Containers

ပင်လယ်ထဲ ပြုတ်ကျဆုံးရှုံးသွားသော ကွန်တိန်နာများအတွက် ဒေါ်လာ ၅.၈ သန်း လျော်ကြေးပေးရန် Maersk ကို တရားစွဲ

ပင်လယ်ထဲ ပြုတ်ကျဆုံးရှုံးသွားသော ကွန်တိန်နာများအတွက် ဒေါ်လာ ၅.၈ သန်း လျော်ကြေးပေးရန် Maersk ကို တရားစွဲ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

လက်လီအရောင်း လုပ်ငန်းကြီး Target Corporation ၏ အာမခံလုပ်ငန်း Starr Indemnity & Liability Company သည် ၂၀၂၁ ခုနှစ်ဖြစ်ရပ်တွင် သင်္ဘောပေါ်မှ ပင်လယ်ထဲ ပြုတ်ကျဆုံးရှုံးသွားသော ကွန်တိန်နာများအတွက် လျော်ကြေးငွေအတွက် Maersk ကို  အောက်တိုဘာလ ၁၉ ရက်နေ့တွင် နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးတွင် ဒေါ်လာ ၅.၈ သန်းကျော် လျော်ကြေး ရလိုမှုဖြင့် တရားစွဲဆိုသည်။

 

သက်တမ်း ၁၁ နှစ်ရှိ 13,100 TEU အရွယ်အစား Maersk Eidenoven ကွန်တိန်နာသင်္ဘောသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်းမှ ‌ခန့်မှန်းခြေအားဖြင့် ‌၄၅ ရေမိုင်အကွာတွင် ခရီးနှင်နေသည်။ ထိုစဉ် အင်ဂျင် ထိုးရပ်သွားသည်။ လှိုင်းကြီးနေသည့် ပင်လယ်ထဲ သင်္ဘော ကို အထိန်းအကျောင်း မပြုနိုင်ဘဲ မျောပါနေစဉ် လှိုင်းဒဏ်ကြောင့် သင်္ဘော အကြီးအကျယ် တိမ်းစောင်းမှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။

အင်ဂျင်ထိုးရပ်သွားရသည်မှာ အင်ဂျင်ချောဆီ ဖိအား လျော့နည်းသောကြောင့် ဖြစ်ကြောင်း သိရသည်။ ပြစ်ချက်ကို ပြုပြင်ပြီးသောအခါ အင်ဂျင် စက်ပြန်နှိုးနိုင်ခဲ့သည်။ ဂျပန်သို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့သည်။ ယိုကိုဟားမားဆိပ်ကမ်းတွင် ပျက်စီးသွားသော ကွန်တိန်နာ ၆၅ လုံးကို ချပေးခဲ့သည်။ 

စစ်ဆေးချက်အရ Maersk Eidenoven သည် ပင်လယ်ထဲမှာ ကွန်တိန်နာ အလုံး ၂၆၀ ပြုတ်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

သင်္ဘောတွင် ထိခိုက်ပျက်စီးမှု အနည်းအကျဉ်းသာ ဖြစ်ပွားခဲ့ပြီး ဂဟေဆော်ပြီး ပြုပြင်ပေးခဲ့သည်။ ထို့နောက် မတ်လဆန်းတွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် ဆိပ်ကမ်းသို့ ခရီးပြန်စခဲ့သည်။

 

ဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၄ ရက်ကြားတွင် Maersk Eidenhoven သင်္ဘောဖြင့် ကယ်လီဖိုးနီးယားသို့ ပို့ဆောင်မည့် ကွန်တိန်နာများကို  ဖနွမ်းပင်၊ ကမ္ဘောဒီးယားနှင့် ယန်းတန်၊ တရုတ်တို့တွင် သင်္ဘောတင်ခဲ့ရာ၌ လူသူံကုန်ပစ္စည်း အမျိုးမျိုးထည့်ထားသည့် ကွန်တိန်နာ ၅၇ လုံး ပါဝင်သည်။

 

Maersk Eidenhoven သည် ကယ်လီဖိုးနှီးယားတွင် ကွန်တိန်နာများ ချပေးသောအခါ ၎င်းကွန်တိန်နာများ အကုန်လုံး တစ်လုံးမှ မပါချေ။ ထိုသို့ မပါသည်ကို Maersk က တာဝန်မယူသဖြင့် Maersk နှင့် Maersk Eindhoven တို့ကို အာမခံလုပ်ငန်းက တရားစွဲဆိုခြင်း ဖြစ်သည်။

ကုန်ပစ္စည်းတန်ဖိုး ဒေါ်လာ ၅.၈ သန်းကျော်သာ ရှိသော်လည်း ကုန်စည်အတွက် ပေးလျော်ခြင်း မရှိသေးချေ။

Maersk သည် တရားရုံးပြင်ပတွင် အာမခံလုပ်ငန်းနှင့် အလျော်အစားကိစ္စ ပြေလည်အောင် ညှိနှိုင်း ပေးလျော်ပြီး အမှုကို ကြေအေးစေလိမ့်မည်ဟု မှော်လင့်ရသည်။

 

Source maritime-excutive 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)