Containers

ဘင်္ဂလားဒေ့ရှ်မှ ကွန်တိန်နာများအတွက် ပို့ဆောင်ခ Hapag Lloyd တိုးမြှင့်သတ်မှတ်

ဘင်္ဂလားဒေ့ရှ်မှ ကွန်တိန်နာများအတွက် ပို့ဆောင်ခ Hapag Lloyd တိုးမြှင့်သတ်မှတ်

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျာမနီ အခြေစိုက် ကွန်တိန်နာသင်္ဘောကုမ္ပဏီ Hapag-Lloyd သည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်မှ ကွန်တိန်နာ ပို့ဆောင်ခကို ကွန်တိန်နာ တစ်လုံးလျှင် ကန်ဒေါ်လာ ၂၀၀ တိုးမြှင့်ခဲ့သည်။

အဆိုပါ တိုးမြှင့်ခြင်းသည် မြောက်ဥရောပနှင့် တောင်ဥရောပသို့ တင်ပို့မည့် ချုပ်ထည်များ ပါသည့်ကွန်တိန်နာများအတွက် စရိတ်စက ကြီးလေးစေသည်ဟု ဘင်္ဂလားဒေ့ရှ်မှ အထည်ချုပ်လုပ်ငန်းများက ဆိုသည်။

 

ပေ ၂၀  ရှည်သော ကွန်တိန်နာတစ်လုံးအတွက် မြောက်ဥရောပသို့ ပို့ဆောင်ခသည် ယခင်က $469 ဖြစ်ပြီး ယခုအခါ $659 သို့ မြင့်တက်သွားသည်။

တောင်ဥရောပသို့ ပို့ဆောင်ခသည်လည်း မြင့်တက်သွားသည်။ ယခင်က $711 ဖြစ်ပြီး ယခုအခါ $911 သို့ မြင့်တက်သွားသည်

 

ပေ ၄၀ ရှည်သော ကွန်တိန်နာတစ်လုံးအတွက် မြောက်ဥရောပသို့ ပို့ဆောင်ခသည် ယခင်က $968 ဖြစ်ပြီး ယခုအခါ $1,168 သို့ မြင့်တက်သွားသည်။

တောင်ဥရောပသို့ ပို့ဆောင်ခသည် ယခင်က $1,172 ဖြစ်ပြီး ယခုအခါ $1,372 သို့ မြင့်တက်သွားသည်။

နှုန်ူးထားအသစ်ကို နိုဝင်ဘာလ ၁ ရက်မှာ စတင် ကောက်ခံမည် ဖြစ်သည်။ 

"Hapag Lloyd သည် ၎င်း၏ ကုန်စည်ပို့ဆောင်ခကို ပုံမှန် ပြောင်းလဲသတ်မှတ်ပါသည်။ ယခုပြောင်းလဲခြင်းသည် ပုံမ‌ှန်အားဖြင့် ပြောင်းလဲခြင်း ဖြစ်ပါသည်" ဟု Hapag-Lloyd က ပြောကြားသည်။

 

မြောက်ဥရောပ ခေါင်းစဉ်အောက်တွင် ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ပိုလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်၊ နော်ဝေး၊ ဖင်လန်၊ လစ်သူယေးနီးယား၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ စလိုဗက်ကီးယား၊ အက်စ်တိုးနီးယား၊ အိုက်စလန်နှင့် လူဇင်ဘတ်တို့ ပါဝင်သည်။

 

တောင်ဥရောပ ခေါင်းစဉ်အောက်တွင် စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ မော်လ်တာ၊ တူနီးရှား၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂျော်ဂျီယာ၊ ဂရိ၊ အစ္စရေး၊ မွန်တီနီဂရိုး၊ လစ်ဗျား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ရိုမေးနီးယား၊ ဆိုက်ပရပ်စ်၊ စလိုဗေးနီးယား၊ လက်ဘနွန်၊ တူရကီ၊ ယူကရိန်းနှင့် အီဂျစ်တို့ ပါဝင်သည်။

 

Hapag-Lloyd သည် စစ်တကောင်း ဆိပ်ကမ်းမှ ကွန်တိန်နာများကို စတုတ္ထ အများဆုံး သယ်ယူပို့ဆောင်သော ကွန်တိန်နာလိုင်းဟု ဘင်္ဂလားဒေ့ရှ် သင်္ဘော ကိုယ်စားလှယ်များ အသင်း Bangladesh Shipping Agent Association မှ ပြောကြားပါသည်။

နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ရန် အချိန် နီးကပ်လာချိန်တွင် သင်္ဘောကုမ္ပဏီများသည် အထွေထွေနှုန်းထားတိုးခြင်း General Rate Increase (GRI) လုပ်ထုံးလုပ်နည်းအရ ကုန်စည်ပို့ဆောင်ခများကို ပုံမှန်အားဖြင့် ချိန်ညှိလေ့ရှိသည်။

 

"COVID-19 မတိုင်မီ၊ ဥရောပအတွက် ကုန်ခြောက် ကွန်တိန်နာ တစ်လုံးအတွက် ကုန်စည်ပို့ဆောင်ခမှာ ကန်ဒေါ်လာ ၂,၅၀၀ ဖြစ်ပါတယ်။ Covid-19 ပြီးနောက် အဆင့်ဆင့် ဈေးတက်ခဲ့ပြီး ကန်ဒေါ်လာ ၁၂,၀၀၀ အထိ ဖြစ်လာပါတယ်။ ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ချိန်တွင်  ကန်ဒေါ်လာ ၁၀၀၀ အောက်သို့ တဖြည်းဖြည်း ကျဆင်းသွားခဲ့ပါတယ်"ဟု ဘင်္ဂလားဒေ့ရှ် သင်္ဘော ကိုယ်စားလှယ်အသင်း ဥက္ကဋ္ဌ Syed Mohammad Arif က ပြောကြားပါသည်။

Source tbsnews


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)