မန္တလေးမြို့တွင် ကွန်တိန်နာဆိပ်ကမ်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်းကာလ နှစ်နှစ်နီးပါးကြာမြင့်မည်ဟုသိရ
မန္တလေးမြို့တွင် တည်ဆောက်မည့် ကွန်တိန်နာဆိပ်ကမ်းအား ၂၀၁၈ ခုနှစ်တွင် စတင်တည်ောဆက်ရန် စီစဉ်နေပြီး စီမံကိန်းကာလ နှစ်နှစ်နီးပါးကြာမြင့်မည်ဖြစ်ေ
စီမံကိန်းမှာ ဂျပန်နိုင်ငံ JICA က ဆောင်ရွက်ပေးသည့် စီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း သိရပါတယ်။ ၎င်းစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်က စတင်ခဲ့သော်လည်း စီမံကိန်းလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ Toos Port စနစ်မှာ အခြေခံအဆောက်အအုံများ သုံးစွဲမည့် စက်ပစ္စည်း ကိရိယာများကို နိုင်ငံတော်အပိုင်းက ကျခံပြီး အလုပ်သမားများကို ပုဂ္ဂလိကမှ ဆောင်ရွက်သည့်စနစ်ဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတော်က ကျခံရမည့် ကုန်ကျငွေများအား Japan Grant Aid ဖြင့်ဆောင်ရွက်သွားရန် လျာထားကြောင်း သိရပါတယ်။
မြစ်တွင်းသွား ကွန်တိန်နာပို့ဆောင်ရေး တိုးတက်စေရန် ဆောင်ရွက်မည့် မန္တလေးကွန်တိန်နာဆိပ်ကမ်းသည် ယခင်က အထွေထွေကုန်ပစ္စည်းများအား ရေယာဉ်တွဲများဖြင့် သယ်ယူပို့ဆောင်နေခြင်းအစား ကွန်တိန်နာ များဖြင့် ရန်ကုန်ဆိပ်ကမ်းမှ အထက်မြန်မာပြည်အထိ တိုက်ရိုက်မြစ်ကြောင်းမှ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြော
ဆိပ်ကမ်းတည်ဆောက်ချိန်ကတော့ နှစ်နှစ်နီးပါးပါ။ အကြမ်းဖျဉ်းလျာထားတာက ၂၀၁၈ မှာ စမယ်ဆို ၂၀၂၀ မှာ အဆုံးသတ်ပါမယ်။ အကြောင်းကြောင်းကြောင့် စတင်ချိန်နောက်ကျမယ့်အနေအထားမှာ ရှိနေတော့ ပြီးမယ့် အချိန်လည်း နောက်ကျမှာပါ။ စီမံကိန်းတွေကတော့ စက်ပြင်ရုံ၊ Workshop တွေ၊ စားသောက်ဆိုင်။ သင်္ဘောပေါ်က အတင်အချပြုလုပ်နိုင်မည့် ရွေ့လျားကရိန်း၊ Mobile Car Crane နဲ့ လုံခြုံရေး အဆောက်အအုံတွေ ပါဝင်မှာဖြစ်ပါတယ်။
ဆိပ်ကမ်းအလျားကတော့ မီတာ ၁၈၀ (ပေ - ၅၉၀) ရှိပြီး သင်္ဘော နှစ်စင်းကပ်ပြီး ကရိန်းတွေနဲ့ အတင်အချလုပ်နိုင်မယ့် အနေအထားဖြစ်ပါတယ်။
ကွန်တိန်သွားကားလမ်းက သုံးလမ်းနဲ့ စက်ဘီး၊ ဆိုင်ကယ်၊ လူသွားလမ်းတွေပါမယ်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
မန္တလေးမြို့တွင် ကွန်တိန်နာဆိပ်ကမ်းတည်ဆောက်ပြီး
Source: Daily eleven