ၇ ရက်ကတည်းက အက်ရှ်ဒေါ့ ဆိပ်ကမ်းသည် ဘေးမကင်းသော အခြေအနေရှိနေသည်။ ယင်းအခြေအနေသည် Evergreen Line ထိန်းကျောင်းပေးနိုင်သည်ထက် ကျော်လွန်နေသောကြောင့် ကျွန်ုပ်တို့သည် မလွန်ဆန်နိုင်သောအဖြစ်ကို တရားဝင်ကြေညာသည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“အစ္စရေးနိုင်ငံ Ashdod သို့ ပေးပို့ရမည့် ကုန်စည်အားလုံးကို အစ္စရေးနိုင်ငံ ဟိုင်ဖာဆိပ်ကမ်းမှာ ကုန်ချမည်။ ယင်းနောက် ကုန်စည်ပို့ဆောင်ရေး စာချုပ်ကို ပြီးပြတ်ပြီဖြစ်ကြောင်း သတ်မှတ်သည်။ သင်္ဘောလိုင်းက ယူထားရသည့် တာဝန်များ အားလုံးလည်း ပြီးဆုံးကြောင်း သတ်မှတ်သည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အက်ရှ်ဒေါ့ ဆိပ်ကမ်းမှာ ဖွင့်ထားဆဲ ဖြစ်ပါသည်။ သို့သော် မီးလောင်လွယ် ကုန်စည်၊ ပေါက်ကွဲစေသော ကုန်စည်အပါအဝင် အန္တရာယ်ရှိသောကုန်ပစ္စည်းများ hazardous goods များ ပို့ဆောင်ခြင်း မပြုရန် တားမြစ်ထားသည်။ ထို့ပြင် ဒုံးကျည် ကျရောက်နိုင်ကြောင်း သတိပေးတပ်လှန့်သည့် ဥဩဆွဲသံများ ဆူညံနေသည်။
ရေနံတင်သင်္ဘောတစီး အပါအဝင် သင်္ဘော သုံးစီးသည် ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် အလှည့်ကျမည့်အချိန်ကို ကမ်းလွန်တွင် ကျောက်ချပြီး စောင့်နေကြသည်။ ဆိပ်ကမ်းတွင် ကွန်တိန်နာသင်္ဘောများ အပါအဝင် သင်္ဘော ၁၀ စီး ကုန်တင်ကုန်ချနေကြသည်။
စစ်ဘေးရှောင်ကြသဖြင့် ဟိုင်ဖာ ဆိပ်ကမ်းတွင် သင်္ဘောများ စုပြုံရောက်ရှိနေသည်။ ဆိပ်ကမ်းကပ်ရန် ကျောက်ချစောင့်ဆိုင်းနေသည့် သင်္ဘော ၁၆ စီး ရှိသည်။
အက်ရှ်ဒေါ့နှင့် ဟိုင်ဖာတို့သည် အစ္စရေး၏ အဓိကကျသည့် ပင်လယ်ဝင်ပေါက် ဆိပ်ကမ်းများ ဖြစ်သည်။
စစ်ဘေးအန္တရာယ် ရေကြောင်းအာမခံ နှုန်းထားများ ယခင်ကထက် ၁၀ ဆ မြင့်တက်သွားသည်။
Source gcaptain
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL