Export & Import

Friday, 18 January 2019 04:44

ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်တိုးတက်ရေးနှင့် ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေးကို အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

Wednesday, 16 January 2019 03:19

မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ပမာဏ လျော့ကျ

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းသုံးခုဖြစ်တဲ့ မူဆယ်၊လွယ်ဂျယ်နဲ့ ချင်းရွှေဟော်တို့မှာ ကုန်သွယ်မှုပမာဏတွေက ပြီးခဲ့တဲ့နှစ်ကာလတူထက် လျော့ကျနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်ဆိုရင် လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၉ဝဝ ကျော်သာရှိပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ဒေါ်လာသန်း ၅ဝဝ ကျော်ခန့် လျော့နည်းနေပါတယ်။လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှာဆိုရင်  ပြီးခဲ့တဲ့ နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော်လျော့နည်းနေပြီး ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းကတော့ ကာလတူထက် ဒေါ်လာ ၁၆ သန်းကျော် လျော့နည်းနေပါတယ်။ ထိုနယ်စပ်စခန်းသုံးခုစလုံးမှာ အခုလိုကုန်သွယ်မှုပမာဏတွေ လျော့နည်းနေတာက အဓိကအားဖြင့် ပို့ကုန်တွေ လျော့နည်းနေတာကြောင့် ဖြစ်ပါတယ်။သွင်းကုန်တွေကတော့ ကာလတူထက် ပိုမိုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူဆယ်နယ်စပ်စခန်းကနေ တရုတ်ဘက်ကို လယ်ယာထွက်ကုန်တွေ၊ သတ္တုတွင်းထွက်ပစ္စည်းတွေ၊ ရေထွက်ကုန်တွေကို အဓိကတင်ပို့နေပြီး တရုတ်ဘက်ကနေ လူသုံးကုန်ပစ္စည်းတွေ၊လုပ်ငန်းသုံး ကုန်ပစ္စည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ပါတယ်။လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ဘက်ကနေတော့ ပရဆေးနဲ့ နှမ်းမျိုးစုံတို့ကို အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအနေ နဲ့ နယ်စပ်ကုန်သွယ်ရေးကို နယ်စပ်စခန်း ၁၇ ခုနဲ့ ဆောင်ရွက်နေပြီး လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ နယ်စပ်သွယ်မှု ပမာဏကတော့ ဒေါ်လာသန်း ၂ဝဝဝ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။ Source ; Kumudra

Tuesday, 15 January 2019 06:09

အရေးတကြီးလိုအပ်လာတဲ့အခါမှာ CMP သွင်းကုန်လိုင်စင်ဘယ်လိုအမြန်လျှောက်နိုင်မလဲ???

CPM သွင်းကုန်လိုင်စင်ဝန်ဆောင်မှု အမြန်လျှောက်ထားခြင်းကို ဇန်န၀ါရီ ၁၁ ရက်နေ့မှစတင်ကာ ၀န်ဆောင်ခ ငါးသောင်းကျပ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Monday, 14 January 2019 07:37

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးဇုန်အဖြစ် အဆင့်မြှင့်နေ

ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးဇုန် အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

Friday, 11 January 2019 04:41

ဆုံးရှုံးမှုနည်းစေဖို့ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးဖို့လိုအပ်

စိုက်ပျိုးထုတ်လုပ်သူကနေ စတင်ကာ ပြည်ပပို့ကုန် အဖြစ် ဝင်ငွေရရှိအောင် ဆောင်ရွက်ကြရာမှာ ကုန်သည်ပွဲစားတောင်သူနဲ့ ယာဉ်မာင်းတွေအပါအဝင်အဆင့်ဆင့်တိုင်းက ဆောင်ရွက်သူတွေ အဆင် ပြေဖို့ နယ်စပ်ကုန်သွယ်ရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို အ စိုးရအနေနဲ့အလေးထား ဆောင် ရွက် ချိန် ရောက်ပြီလို့ ကုန်သည်တွေက ဆို ကြပါတယ်။သည်လိုဆောင်ရွက်မှုက ခေတ်အဆက်ဆက်မဖြေရှင်းနိုင်ခဲ့တဲ့ပြဿ နာတွေဖြစ်သလို ခေတ်ပြောင်းတိုင်း စိန်ခေါ်မှုအသစ် တွေနဲ့ ရင်ဆိုင်နေရတဲ့ ကုန်သွယ်ရေး လုပ် ငန်းမှာ ပါဝင်ပတ်သက်နေသူတွေက အစိုးရရဲ့ ဦးဆောင်မှု နဲ့ ဈေးကွက် မျှတတဲ့ ကုန်သွယ်မှုတစ်ရပ်ကို မျှော်လင့်နေကြပါတယ်။

Thursday, 10 January 2019 11:24

တရုတ်နယ်စပ် ကျင်စန်းကျော့ ဂိတ် တပတ်ကြာသည့်တိုင် ပြန်မဖွင့်သေး

တရုတ်- မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ ဂိတ်ပေါက် ပိတ်ထားသည်မှာ တပတ် ကြာပြီ ဖြစ်သော်လည်း ပြန်လည် မဖွင့်သေးကြောင်း သတင်းရရှိသည်။

Tuesday, 08 January 2019 11:20

ယမန်နှစ်ထက်တိုးတက်လာသော သွင်းကုန်ပမာဏတန်ဖိုး

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်တန်ဖိုးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အထိ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ

Monday, 07 January 2019 07:44

ကျင်စန်းကျော့ဂိတ်ယာယီပြန်ဖွင့်ရေး

မြန်မာ-တရုတ် နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ရေး အစိုးရချင်း ဆွေးနွေးဆောင်ရွက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနလေးခုက ဆွေးနွေးပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်မဟုတ်၍ ဒီဇင်ဘာ ၂၇ ရက်တွင် ပိတ်ခဲ့ပြီးနောက် သစ်သီးတင်ကားများ မူဆယ်မြို့၌ ပိတ်မိနေပြီး ကားတစ်စီးလျှင် ပျမ်းမျှသစ်သီးသုံးတန်ခန့် (တန်ဖိုးကျပ် ၁၁ သိန်းခန့်) ဆုံးရှုံးမှုများကို သစ်သီးစိုက်ပျိုးတင်ပို့သည့် တောင်သူများ ကြုံတွေ့နေရသည်။တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား သစ်သီးများ ပျက်စီးဆုံးရှုံးမှုမရှိဘဲ အချိန်မီတင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ကိုယ်စားလှယ်များက စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ဇန်နဝါရီ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

Monday, 07 January 2019 04:44

မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ပမာဏ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၈၅ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပမာဏတန်ဖိုး ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်တိုးလာခဲ့

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပို့ကုန်ပမာဏ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၈၅ သန်း ကျော်ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။