Toggle navigation
Home
Categories
Advertise With Us
Industry News
Local Industry
Warehouse
Transportation
Port News
Containers
Export & Import
Tenders
Investment
Knowledge
Rules and Regulations
Tips
How To
Port Information
Airport Information
Trade Center
1st Look Review
MIFFA
Member List
About MIFFA
Job Boards
About Us
Terms of use
All Categories
Air Cargos
Air Lines
Air Ticketing Services
Airport Limousines
Airport Services
Airports
Bags [Gunny]
Bags [Paper]
Bags [Penang]
Bags [Plastic]
Bar Coding Equipment & Systems
Boat & Ship Ticketing Services
Boat Rentals
Boat Trips & Excursions
Boxes & Cartons
Buses [Highway]
Buses [Highway] Ticketing Services
Car & Truck Rentals
Cold Storages
Container Services
Courier Services & Delivery Services
Custom Clearing Agents
Distributors
Drums & Barrels
Filling Stations
Fire Extinguisher Refill Services
Fire Extinguishers & Fire Fighting Equipment
Forklifts
Freight Forwarders
Helicopter Hires
Insurance Agents
Labelling & Identification Machines
Logistics Services
Map Publishers
Marine & Aviation Fuel
Moving Services
Packing/Filling & Wrapping Materials & Equipment
Pest Control Services
Ports
Racking Storage Systems
Radio Communication Equipment & Systems
Refrigerated Cargo Services
Ropes & Hawsers
Safety/Road Traffic Safety Product/Sailor's Equipment
Scales & Weighing Equipment
Ship Crewing Agencies
Shipping Agents
Shipping Transportation Services
Shipyards
Storage Services
Supply Chain & Logistics Management Training Centres
Taxi Services
Toll Gates
Traffic Police Stations
Transportation Services
Trolley Carts
Choose Location
Ahlone
Ahlone Township
Amarapura
Amarapura Township
Aung Myay Thar Zan
Aung Myay Thar Zan Township
Bahan
Bahan Township
Botahtaung
Botahtaung Township
Chan Aye Thar Zan
Chan Aye Thar Zan Township
Chan Mya Tharsi
Chan Mya Tharsi Township
Chaung Tha
Dagon
Dagon Seikkan
Dagon Seikkan Township
Dagon Township
Dala Township
Dawbon
Dawbon Township
East Dagon
East Dagon Township
Hlaing
Hlaing Thar Yar
Hlaing Township
Hmaw Bi
Hmawbi Township
Insein
Insein Township
Kamaryut Township
Kamayut
Kyan Khin Township
Kyaukse
Kyauktada
Kyauktada Township
Kyeemyin Daing
Kyeemyindaing Township
Lanmadaw
Lanmadaw Township
Latha
Latha Township
Maha Aung Myay
Maha Aung Myay Township
Mayangone
Mayangone Township
Mingalar Taung Nyunt
Mingalar Taung Nyunt Township
Mingalardon
Mingalardon Township
Monywa
Myawaddy Township
North Dagon
North Dagon Township
North Okkalapa
North Okkalapa Township
Pabedan
Pabedan Township
Pakokku
Patheingyi
Pazundaung
Pazundaung Township
Pyigyi Tagon
Pyigyi Tagon Township
Pyin Oo Lwin
Sanchaung
Sanchaung Township
Seik Kan
Seikgyi Khanaungto Township
Shwe Pyi Thar
Shwe Pyi Thar Township
Sintgaing Township
South Dagon
South Dagon Township
South Okkalapa
South Okkalapa Township
Tada-U Township
Tarmwe
Tarmwe Township
Thaketa
Thaketa Township
Than Lyin
Than Lyin Township
Thingangyun
Thingangyun Township
Yankin
Yankin Township
Search
You are here :
Home
Industry News
Export & Import
Export & Import
Export & Import
Monday, 10 December 2018 08:04
တရုတ်-မြန်မာ ကုန်စည်ပြပွဲတွင် ကုန်သွယ်အတားအဆီးကိစ္စများ ညှိနှိုင်းမည်
မူဆယ်တွင် ဒီဇင်ဘာလလယ်၌ ကျင်းပမည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး၌ ဆန်၊သကြားနှင့် အခြားလယ်ယာထွက်ပစ္စည်းများ ဖမ်းဆီးခံနေရမှုများကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားချက်အရ သိရပါတယ်“ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း တရုတ်သံရုံးတို့ တရုတ်နိုင်ငံဘက်က တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ တောက်လျှောက်ဆွေးနွေးနေပါတယ်။တရုတ်-မြန်မာ ကုန်စည်ပြပွဲမှာလည်း ဒီကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ၎င်းကဆိုခဲ့ပါတယ်။ လက်ရှိတွင် မူဆယ်နယ်စပ်၌ အဖမ်းအဆီးများသောကြောင့် မြန်မာ့ထွက်ကုန်များကို ချင်းရွှေဟော်၊ လွယ်ဂျယ် အစရှိသည့် ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ၎င်းက ရှင်းပြသည်။အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မူဆယ်နယ်စပ်၏ ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရှိပြီး ယခင်နှစ် ကာလတူ ပို့ကုန်ပမာဏ အခြေအနေကမူ အမေရိကန်ဒေါ်လာ ၇၁၄ သန်းရှိသောကြောင့် ယခုနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ ယခုအချိန်သည် ဆန်သစ်များ ထွက်သည့်အချိန်ဖြစ်ပြီး တရုတ်ဘက်ကလည်း အဝယ်ရပ်ထားသည့်အတွက် ပြည်တွင်းတွင် စပါးဈေးနှင့် ဆန်ဈေးများ ကျဆင်းလျက်ရှိကြေင်း မူဆယ်ဒေသခံ ကုန်သည်ဦးလှမောင်က ပြောကြားသည်။“အခုဆို အရောင်းအဝယ်ရပ်နေတာ နှစ်လကျော်သွားပြီ အသီးအနှံတွေပဲ ရောင်းရတယ်။ ကျန်တာတွေ ရပ်နေတယ်”ဟု ၎င်းကဆိုခဲ့ကြပါတယ်။ တရုတ်နှင့် မြန်မာ၏ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာဘက်က တရားဝင်ဟုသတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံက တရားဝင်ဟုသတ်မှတ်ထားခြင်းဖြစ်ပါတယ်။တရားဝယ်ကုန်သွယ်ရေးဖြစ်စေရန် နှစ်ဖက်အစိုးရများ ညှိနှိုင်းနေသော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း ကုန်သည်များက ဝေဖန်ခဲ့ကြပါတယ်။ Source : The Voice
Read more...
Export & Import
Saturday, 08 December 2018 07:36
ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်၏ Invoice နှင့် Sale Contract ပါ ဈေးနှုန်းများကို အခွန်တိမ်းရှောင်ရန် ရည်ရွယ်၍ မမှန်မကန် ဖော်ပြခြင်းအား အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်
ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်၏ Invoice နှင့် Sale Contract ပါဈေးနှုန်းများကို အခွန်တိမ်းရောင်ရန် ရည်ရွယ်၍ မမှန်မကန် ဖော်ပြခြင်းကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဈေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
Read more...
Export & Import
Saturday, 08 December 2018 06:51
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၄၇၀၀ ကျော်ရရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရှိနေခဲ့
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ် လအတွင်း ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၇၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၄၃၀ ကျော် ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၇၄၁ ဒသမ ၂၀၀ သန်း ရရှိထားသည်။ သို့သော် ယခင်နှစ် ကာလတူတွင်မူ အမေရိကန်ဒေါ်လာ သန်း ၄၃၀၀ ကျော်သာ ရရှိထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၃၈၉ သန်း ပိုမိုရရှိထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၂၃၅ သန်းကျော်သာ ရရှိထားပြီး ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ၂၆၂၇ ဒသမ ၆၉၅ သန်းအထိ တင်သွင်းထားသည့်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၄ ဒသမ ၇၃ သန်းအထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ (Mini Budget) ကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံခန့် စံချိန်တင်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ နှစ်ဘီလျံကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ခြောက်လတာ ကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံရရှိခဲ့ပြီး အဆိုပါကာလအတွက် ကုန်သွယ်မှုပမာဏ လျာထားချက်သည် ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကာ ၁၃၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ် (Mini Budget) အတွင်း ပို့ကုန်တင်ပို့နိုင်မှုကို လေ့လာကြည့်ပါက ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ရေထွက်ပစ္စည်း တင်ပို့မှုတွင်လည်း တန်ဖိုး ဒေါ်လာ၂၉၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ခုနစ်သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ရေထွက်ပစ္စည်း တင်ပို့မှု ပိုမိုတိုးတက်လာခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်တင်သွင်းမှု အနေဖြင့် ခြောက်လအတွင်း ဒေါ်လာ ၉ ဒသမ ၈ ဘီလျံ တင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။အဓိကအားဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စက်သုံးဆီ အပါအဝင် ရေနံထွက်ပစ္စည်း၊ စက်နှင့် စက်ပစ္စည်းများ၊ ကုန်ကြမ်းနှင့် စိုက်ပျိုးရေးသွင်းအားစု၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာကြောင်း သိခဲ့ရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍကို အားပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့နိုင်ရေး အားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်ဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ Source : Eleven
Read more...
Export & Import
Tuesday, 04 December 2018 07:49
ကုမ္ပဏီ ၉ဝဝ ရှိသည့် ချင်းပြည်နယ် ကုန်သွယ်ရေးအလားအလာ
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်နေသာကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေးစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား သွားလာဆက်သွယ်မှု ကောင်းမွန်စေပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်နိုင်ရန် မျှော်လင့်ထားခဲ့ကြပါတယ်။
Read more...
Export & Import
Monday, 03 December 2018 09:42
နှစ်နိုင်ငံပို့ကုန်ခွန်စည်းကြပ်မှုများ ရပ်ဆိုင်းထားရန် အမေရိကန် နှင့် တရုတ်နိုင်ငံတို့ သဘောတူညီမှုရရှိ
အာဂျင်တီးနားနိုင်ငံ ဗျူနို့စ်အေ ရိစ်မြို့၌ ကျင်းပခဲ့သည့် ဂျီ-၂ဝထိပ် သီးညီလာခံ နောက်ဆုံးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁ရက်တွင် ဆွေးနွေး ပြီးနောက် နှစ်နိုင်ငံပို့ကုန်ခွန်စည်းကြပ်မှုမျာကို ရပ်ဆိုင်းထားရန် အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့က သဘောတူညီမှုရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ယနေ့တွင် ဖော်ပြထားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ တန်ဖိုးရှိ တရုတ်ပို့ကုန်များအပေါ် အခွန်စည်းကြပ်မှု ဆက်လက်မပြုလုပ်ရန် သဘောတူခဲ့ကြောင်း သိရပါတယ်။အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များ၊ စွမ်းအင်ထုတ် ကုန်များ၊ စက်မှု နှင့် အခြားထုတ်ကုန်များကို ဝယ်ယူရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထို့အတူ နည်းပညာလွှဲပြောင်းမှု၊ ဥာဏပစ္စည်းမူပိုင်ခွင့်၊ ပို့ကုန်ခွန် အတားအဆီးများ ဖယ်ရှားရေး နှင့် ဆိုက်ဘာတိုက်ခိုက်မှုအပါအဝင် ပြဿနာများကို ဖြေရှင်းရေးအတွက် နှစ်နိုင်ငံဆွေးနွေးပွဲများ ဆက်လက် ကျင်းပရန် အမေရိကန်သမ္မတ နှင့် တရုတ်သမ္မတတို့ သဘောတူခဲ့ကြပါတယ်။ သို့သော် ရက်ပေါင်း ၉ဝအတွင်း ကုန်သွယ်ရေးဆွေးနွေးပွဲများမှ မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ ပါက လက်ရှိပို့ကုန်ခွန်စည်းကြပ်မှု ၁ဝရာခိုင်နှုန်းကို ၂၅ရာခိုင်နှုန်းထိ မြှင့်တင်ရန် နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်၌ ဖော်ပြခဲ့ပါတယ်။ထို့ပြင် ဂျီ-၂ဝထိပ်သီးညီလာခံ ဆွေးနွေးပွဲကို နှစ်နိုင်ငံစလုံးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲအဖြစ် အမေရိကန် အစိုးရနှင့် တရုတ်အစိုးရတာဝန်ရှိ သူများက ပြောကြားခဲ့ကြောင်း သိရပါတယ်။ Soure : Pyi Chit Thar
Read more...
Export & Import
Friday, 30 November 2018 07:19
မြဝတီကုန်သွယ်ရေးဇုန်အနီး ည ၁၀ နာရီနောက်ပိုင်း ဂိတ်ပိတ်စစ်ဆေးမည်
မြဝတီကုန်သွယ်ရေးဇုန်အနီးလမ်းမကြီးတွင် လူစီးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ည ၁၀ နာရီနောက်ပိုင်းမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်တော့ဘဲ ဂိတ်ပိတ်စစ်ဆေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၉ ရက်တွင် သိရပါတယ်။ ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် မြဝတီဘက်ခြမ်းသို့ လိုင်စင်မဲ့ မော်တော်ယာဉ်များ တရားမဝင် ဝင်ရောက်မှုအား တားဆီးစစ်ဆေးနိုင်ရန် နယ်စပ်ရှိအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးမည်ဖြစ်ပါတယ်။ " မြဝတီကုန်သွယ်ရေးဇုန်လမ်းမကြီးမှာ မော်တော်ယာဉ်တွေဖြတ်သန်းသွားလာတာကို ဒီလကုန်ကစပြီး ခွင့်မပြုတော့ဘူး။ဂိတ်ပိတ်ပြီး စစ်ဆေးတာတွေလုပ်သွားမယ်။ အဓိကက တရားမဝင်ကားတွေဝင်လာတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးတာတွေလုပ်မှာပါ။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားချက်အရ သိရပါတယ်။ နယ်စပ်ဒေသမှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းခြင်းကို လာမယ့်နှစ်တွင် ထိုင်းနိုင်ငံထုတ် တစ်တန်အောက်( CO) Country Orginal ဖြစ်သည့် ကားများကိုသာတင်သွင်းခွင့်ပေးမည် ဖြစ်ပြီး ထိုင်းနိုင်ငံထုတ်ကားမှလွဲ၍ အခြားနိုင်ငံမှတစ်ဆင့် တင်သွင်းခြင်းကိုလည်း ခွင့်မပြုတော့ကြောင်းကိုလည်း သိခဲ့ရပါတယ်။ Source : Myanmar Time
Read more...
Export & Import
Friday, 30 November 2018 05:16
အပြိုင်အဆိုင် ကုန်သွယ်ကြရာ နယ်စပ်မြို့လေး
မြန်မာ-တရုတ်နယ်စပ်မြို့မူဆယ်တွင် လူအနည်းငယ်ကသာ ဘီလျံနှင့်ချီသော ထိုစီမံကိန်း နှင့် ပထဝီနိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။ မူဆယ်မြို့သည် နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရာမြို့ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်းလမ်းကုန်သွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်၌ကုန်သွယ်ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၅ ဒသမ ၈၃ ဘီလျံဖိုးအထိရှိပါတယ်။
Read more...
Export & Import
Saturday, 24 November 2018 09:23
ထိုင်းနိုင်ငံတွင် ယခုနှစ်နှင့်နောက်နှစ်အတွက် ပြည်ပပို့ကုန် ၈ ရာခိုင်နှုန်းတိုးတက်
ထိုင်းနိုင်ငံတွင် စီမံကိန်းအေဂျင်စီက မည်သို့ပင်ဆိုစေကာမူ ယခုနှစ်နှင့်နောက်နှစ်အတွက် ပြည်ပပို့ကုန် ၈ ရာခိုင်နှုန်း တိုးတက် မည်ဟုမျှော်လင့်ကြောင်း ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနကဆိုသည်။ နိုင်ငံတကာကုန်သွယ်ရေးမှုတိုးတက်ရေးဦးစီး ဌာန ညွှန်ချု့ပ် ဘန်ဂျွန်ဂျစ် အန်ဆူဆင်းကပြောရာတွင် စက်တင်ဘာလ၌ ယမန်နှစ်ကာလတူထက် ၅ဒသမ၂ ရာခိုင်နှုန်း ကျသည့်တိုင်အောင် ပြည်ပပို့ကုန်မှာ အလားအလာကောင်းဆဲရှိကြောင်း ဆိုသည်။ ၂၀၁၈၏ကျန် သုံးလတွင် ပြည်ပပို့ကုန်တစ်လပျမ်းမျ ဒေါ်လာ ၂၁ဘီလီယံ ( ဘတ် ၆၉၂ဒသမ၃၇ဘီလီယံ) ရှိမည်ဟုခန့်မှန်းကြောင်း ဆိုသည်။ ယခုနှစ်ပထမ ကိုးလတွင် ပို့ကုန် ၈ဒသမ၁ ရာခိုင်နှုန်းတိုးကာ ဒေါ်လာ ၁၈၉ဒသမ၇၂ ဘီလီယံရှိကြောင်း၊ သွင်းကုန်မှာ ၁၅ဒသမ၂ ရာခိုင်နှုန်းတိုးကာ ဒေါ်လာ ၁၈၆ဒသမ၈၉ဘီလီယံရှိကြောင်း၊ကုန်သွယ်ရေးပိုငွေပြမှု ဒေါ်လာ ၂ဒသမ၈၃ဘီလီယံဖြစ်လာကြောင်း သိရသည်။ အခြားသတင်းတစ်ရပ်အရ ယခုနှစ်တတိယ၃လပတ် တွင် အရှေ့တောင်အာရှဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ထိုင်း၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃ဒသမ၃ ရာခိုင်နှုန်းသာရှိခဲ့ရာ လွ န်ခဲ့သည့်နှစ်ကာလတူ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၄ဒသမ၆% နှင့်နှိုင်းယှဉ် ကြည့်နိုင် သည်။ ယခင်ဒုတိယသုံးလပတ်နှင့် ယှဉ်လျှင် တိုးတက်မှု လုံးဝမရှိဘဲ ရပ်ဆိုင်းသွားခဲ့ကြောင်း ထိုင်းအစိုးရ ၏ အမျိုးသားစီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ NESDB အတွင်းရေးမှူးချုပ် သိုဆာပွန် ဆီရိဆွန်ဖန်ကသေတင်စာရှင်းလင်းပွဲတွင် ပြောပြချက်အရ သိခဲ့ရပါတယ်။ Source : Myanmar time
Read more...
Export & Import
Saturday, 10 November 2018 04:38
EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားကျရောက်မည်ကို စိုးရိမ်
မကြာမီက ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။ စွပ်စွဲမှု**** လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများ ပြဋ္ဌာန်းမည်၊ မပြဋ္ဌာန်းမည်ကို လေ့လာရန် ဥရောပသမဂ္ဂ(EU)က အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟုအီးယူကုန်သွယ်ရေး အကြီးအကဲ စီစီလီယာမယ်လ်စထရွမ်းကပြောကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ ‘‘ဒီရလဒ်ကို ကျွန်မတို့ချန် ထားလို့မရဘူး။ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေလို့ဖြစ်တယ်’’ ဟု ဩစတြီးယားနိုင်ငံ အင့်စ်ဘရပ်ခ်မြို့၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့်ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။ အရေးယူခြင်း******** မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် မစ္စတာ Kristian Schmidt မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သတ်ပြီး အပြစ်ရှိသည်ဟု ယူဆရသူများကို တဦးချင်းစီ ပစ်မှတ်ထားပြီး ခရီးသွားလာခွင့် ပိတ်ပင်ခြင်းမျိုး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်းမျိုးများ လုပ်ဆောင်မည်ဟု အင်တာဗျူးတွင် ပြောခဲ့ပါသည်။ ထို့ပြင် အီးယူသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ယူရိုငွေသန်း ၂၂၀ ကို ထောက်ပံ့နေသည်ဟု အီးယူသံအမတ် က ပြောခဲ့ပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်း ဆက်သွယ်လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းမှာ ပိတ်ဆို့အရေးယူမှုများ ရှိလာလျှင် စစ်အစိုးရ လက်ထက်က အမေရိကန်စီးပွားရေးပိတ်ဆို့သည့် ပုံစံမျိုး ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါသည်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ဥရောပ သမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများက စဉ်းစားနေကြသော်လည်း ထိုကဲ့သို့အရေးယူ ပိတ်ဆို့ခဲ့ပါက EU နှင့် အများဆုံးဆက်သွယ်လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းများက ထောင်သောင်းချီသော အလုပ်သမားများသည် အလုပ်လက်မဲ့ ဖြစ်လာလိမ့်မည်ဟု ဥရောပသမဂ္ဂ၏ အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ရခိုင်ပြည်နယ်အရေးကိုင်တွယ်ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ပြတ်သားသောဆောင်ရွက်ချက်များထွက်ပေါ်စေရန် မျှော်လင့်သောကြောင့် မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့မှုပြုလုပ် မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်။ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ********************** မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အသိအမှတ် ပြုသောအားဖြင့် ဥရောပဈေး ကွက်သို့ မြန်မာနိုင်ငံကိုအပြည့်အဝလွတ်လပ်စွာဝင်ရောက်ခွင့်ပြု၍ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP)ခွင့်ပြုပေးထားသည်။ ‘‘မြန်မာနိုင်ငံအနေနဲ့ လက်ရှိရရှိထားတဲ့ GSP ခံစားခွင့်တွေကို ပေါ့ပေါ့တန်တန်အလွယ်တကူ ရထားတယ်လို့ မထင်မှတ်ဖို့လို ပါတယ်။ ရခိုင်အရေးကိုင်တွယ်ရာမှာ အပြုသဘောဆောင်တဲ့၊ ပြတ်သားတဲ့ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာစေဖို့လည်း ကျွန်ုပ် တို့မျှော်လင့်လျက်ရှိပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအပေါ် ဘယ်လိုစီးပွားရေးပိတ်ဆို့မှုများကိုချမှတ်ဖို့ အီးယူက ဆုံးဖြတ်ခြင်းမရှိပါဘူး’’ ဟု ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောကြားသည်။ သတိပေး****** မြန်မာနိုင်ငံက ထိုအခွင့်အရေးကို အပြည့်အဝအသုံးချကာ ဥရောပနှင့် ကုန်သွယ်ရာတွင် သွင်းကုန်ထက် ပို့ကုန်ပိုမိုတင်ပို့ ကုန်သွယ်နေသည်ဟု ဥရောပ သမဂ္ဂကိုယ်စားလှယ်က ဆက်ပြောသည်။ သို့သော် ထိုအခွင့်အရေးသည် အခြေခံလူသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို လေးစားလိုက်နာခြင်းနှင့် ဆက်စပ်နေသည်ဟု ၎င်းက သတိပေးသည်။ မြန်မာနိုင်ငံကိုပေးထားသော ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ဥရောပသမဂ္ဂ (အီးယူ) ဘက်က ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလားဆိုခြင်းကို ဆန်းသစ်လေ့လာရန် EU ၏ အချက်အလက်ရှာဖွေရေးအဖွဲ့တခု စေလွှတ်မည့်အကြောင်း အီးယူကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲက ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုထားပါသည်။ အခွန်ကင်းလွတ်ခွင့်************ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်နက်ကလွဲပြီး ကျန်ကုန်ပစ္စည်းများအားလုံးကို အခွန်ကင်းလွှတ်ခွင့်ပေးထားသော ကုန်သွယ်ခွင့် အခွင့်အရေးအပေါ်မှာ ပြန်လည်ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလား ထိုအဖွဲ့ကဆန်းစစ်မည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖေါက်မှုများကို အခြေခံပြီး အီးယူဘက်က ယခုလို အရေးယူရန် စဉ်းစားလာခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်များ၏ ပြောကြားချက်******************** "ဥရောပဈေးကွက်ကိုတော့ Made In Myanmar က ၇၀ ရာခိုင်နှုန်းလောက် သူတို့ဆီကို သွားနေတယ်။ အခုလောလောဆယ်မှာ အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အားက ငါးသိန်းကျော်လောက်ရှိတယ်။ အဲတော့ အကယ်၍သူတို့ဘက်က အခွန်သက်သာခွင့်ကို ပြန်ရုပ်သိမ်းသွားမယ်ဆိုရင်တော့ အဲဒီဈေးကွက်က လျော့သွားနိုင်တယ်။ ပျောက်သွားနိုင်တယ်၊ အဲလို ဆိုရင် ခုဏက လုပ်သားအင်အား ငါးသိန်းကျော် ရှိတဲ့အထဲက ၇၀ ရာခိုင်နှုန်းနဲ့တွက်ရင် လူသုံးသိန်းကျော်လောက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းကို ခြိမ်းခြောက်ခံရနိုင်တာပေါ့။ ပို့တဲ့အခါ ကျနော်တို့က အင်္ကျီတန်ဖိုးတွေပဲပြောတာ။ တကယ်တမ်းကျ မြန်မာပြည်က အင်္ကျီတန်ဖိုးကို ရတာမဟုတ်ဘူး၊ ချုပ်ခပဲရတာ၊ အဲတော့ စုစုပေါင်း ပြီးခဲ့တဲ့နှစ်က ပို့ခဲ့တာဆိုရင် ဒေါ်လာဘီလျံနဲ့ချီပြီး ဥရောပကို ပို့ခဲ့တယ်ပေါ့နော်။ အဓိက ကျနော်တို့ ပြောချင်တာက ကုန်သွယ်မှု ပမာဏထက် အထည်ချုပ်မှာ အလုပ်ကိုင်အခွင့်အလမ်းဆိုတာက အဓိက ကျပါတယ်။ ဒီဈေးကွက်ပျောက်သွားရင် အလုပ်အကိုင်အခွင့်အလမ်းဘယ်လို ဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုပဲ အဓိက ထားပြောကြတာပါ" "လွန်ခဲ့တဲ့ ၂၀၁၅ မတိုင်ခင်ကလည်း EU ရဲ့ Sanction ကို ကျနော်တို့ ကြုံခဲ့ဘူးပါတယ်။ တကယ်လို့ ပိတ်တယ်ဆိုရင်တော့ ဘာတတ်နိုင်မလဲ၊ သူပိတ်တာပေါ့ဗျာ။ ကျနော်တို့ကတော့ မပိတ်စေချင်ဘူးပေါ့ဗျာ။ Trade နဲ့ ပတ်သက်လို့ ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ကျနော်တို့ဘက်ကလည်း ပို့သလောက် အကျိုးစခံစားခွင့်ကိုလည်း ကျနော်တို့က ရချင်တယ်။ သို့သော် မလွဲသာ မရှောင်သာ ပိတ်မယ်၊ EU ဘက်က ပိတ်ဆို့မယ်ဆိုရင် Alternative Market ပေါ့ဗျာ၊ ရှာရမှာပါ၊ တခြားလာမယ့် တရုတ်တို့၊ တရုတ်ကလည်း နီးပါတယ်။ တရုတ်တို့ ဟောင်ကောင်တို့ စသည်ဖြင့်ပေါ့နော်၊ နောက် အမေရိကား US Market အဲဒီဘက်ကို ကျနော်တို့ လှမ်းရမှာပါ။" မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက တကယ်၍ အီးယူဘက်က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရမည်ဆိုလျှင် ၎င်းတို့ဘက်က ဆွေးနွေးမည့် အကြောင်းအရာများကို ယခုလို ပြောပါသည်။ "ကျနော်တို့က ရခိုင်မြောက်အခြေအနေကို ရောက်လည်း မရောက်ဘူး၊ သိလည်း မသိဘူးပေါ့၊ အဲတော့ ကျနောတို့က ကိုသိတဲ့ Sector မှာ ကျနော်တို့ ဒီ EU က အဖွဲ့အစည်းတွေနဲ့ အများကြီးပူးပေါင်းပြီး လုပ်နေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ILO လို၊ နောက် ဥရောပကော်မရှင်က ငွေကြေးထောက်ပံ့ကူညီထားတဲ့ Smart Myanmar တို့လို၊ ဂျာမနီအစိုးရက ထောက်ပံ့ပေးထားတဲ့ AVE တို့လို၊ နယ်သာလန်အစိုးရက ထောက်ပံ့ထားတဲ့ CDI တို့နဲ့ ကျနော်တို့ ပူးပါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလို ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ရလဒ်အားလုံးကို သူတို့ သိရှိပြီးသားဖြစ်ပါတယ်။ Source: BBC/ 7 day/ VOAs
Read more...
First
Prev
...
30
31
32
33
34
...
36
37
38
Next
Last
Search Articles
This site uses cookies to offer you a better browsing experience.
I'm happy with this
I refuse cookies