ကမ္ဘာ့ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း အသားတင်အမြတ် ဒေါ်လာ သန်း ၂၁၀၀ ကျော်မှ သန်း ၃၀၀ အောက်သို့ လျော့ကျ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd သည် ပို့ဆောင်ရန် ကွန်တိန်နာများ ပိုမိုရရှိခဲ့သော်လည်း ပိုဆောင်ခနှုန်းထားများ နိမ့်ကျနေခြင်းကြောင့် ပြီးခဲ့သည့် တတိယ ၃ လပတ်တွင် အမြတ်ပမာဏ ကျဆင်းခဲ့ကြောင်း အစီရင်ခံသည်။
“ပမာဏက သိပ်တော့ မဆိုးပါဘူး။ နှုန်းထားတွေက ပြဿနာ" ဟု Hapag-Lloyd ၏ CEO Rolf Habben Jansen မှ ပြောကြားခဲ့ပါသည်။
ပင်လယ်ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍတွင် သင်္ဘောအသစ်များ ထပ်တိုးလာသဖြင့် ပို့ဆောင်ပေးနိုင်သည့် ပမာဏ လျင်မြန်စွာ ကြီးထွားလာသည်။ ပို့ဆောင်ပေးရမည့် ကွန်တိန်နာ ပမာဏမှာ ကြီးထွားလာခြင်း မရှိချေ။ သို့ဖြစ်ရာ ပို့ဆောင်ပေးနိုင်သည့် ပမာဏက ပို့ဆောင်ပေးရမည့် ပမာဏထက် သိသိသာသာ ပိုများနေသဖြင့် ကွန်တိန်နာ ပို့ဆောင်ခများ ဈေးထိုးကျသည်။
သင်္ဘောကျင်းများတွင် တည်ဆောက်ဆဲ ကွန်တိန်နာသင်္ဘောအသစ်များ ရှိနေပြီး ၎င်းတို့ တည်ဆောက်ပြီးစီးပါက ကွန်တိန်နာသင်္ဘော စီးရေ ထပ်တိုးမည် ဖြစ်သည်။ ကွန်တိန်နာသင်္ဘောအိုများကို သင်္ဘောဖျက်သည့် သင်္ဘောကျင်းများထံ ရောင်းချသည့် အရေအတွက်မှာ မပြောပလောက်ချေ။
သို့ဖြစ်ရာ ဈေးကွက်ထဲတွင် ကွန်တိန်နာသင်္ဘောများ ဆက်လက်ပိုလျှံနေဦးမည် ဖြစ်သည်။ ပို့ဆောင်ခများ ဈေးကျနေဦးမည် ဖြစ်သည်။
ယခုနှစ် နှစ်ကုန်ပြီး ၂၀၂၄ ခုနှစ်အထိ ပို့ဆောင်ခများ ဈေးကျနေဦးမည်ဟု ခန့်မှန်းထားကြသည်။
Hapag-Lloyd သည် ယမန်နှစ် တတိယ၃ လပတ်တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၂.၁၀၂ ဘီလီယံ ရရှိခဲ့သည်။ ယခုနှစ်တွင် ကန်ဒေါ်လာ ၂၉၃ သန်းမျှသာ ရရှိေတာ့သည်။
Source freightwave
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL