Export & Import

Friday, 17 January 2020 09:22

၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံရဲ့ ပို့ကုန်အခြေအနေ

ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲများအဆိုအရ အမေရိကန်-အီရန်တင်မာမှုများနှင့် ထိုင်းဘတ် ငွေတန်ဖိုးမြင့်တက် နေမှုတို့အပါအဝင် စွန်ု့စားရမှုအချက်အလက်မျာနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွက် ကျဆင်းဖွယ်ရာ ရှိနေပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြာရေးမှူး Aat Pisanwinich က တိုင်းပြည်၏ ပို့ကုန်တင်ပို့မှုအပေါ် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ နောက်ဆုံးလေ့လာ သုံးသပ်မှုအရ ၂၀၂၀ ပြည့်နှစ် တွင် ပို့ကုန်တင်ပို့မှု (ဝ.၉%) ကျဆင်းနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။

Friday, 17 January 2020 04:17

တရုတ်နိုင်ငံက အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းများ ပြင်ဆင်မည်

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင်မှာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ဆိုင်ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Wednesday, 15 January 2020 10:05

ပုလဲမြစ်အတွင်း ကုန်စည်စီးဆင်းမှုပမာဏ စံချိန်တင်မြင့်တက်ခဲ့

၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ ပုလဲမြစ်အတွင်း ကုန်စည်စီးဆင်းမှု ပမာဏမှာ တန်ချိန် (၁) ဘီလီယံကျော်လွန်ခဲ့သဖြင့် စံချိန်တင်ခဲ့ကာ၊ ရန်ဇီမြစ်အတွင်း ကုန်စည်စီးဆင်းမှုမှာ ဒုတိယနေရာတွင်ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရပါတယ်။

Wednesday, 15 January 2020 05:07

ခေတ်မီလာတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးစံပုံစံ

TIR သည် ပြင်သစ်သယ်ယူပို့ဆောင်ရေး Internationaux Routiers ကိုဆိုလိုပါတယ်။ ရထားလမ်း၊ ရထား၊ လေနှင့်ပင်လယ်အပါအ ဝင် ပေါင်းစည်းထားသော သယ်ယူပို့ဆောင်ရေးနှင့်ကွန်တိန်နာများကို အသုံးပြုရန်ခွင့်ပြုထားသောသဘောတူညီချက်ဖြစ်ပါတယ်။

Wednesday, 15 January 2020 04:30

IMPORT FDA ချိပ်စည်းထိုးပယ်ဖျက်သူများသတိ

ဂိုဒေါင်ချိပ် စည်းပယ်ဖျက်ခွင့် လျှောက်ထားခြင်းမရှိဘဲ မိမိသဘောအလျှောက် ချိပ်စည်းပယ်ဖျက်ထားသည်ကိုစစ်ဆေးတွေ့ရှိပါက အကောက်ခွန်ဥပဒေအရ ထိထိရောက်ရောက်အရေးယူမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။

Tuesday, 14 January 2020 08:12

မူဆယ်နယ်စပ်မှ လုပ်ငန်းသုံးယာဉ်/ယန္တရား တင်သွင်းမှု

မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပါမစ်နှင့် အသက် ၁၈ ပြည့်ပြီးသူ နိုင်ငံသားတိုင်းအား လူစီးမော်တော်ယာဉ် တင်သွင်းခွင့်များ ပေးခဲ့ပြီး ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် သတ်မှတ်ချက်များကို နှစ်စဉ်ထုတ်ပြန်၍ ပြည်ပမှ တင်သွင်းခွင့်ပြုထားလျက်ရှိပါတယ်။

Monday, 13 January 2020 10:37

သွင်းကုန်ပမာဏမြင့်တက်ခြင်းကို ဥပဒေဖြင့် ထိန်းချုပ်မည်

မြန်မာ့သွင်းကုန် မြင့်တက်ခြင်းကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

Monday, 30 December 2019 05:30

ဗီယက်နမ်က မြန်မာနှင့် ထိုင်းနိုင်ငံများသို့ ကားအစီးရေ ၁၀၀၀ ခန့်တင်ပို့သွားမည်

Truong Hai ကအော်တိုကော်ပိုရေးရှင်း (Thaco) ကမှ 2020 ခုနှစ်တွင်ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ကားစီးရေ 1,026 တင်ပို့လိမ့်မည်ဟု ပြောကြားခဲ့သည် ။

Tuesday, 24 December 2019 03:12

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များ အချိန်မှီလာရောက် မပြောင်းလဲပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်

ကုန်သွယ်ဦးစီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များအား အချိန်မှီလာရောက် ပြောင်းလဲကြရန် အသိပေးထုတ်ပြန်ထားပါတယ်။