Containers

ကွန်တိန်နာသင်္ဘောကဏ္ဍ ဝင်ငွေကျဆင်း

ကွန်တိန်နာသင်္ဘောကဏ္ဍ ဝင်ငွေကျဆင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘာ့ ကွန်တိန်နာ ပို့ဆောင်နိုင်စွမ်း ပမာဏ စုစုပေါင်း၏  သုံးပုံတစ်ပုံခန့်ကို အတူတကွ ထိန်းချုပ်ထားသည့် ထိပ်တန်းကစားသမားငါးဦးဖြစ်သည့် Maersk၊ Hapag-Lloyd နှင့် ပြင်သစ်နိုင်ငံမှ CMA CGM SA တို့ အားလုံးက ကုန်ကျစရိတ်များ  ဖြတ်တောက်လျှော့ချလျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။

 

ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဝယ်ယူကြမည့် ပြည်ပမှ နောက်ဆုံးတင်သွင်းလာသော အသုံးအဆောင်များ၊ အဝတ်အစားများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို ကွန်တိန်နာများဖြင့် သယ်ဆောင်ရာ၌ ယခုအခါ ကိုဗစ်ကာလနှင့် မတူတော့ဘဲ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။

ထိုစဉ်က ကွန်တိန်နာ ပို့ဆောင်ခများ အလွန်အမင်း မြင့်မားနေခဲ့သည်။ ဆိပ်ကမ်းများတွင် ကမ်းကပ်ဖို့ စောင့်ရသည့် ရက်များသည်လည်း ကြာမြင့်ခဲ့သည်။

 

ယခုအခါ ကိုဗစ်အကြိုကာလ အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်သည်။ 

 

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းများသည် ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် အသားတင်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၃၆၄ ဘီလီယံ ရရှိခဲ့သည်။

ယခုအခါ ကွန်တိန်နာ ပို့ဆောင်ခ နှုန်းထားများသည် ကုန်ကျစရိတ်ထက် နည်းနေသည်။ လာမည့် လများအတွင်း အနိမ့်မှာ ဆက်ရှိနေဦးမည်။

 

ကမ္ဘာ့ကုန်စည်ပို့ဆောင်မှု၏ ၈၀% ကို ပို့ဆောင်ပေးနေသည့် ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd AG စီအီးအို Rolf Habben Jansen က "လာမယ့် ၂၄ လကနေ ၃၆ လလောက်အထိကို စိတ်ပူမိပါတယ်။ ကျွန်တော်တို့ အကျဘက် ရောက်နေကြတာ တွေ့ရမယ်”ဟု အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။

 

ကွန်ျတိန်နာ ပို့ဆောင်ခများ ကိုဗစ်အကြိုကာလ နှုန်းထားများသုိ့ ပြန်လည် ကျဆင်း 

 

photo_2023-11-19_08-31-58.jpg

 

 

အမြတ် ရသည်ဆိုရုံမျှသာ ရရှိ

photo_2023-11-19_08-31-42.jpg

 

 

ကွန်တိန်နာ သင်္ဘော အသစ်များ ထပ်တိုးလာသဖြင့် ကွန်တိန်နာ ပို့ဆောင်ပေးနိုင်စွမ်း မြင့်တက် 

 

photo_2023-11-19_08-31-51.jpg

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)