Containers

Maersk ဝန်ထမ်းအင်အား အနည်းဆုံး ၁၀,၀၀၀ လျှော့ချရန် ဆုံးဖြတ်

Maersk ဝန်ထမ်းအင်အား အနည်းဆုံး ၁၀,၀၀၀ လျှော့ချရန် ဆုံးဖြတ် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကွန်တိန်နာသင်္ဘောလိုင်း အပါအဝင် ဘက်စုံ လော့ဂျစ္စတစ်လုပ်ငန်းကြီးMaersk သည် အနည်းဆုံး အလုပ်အကိုင်နေရာ ၁၀,၀၀၀ ကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပါသည်။

ဒိန်းမတ် ကွန်တိန်နာ သင်္ဘောကုမ္ပဏီ Maersk သည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ဘဏ္ဍာရေး ကျဆင်းပြီးနောက် ၀င်ငွေနှင့် အမြတ်ငွေများ လျော့ကျသဖြင့် အလုပ်အကိုင်နေရာ ၁၀,၀၀၀ ကျော် လျှော့ချမည်ဟု ကြေညာခဲ့ပါသည်။

 

၂၀၂၃ ခုနှစ်အစောပိုင်းတွင် ဝန်ထမ်းအင်အား ၁၁၀,၀၀ ရှိခဲ့ရာမှ ၁၀၃,၅၀၀ သို့  လျှော့ချခြင်းအပါအဝင် ခက်ခဲလာနေသော စျေးကွက်အခြေအနေများ၏ သက်ရောက်မှုကို ကာကွယ်ရန် ယခုနှစ်အတွင်း "တင်းကျပ်သော ကုန်ကျစရိတ် ထိန်းချုပ်မှု အစီအမံများ" ကိုချမှတ်ခဲ့ကြောင်း ကုမ္ပဏီမှပြောကြားသည်။

နောက်ဆုံးရည်မှန်းချက်မှာ ဝန်ထမ်းအင်အား ၁ သိန်းအောက်သာ ထားရှိမည် ဖြစ်သဖြင့် နောက်ထပ် ၃,၅၀၀ ထပ်လျှော့ဦးမည်ဟု ဆိုသည်။ လာမည့် လာများအတွင်း ၂,၅၀၀ လျှော့မည် ဖြစ်ပြီး ကျန်သည်တို့ကို ၂၀၂၄ တွင် ဆက်လက်လျှော့ချသွားမည် ဖြစ်သည်။

Source maersk


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)