Toggle navigation
Home
Categories
Advertise With Us
Industry News
Local Industry
Warehouse
Transportation
Port News
Containers
Export & Import
Tenders
Investment
Knowledge
Rules and Regulations
Tips
How To
Port Information
Airport Information
Trade Center
1st Look Review
MIFFA
Member List
About MIFFA
Job Boards
About Us
Terms of use
All Categories
Air Cargos
Air Lines
Air Ticketing Services
Airport Limousines
Airport Services
Airports
Bags [Gunny]
Bags [Paper]
Bags [Penang]
Bags [Plastic]
Bar Coding Equipment & Systems
Boat & Ship Ticketing Services
Boat Rentals
Boat Trips & Excursions
Boxes & Cartons
Buses [Highway]
Buses [Highway] Ticketing Services
Car & Truck Rentals
Cold Storages
Container Services
Courier Services & Delivery Services
Custom Clearing Agents
Distributors
Drums & Barrels
Filling Stations
Fire Extinguisher Refill Services
Fire Extinguishers & Fire Fighting Equipment
Forklifts
Freight Forwarders
Helicopter Hires
Insurance Agents
Labelling & Identification Machines
Logistics Services
Map Publishers
Marine & Aviation Fuel
Moving Services
Packing/Filling & Wrapping Materials & Equipment
Pest Control Services
Ports
Racking Storage Systems
Radio Communication Equipment & Systems
Refrigerated Cargo Services
Ropes & Hawsers
Safety/Road Traffic Safety Product/Sailor's Equipment
Scales & Weighing Equipment
Ship Crewing Agencies
Shipping Agents
Shipping Transportation Services
Shipyards
Storage Services
Supply Chain & Logistics Management Training Centres
Taxi Services
Toll Gates
Traffic Police Stations
Transportation Services
Trolley Carts
Choose Location
Ahlone
Ahlone Township
Amarapura
Amarapura Township
Aung Myay Thar Zan
Aung Myay Thar Zan Township
Bahan
Bahan Township
Botahtaung
Botahtaung Township
Chan Aye Thar Zan
Chan Aye Thar Zan Township
Chan Mya Tharsi
Chan Mya Tharsi Township
Chaung Tha
Dagon
Dagon Seikkan
Dagon Seikkan Township
Dagon Township
Dala Township
Dawbon
Dawbon Township
East Dagon
East Dagon Township
Hlaing
Hlaing Thar Yar
Hlaing Township
Hmaw Bi
Hmawbi Township
Insein
Insein Township
Kamaryut Township
Kamayut
Kyan Khin Township
Kyaukse
Kyauktada
Kyauktada Township
Kyeemyin Daing
Kyeemyindaing Township
Lanmadaw
Lanmadaw Township
Latha
Latha Township
Maha Aung Myay
Maha Aung Myay Township
Mayangone
Mayangone Township
Mingalar Taung Nyunt
Mingalar Taung Nyunt Township
Mingalardon
Mingalardon Township
Monywa
Myawaddy Township
North Dagon
North Dagon Township
North Okkalapa
North Okkalapa Township
Pabedan
Pabedan Township
Pakokku
Patheingyi
Pazundaung
Pazundaung Township
Pyigyi Tagon
Pyigyi Tagon Township
Pyin Oo Lwin
Sanchaung
Sanchaung Township
Seik Kan
Seikgyi Khanaungto Township
Shwe Pyi Thar
Shwe Pyi Thar Township
Sintgaing Township
South Dagon
South Dagon Township
South Okkalapa
South Okkalapa Township
Tada-U Township
Tarmwe
Tarmwe Township
Thaketa
Thaketa Township
Than Lyin
Than Lyin Township
Thingangyun
Thingangyun Township
Yankin
Yankin Township
Search
You are here :
Home
Industry News
Export & Import
Export & Import
Export & Import
Friday, 02 November 2018 06:54
ပြည်ပသွင်းကုန်အစားထိုးအရည်အသွေးမြင့်မှန် စတင်ဖြန့်ချိတော့မည်
ပြည်ပသွင်းကုန်အစားထိုးအဖြစ် စက်မှုဝန်ကြီးဌာနနှင့် ပြည်တွင်းကုမ္ပဏီ International Glass တို့ ပူးပေါင်းထုတ်လုပ်ထားသည့် အရည်အသွေးမြင့်မှန်များကို နိုဝင်ဘာလတွင် ပြည်တွင်းဈေးကွက်သို့ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။ စက်မှုဝန်ကြီးဌာနနှင့် International Glass ကုမ္ပဏီတို့ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီး အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) တွင် ပြည်ပသွင်းကုန်အစားထိုးအဖြစ် အရည်အသွေးမြင့် အကျယ် ၁၂ ပေ၊ အထူ၃ မီလီမီတာမှ ၁၂ မီလီမီတာရှိ မှန်များကို အလိုအလျောက် ဖြတ်တောက်၊ စစ်ဆေး၊ နေရာထုပ်ပိုးချထားသည့်စနစ်များဖြင့် ခေတ်မီစက်သစ်ကြီးများ အသုံးပြုကာ စတင်ထုတ်လုပ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ “အရင်တုန်းက မှန်ထုတ်နိုင်တဲ့ ပမာဏကနည်းပြီး ဆိုက်အသေးတွေပဲ ထုတ်နိုင်တယ်။ ဈေးကွက်က ကျဉ်းကျဉ်းလေးပဲရှိတယ်။ ဆိုက်အကြီးတွေထုတ်နိုင်ဖို့ ခြောက်လလောက်နားပြီး ပြန်ပြင်လိုက်တယ်။ အခု ဈေးကွက်ထဲဖြန့်ဖို့ စထုတ်နေပြီ” ဟု စက်မှုဝန်ကြီးဌာန၊ အမှတ်(၃၆) အကြီးစား စက်ရုံ(ကျောက်ဆည်) မှ အထွေထွေမန်နေဂျာဦးသန်းဆက်က ပြောကြားသည်။ ယခင်က ပြည်တွင်းဈေးကွက် ဖူလုံအောင်ပင် မထုတ်လုပ်နိုင်သည့်အတွက် စက်ရုံကို ခြောက်လခန့်ရပ်နား၍ ပြင်ဆင်ခြင်းများ ပြန်လည်ပြုလုပ်၍ မှန်ဆိုက်အကြီး များကိုပါထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်သို့ စတင်ဖြန့်ချိရန်ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းဈေး ကွက်ဖူလုံပါက ပြည်ပတင်ပို့နိုင်ရန်အတွက်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။ လက်ရှိတွင် ပြည်တွင်းမှန်လိုအပ်ချက်အတွက် တရုတ်နိုင်ငံမှ အဓိကထားတင်သွင်းနေရပြီး ယင်းစက်ရုံမှ မှန်ဆိုက်အကြီးများကိုပါ ထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်သို့ ဖြန့်ချိနိုင်ပါက သယ်ယူပို့ဆောင်ခများ သက်သာကာမှန်ဈေးနှုန်းများလည်း လျော့ကျသွားမည်ဖြစ်ကြောင်း မှန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ အကြီးစားစက်ရုံ (ကျောက်ဆည်) ကို ၂ဝဝဝဝ ပြည့်နှစ်ဝန်းကျင်က အစိုးရတစ်ဦးတည်းပိုင်အဖြစ် မှန်များထုတ်လုပ်ရောင်းချခဲ့ပြီး ၂၀၁၇ ခုနှစ်မှစ၍ International Glass ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မှန်ထုတ်သည့်စက်ရုံမှာ အကြီးစားစက်ရုံ (ကျောက်ဆည်) တစ်ရုံတည်းရှိကာ ပုသိမ်မှန်စက်ရုံကို ရပ်နားထားလိုက်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။ Source:The Voice
Read more...
Export & Import
Tuesday, 30 October 2018 07:32
အီးယူ၏ ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး မရုပ်သိမ်းရန် မြန်မာကုန်သည်များတောင်းဆို
ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံသို့ ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP/ EBA)အစီအစဉ်ကို မရုပ်သိမ်းရန်အတွက် ပြည် တွင်းစီးပွားရေးအသင်းများက တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (UMFCCI) ထံမှ သိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ၌ ဥရောပသမဂ္ဂ၏ မစ်ရှင်အဖွဲ့ခေါင်းဆောင် DG Trade မှMs.Helena Koeninq၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး H.E.Mr. Kristian Schmidt တို့နှင့် ကုန်ည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ဖိနပ်ချုပ်လုပ်ငန်းရှင်များအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြစဉ် လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုသည် အီးယူက မြန်မာနိုင်ငံ၏ လုပ်ငန်းရှင်များက တင်ပြလာသည့်အခြေအနေများ၊ သဘောထားများကို လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားသည်။ “ဒီဘက်ကတော့ တောင်းဆိုတာပေါ့။ အခုဆွေးနွေးပွဲကနေ သူတို့သဘောထားတွေ ဘာတွေက သိရဦးမှာမဟုတ်ဘူးလေ။ သူတို့ကလည်း အဖွဲ့အစည်းနဲ့လုပ်ရတာဆိုတော့”ဟု ၎င်းကပြောဆိုသည်။ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အီးယူ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP/EBA) အစီအစဉ် ရုပ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အခက်အခဲများ၊ GSP ရရှိထားခြင်းကြောင့် ဈေးကွက်ပိုမိုရရှိနေမှု၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနေမှုများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်မှုအပေါ် အကျိုးပြုနေသည့်အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ပါဝင်သည့် အသင်းများထံမှ သိရသည်။ “ဆန်စပါးက ကျွန်တော်တို့ဆီကနေ အီးယူကိုသွားတာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပမာဏနည်းတာရယ်၊ တခြားအခြေအနေတွေကြောင့် ဆန်စပါးကဏ္ဍအတွက်ကတော့ အလားအလာကောင်း မယ့်အခြေအနေတော့ရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီး အီးယူက ၂၀၁၃ ခုနှစ်မှစတင်ကာ GSP ခွင့်ပြုပေးခဲ့ပြီး မြန်မာမှ အီးယူနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့မှုအများဆုံးပို့ကုန်ကဏ္ဍမှာ အထည်ချုပ်ပို့ကုန်များ (CMP) ဖြစ်ပြီး ပြည်ပတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းမှာ အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။လတ်တလောတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဘင်္ဂလီအရေးကြောင့် အဆိုပါကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ Source :
Read more...
Export & Import
Monday, 29 October 2018 03:28
ဆက်ရှိနေဦးမယ့် ကုန်သွယ်ရေးလိုငွေ
မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုကဏ္ဍ မဖွံ့ဖြိုးသေးသည့်အတွက် အခြားနိုင်ငံများမှ သွင်းကုန်များကို အားထားနေရသော နိုင်ငံတနိုင်ငံဖြစ်သည်။ထို့အတွက် နိုင်ငံတကာနှင့်ကုန်သွယ်မှုတွင် သွင်းကုန်က ပို့ကုန်ထက် များပြားလေ့ရှိပြီး ကုန်သွယ်ရေးတွင် နှစ်စဉ် လိုငွေပြလေ့ရှိသည်။ ကုန်သွယ်ရေးလိုငွေသည် ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နှစ်အလိုက် များလာခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် အနည်းငယ် ပြန်လည်လျော့ကျလာခဲ့သည်။ ဦးသိန်းစိန် လက်ထက် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ အထိ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ဘီလျံသာ ရှိခဲ့သည်။ နိုင်ငံတကာနှင့် ကုန်သွယ်မှု ပြုရာတွင် သွင်းကုန်ကို ဒေါ်လာဖြင့် ပေးချေတင်သွင်းကြရာ သွင်းကုန်များခြင်းကြောင့် ဖြစ်လာသော ကုန်သွယ်မှုလိုငွေက ဒေါ်လာလိုအပ်ချက်ကို ကြီးမားလာစေသည်။ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်း မြင့်တက်ခြင်း၏ အကြောင်းရင်းများထဲတွင် ကုန်သွယ်မှုလိုငွေပြခြင်းသည် ပြည်တွင်းအကြောင်းအချက်တစ်ခုအဖြစ် တိုက်ရိုက်ပတ်သက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကာလနှင့်အတူ နိုင်ငံအတွက် လိုအပ်သောအခြေခံအဆောက်အအုံများ တည်ဆောက်နေရသည့်အတွက် သွင်းကုန်လိုအပ်ချက် ပိုမိုကြီးမားခဲ့ပြီး ကုန်သွယ်ရေး လိုငွေများပြားလာခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်များက ပြောဆိုကြသည်။ကုန်သွယ်ရေးလိုငွေကို လျှော့ချနိုင်ရန်မှာ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရန် လိုနေပြီး အစိုးရကလည်း ကြိုးပမ်းလျက်ရှိသည်။ ''ဒီကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့က အဓိက ပို့ကုန်တိုးမြှင့်နိုင်ဖို့ အရေးကြီးတယ်။ ပို့ကုန် တိုးမြှင့်နိုင်ရင် သွင်းကုန်တင်သွင်းမှု ဘယ်လောက်ပဲများများ၊ ဟိုဘက်က လူသုံးကုန်ပစ္စည်းတွေ (တင်သွင်းမှု) ဘယ်လောက်ပဲများများ ကျွန်တော်တို့ ပို့ကုန်တိုးမြင့်လာရင် သွင်းကုန်နဲ့ ပို့ကုန်က ညီမျှသွားမှာပဲ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက အောက်တိုဘာ၁၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ လက်ရှိအချိန်တွင် ပို့ကုန်တိုးမြှင့်ရန်အတွက်လည်း အခွင့်အလမ်းများ ရှိနေသည်။ ကျွဲ၊ နွားအရှင် တင်ပို့ခြင်း ကဲ့သို့သော ပို့ကုန်မဟာဗျူဟာပါ ဦးစားပေးကဏ္ဍများကို ဆက်လက် အကောင်အထည် ဖော်မည်ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ယခုအစိုးရလက်ထက်တွင် ကျွဲ၊ နွားအရှင်တင်ပို့ခွင့်ပြုခြင်းဖြင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုတွင် အဆပေါင်းများစွာ တိုးတက်တင်ပို့ နိုင်ခဲ့သည်။ ထိုကဏ္ဍက ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာရှစ်သန်းဖိုးသာ တင်ပို့နိုင်ခဲ့သော်လည်း ယခုခွင့်ပြုခဲ့သည့် တစ်နှစ်အတွင်း ကန်ဒေါ်လာ ၁၇၈ သန်းဖိုးအထိ တင်ပို့နိုင်ခဲ့သည်။ ''မဟာဗျူဟာမှာရှိတဲ့ အဓိကပို့ကုန်တွေကို ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်အမည်သစ်၊ ကဏ္ဍသစ်တွေဆက်ပြီးတော့ တိုးချဲ့ဆောင်ရွက်သွားပါမယ်''ဟု ၄င်းက ပြောသည်။ဆက်လက်တိုးချဲ့မည့် ဦးစားပေးပို့ကုန်များတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ ကျောက်မျက်အထည်များ၊ လယ်ယာထွက်ကုန် အခြေခံစားသောက်ကုန်များ၊ လက်မှုပစ္စည်းများ ပါဝင်လျက်ရှိသည်။ ထို့ပြင် ပဲတင်ပို့မှုအတွက် အိန္ဒိယနိုင်ငံနှင့် အစိုးရချင်း လက်မှတ်ထိုးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုင်းနိုင်ငံသို့ ကြက်သွန်နီတင်ပို့နိုင်ရန်လည်း ဆွေးနွေးနေသည်ဟု ဦးရန်နိုင်ထွန်းက ပြောသည်။ ထို့ပြင် ယခု အစိုးရတက်ခါစက ရပ်ဆိုင်းထားခဲ့သော သတ္တုလုပ်ကွက်များကို ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ သတ္တုတွင်းထွက်သည် အလားအလာကောင်းသော ပို့ကုန်ဖြစ်လာနိုင်သည်။ သတ္တုလုပ်ကွက်များကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုခြင်းသည် သတ္တုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု တာဝန်ရှိသူများက ပြောထားသည်။ သတ္တုတွင်းထွက် တင်ပို့မှုသည်၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၆၈ သန်းကျော်သာ တင်ပို့ခဲ့ရသော်လည်း ၂ဝ၁၇−၁၈ တွင် နှစ်ဆနီးပါး (ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံခန့်) အထိ တင်ပို့ခဲ့ရသည်။ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရန်အတွက် အလားအလာရှိသော ပို့ကုန်များကို တွန်းအားပေးသွားမည် ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း နိုင်ငံအတွက် ဇိမ်ခံပစ္စည်းနှင့် အရက်ဘီယာတင်သွင်းမှုမျိုးကို ထိန်းချုပ်သွားမည်ဖြစ်သည်။ ''တိုင်းပြည်အတွက် တချို့ မလိုတဲ့ဇိမ်ခံပစ္စည်းတွေ၊ မလိုအပ်တဲ့ စားသောက်ကုန်လို ဟာမျိုးတွေ၊ ဥပမာ အရက်၊ ဘီယာလိုဟာမျိုး၊ ဒါတွေကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့ စဉ်းစားပါမယ်''ဟု ဦးရန်နိုင်ထွန်းက ပြောသည်။ လက်ရှိကုန်သွယ်မှုတွင် လိုငွေပြနေသော်လည်း ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ တင်သွင်းရာတွင် ငွေပေးချေရခြင်း မရှိသော ပစ္စည်းများ တင်သွင်းမှု (In Kind) များရှိနေသဖြင့် မိမိနိုင်ငံတွင်းမှ ငွေများ စီးထွက်သွားခြင်း မဟုတ်ဟုလည်း ၄င်းက ဆိုသည်။ ပြည်တွင်းသို့တင်သွင်းသော သွင်းကုန်များကို ကုန်ပစ္စည်း အုပ်စု သုံးစု ခွဲထားပြီး ပထမအုပ်စုဖြစ်သော ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုသည် ယခင်အစိုးရလက်ထက်တွင် နှစ်စဉ် တိုးတက်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင်မူ ပြန်လည်လျော့နည်းလာသည်။၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာဒေါ်လာ ၈ ဒသမ ၂ ဘီလျံ ကျော်အထိ တင်သွင်းခဲ့ရသော်လည်း၂ဝ၁၆−၁၇ တွင် ကန်ဒေါ်လာ ခုနစ်ဘီလျံခန့်နှင့် ၂ဝ၁၇−၁၈ တွင် ကန်ဒေါ်လာခြောက်ဘီလျံခွဲ ခန့်သာ တင်သွင်းခဲ့သည်။ ပြီးခဲ့သည့် ခြောက်လ ဘတ်ဂျက်တွင်လည်း ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံခန့်သာ တင်သွင်းခဲ့သည်။ ''ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေ တင်သွင်းမှုကျသွားတယ်ဆိုတာ အဓိကပေါ့။ နောက်တစ်ခု လေယာဉ်နဲ့ လေယာဉ်ပစ္စည်းတွေ ပါတယ်။ ကားကတော့ တဖြည်းဖြည်း လျော့သွားတဲ့ အနေအထားမှာ ရှိပါတယ်''ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ပြောသည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်းရာဂဏန်းအထိ ရှိသော လေယာဉ်နှင့် လေယာဉ်ပစ္စည်း၊ သင်္ဘောနှင့် သင်္ဘောအပိုပစ္စည်းများ တင်သွင်းသည့်နှစ်တွင်သွင်းကုန်တန်ဖိုးလည်း များလေ့ရှိသည်ဟု ဆိုသည်။ ''ဒါတွေကလည်း နှစ်အလိုက်ပေါ့။ တင်သွင်းတာရှိရင် သွင်းကုန်တန်ဖိုး များလာတဲ့ သဘောရှိတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများစာရင်းတွင် အထက်ပါပစ္စည်းများအပြင် စက်နှင့် စက်ပစ္စည်း၊ဆောက်လုပ်ရေးပစ္စည်း၊ ဝါယာကြိုးစသည်ဖြင့် ပါဝင်သည်။ ဒုတိယအုပ်စုဖြစ်သော လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းမှုတွင်မူ ယခုအစိုးရ လက်ထက်တွင် ပိုများလာသည်။ ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံခန့် တင်သွင်းခဲ့သော်လည်း နောက်ဘဏ္ဍာနှစ်တွင် ဒေါ်လာခြောက်ဘီလျံကျော်ရှိခဲ့သည်။၂ဝ၁၇−၁၈တွင်မူ ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံဖိုးအထိ တင်သွင်းခဲ့သည်။ ထိုအုပ်စုတွင် လုပ်ငန်းသုံးစက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်ကုန်ကြမ်း၊ စက္ကူ စသည်ဖြင့်ပါဝင်သည်။ တတိယကုန်စည်အုပ်စုဖြစ်သော လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုတွင်မူ ယခင်အစိုးရ လက်ထက်ရော ယခုအစိုးရ လက်ထက်တွင်ပါ နှစ်စဉ်တိုးတက်လျက်ရှိသည်။ ၂ဝ၁၅−၁၆ တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖိုး တင်သွင်းခဲ့ရာ၂ဝ၁၇−၁၈ တွင် ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံဖိုးအထိ တင်သွင်းခဲ့သည်။ နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ကုန်ပစ္စည်းအုပ်စု ခုနစ်ခုရှိပြီး ခုနစ်ခုလုံး တိုးတက်လျက်ရှိသည်။ စက်မှုကုန်ချောတင်ပို့မှုသည် ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံဖိုးသာရှိခဲ့သော်လည်း ၂ဝ၁၇−၁၈ တွင် ကန်ဒေါ်လာ ခုနစ်ဘီလျံ နီးပါးအထိ တင်ပို့နိုင်ခဲ့သည်။ အဓိကအားဖြင့် စီအမ်ပီ (လက်ခစားစနစ် လုပ်ငန်းထုတ်ကုန်) ပစ္စည်းနှင့် သဘာဝဓာတ်ငွေ့တို့ ပိုမိုတင်ပို့နေရသည်။ကုန်သွယ်မှု ကိန်းဂဏန်းများကို နှစ်အလိုက်ကြည့်လျှင် ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်က သွင်းကုန် စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံကျော်သာ ရှိခဲ့ရာ ၂ဝ၁၇−၁၈ တွင် ကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံကျော်အထိ ရှိခဲ့သဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ ပိုများလာကြောင်း တွေ့ရသည်။ ပို့ကုန်တန်ဖိုးတွင်လည်း ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၁ဘီလျံကျော်သာရှိခဲ့ရာ ၂ဝ၁၇−၁၈ တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလျံကျော်အထိ ရှိသဖြင့် ကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရသည်။ အထက်ပါအချက်များအရ ပို့ကုန်ရငွေတန်ဖိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း သွင်းကုန်ကို အားထားနေရဆဲ ဖြစ်သည့်အတွက် ကုန်သွယ်ရေးလိုငွေက ပြနေဆဲသာ ဖြစ်သည်။ ကုန်သွယ်ရေး လိုငွေလျှော့ချနိုင်ရန် နိုင်ငံကုန်ထုတ်လုပ်မှုကဏ္ဍ အားကောင်းလာရေး နှင့် ဈေးကွက်ရှာဖွေနိုင်မှုတို့ကများစွာ အရေးပါနေသည်။ Credit : Myanmar Time
Read more...
Export & Import
Friday, 26 October 2018 03:44
ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ဒေါ်လာ ၃၁ ဘီလီယံကျော်ရရှိမည်ဟုခန့်မှန်းထားခဲ့
ရေကြောင်းကုန်သွယ်ရေးတွင် ကုန်သေတ္တာများက ကုန်သွယ်မှု၌ အဓိကကျဆဲဖြစ်သည်။ပို့ကုန်ပမာဏတိုးတက် လာခြင်းကြောင့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိခဲ့ရပါတယ်။ မြန်မာနိုင်ငံမှ ပို့ကုန်ကန်ဒေါ်လာ ၁၅ ဘီလီယံခွဲနှင့် သွင်းကုန်ပမာဏကန်ဒေါ်လာ၁၆ဘီလီယံရရှိမည်ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ်တိုးမြင့်လာခဲ့ပြီး ကုန်သွယ်မှုလိုငွေပမာဏလျော့နည်းလာမည်ဟု ဦးရန်င်ထွန်း ပြောပြချက်အရ သိခဲ့ရပါတယ်။ ၂၀၁၈ ဧပြီမှ စက်တင်ဘာ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် တိုးတက်မှုအများဆုံးက အထည်ချုပ်ကဏ္ဍဖြစ်နေခဲ့ပါတယ်။ ပို့ကုန်ပမာဏ တိုးတက်လာသော အထည်ချုပ်ကဏ္ဍအတွက် ခြိမ်းခြောက်မှုများကို စီးပွာရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည်ဟု တာဝန်ရှိသူအချို့က ပြောခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ပို့ကုန်ကဏ္ဍ၌ ပြည်ပချုပ်ထည်တင်ပို့မှုက အလားအလာအကောင်းဆုံး ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကခန့်မှန်းထားခဲ့ပါတယ်။ ၂၀၁၈ ဧပြီမှ စက်တင်ဘာအတွင်း ချုပ်ထည်ပြည်ပ တင်ပို့မှုက မြန်မာနိုင်ငံ ပို့ကုန်ပမာဏ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ကျော်ရှိနေခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပို့ ကုန်ကဏ္ဍတွင် ဆန်စပါး၊ ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်တင်ပို့မှု ပုံမှန်အခြေအနေတွင်ရှိနိုင်သည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိခဲ့ရပါတယ်။ Source : 7 Day Daily
Read more...
Export & Import
Thursday, 25 October 2018 17:38
ကုန်သွယ်မှုလိုငွေ ထိန်းချုပ်နိုင်ရေး သွင်းကုန်တချို့ ထိန်းချုပ်ဖို့ ဆောင်ရွက်မည်
ကုန်သွယ်မှုလိုငွေ လျော့ကျနိုင်ရေးအတွက် အရက်၊ ဘီယာ စတဲ့ သွင်းကုန်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်။ ကုန်သွယ်မှုလို ငွေ လျော့ကျနိုင်ရေးအတွက် အချို့မလို အပ်တဲ့ ဇိမ်ခံပစ္စည်းနဲ့ စားသောက်ကုန် ပစ္စည်းတွေဖြစ်တဲ့ အရက်၊ ဘီယာ စတဲ့ သွင်းကုန်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ဆောင် ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါ တယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက “ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းတွေ ဖိတ်ခေါ်နေချိန်မှာ ရင်းနှီးမြှုပ်နှံမှု နဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ တင် သွင်းတာတို့ ၊ ထုတ်လုပ်မှုလုပ်မယ့် ကုန်ပစ္စည်း တွေ တင်သွင်းတာတို့ဆိုတဲ့နေရာ မှာ သွင်း ကုန် တိုးမြင့် လာတဲ့အတွက်ကို ကျွန်တော် တို့ တားလို့မရဘူး၊ ဘယ်လိုဟာ မျိုးတွေမှာ တားဖို့ စဉ်းစားသလဲဆိုတော့ တိုင်းပြည် အတွက် တချို့သော မလိုတဲ့ဇိမ်ခံ ပစ္စည်း တွေ တချို့မလိုအပ်သော စားသောက် ကုန်လိုဟာမျိုးတွေ ဥပမာ မနေ့က ဆိုရင် အရက်ဘီယာလိုဟာမျိုး ဒီလိုဟာမျိုးတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ကျွန်တော် တို့ စဉ်းစားတယ်” လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။ သူကဆက်ပြီး “ဒီကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့က အဓိက ပို့ကုန်တိုးမြှင့်နိုင် ဖို့ ကအရေးကြီးတယ်၊ ပို့ကုန်တိုးမြှင့်နိုင်ရင် သွင်းကုန် တင်သွင်းမှုဘယ်လောက်ပဲ များ များ ကျွန်တော်တို့ ပို့ ကုန်တိုးမြှင့်လာရင် သွင်းကုန်နဲ့ပို့ကုန်က ညီမျှသွားမှာပဲ၊ နိုင်ငံ အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းတွေလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဒီလိုတင်သွင်းတဲ့အပေါ်မှာ ထိန်းချုပ်ဖို့ မရှိဘူး၊ လူသုံးကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး လိုအပ် တဲ့ ဥစ္စာကိုတော့ ကျွန် တော်တို့ ထိန်းချုပ်ပြီး ဆောင်ရွက်နေ တယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရင်က ကုန်သွယ်မှုလို ငွေမရှိခဲ့ပေမဲ့ ၂၀၁၂ခုနှစ် နောက် ပိုင်းမှာ ကုန်သွယ်မှုလိုငွေဖြစ် လာတဲ့ အနေ အထားဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေ အများဆုံးက ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှာ ကုန်သွယ်မှုလိုငွေအများဆုံးဖြစ်ပြီး ကုန် သွယ်မှု လိုငွေ ၅.၄၁ ဘီလျံ အထိရှိပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှု လိုငွေ ကတော့ ၅.၂၁ ဘီလျံအထိရှိပြီး ပြန် ကျ သွား ပါတယ်။ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ကာလမှာတော့ မနှစ်က ကာလတူထက် ကုန်သွယ်မှုလို ငွေက ကျပ် သန်း ၅ဝဝ ခန့်လျော့သွားပြီး ကုန်သွယ်မှုလိုငွေ ၁.၃ ဘီလျံခန့်ရှိခဲ့တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေး အတွက် တစ်ဖက်မှာလည်း ပို့ကုန်တိုးမြှင့် ဆောင် ရွက်နိုင်ဖို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ရေးကဏ္ဍ၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့ရေးကဏ္ဍ တွေမှာ ကုန်သွယ်မှုပမာဏ ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးအတွက် ဆောင် ရွက် ရမယ့်ကိစ္စရပ်တွေမှာ ကုန်သွယ်မှု စေ့စပ် ညှိနှိုင်းရေးကလည်း အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာ လ အထိ(ခြောက်လ) ကာလတိုအတွင်း ကုန်သွယ် မှုမှာ ပို့ကုန်ဟာ အမေရိ ကန်ဒေါ်လာ ၈.၅၁၂ ဘီလျံဖြစ်ပြီး သွင်းကုန်က ဒေါ် လာ ၉.၈၃၄ ဘီလျံဖြစ်တဲ့အတွက် ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၁၈့၃၄၇ ဘီလျံရ ရှိခဲ့ ပြီးဖြစ်တယ်လို့ သိရပါတယ်။ သည်နှစ် ကုန်သွယ်မှုပမာဏမှာ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုက ၂၇ ရာခိုင်နှုန်း ဖြစ် ပြီး နယ်စပ်ကုန်သွယ်မှုက ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ “ကုန်သွယ်မှုလိုငွေလျော့ကျအောင် ပို့ကုန် ပမာဏသုံးဆ တိုးမြှင့်ရန် ဆောင် ရွက်ရည်မှန်းထားပါတယ်၊ ကုန်သွယ်မှု လို ငွေ လျှော့ချနိုင်ရေးအတွက် အဓိက အခြေ အနေကလဲပို့ကုန် တိုးမြှင့်ဆောင်ရွက် ခြင်း က ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ဖို့ အတွက် အဓိက အကြောင်းအရာ တစ်ခုဖြစ် ပါတယ်”လို့ ဦးရန်နိုင်ထွန်းကပြောပါတယ်။ ပြီးခဲ့တဲ့မီနီဘတ်ဂျက် ခြောက်လတာ ကာလမှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက် နိုင်ငံ၁၈၄ နိုင်ငံရှိပြီး သည်ကုန်သွယ်ဖက် နိုင်ငံတွေထဲမှ အများဆုံး ကုန်သွယ်ဖက် ၁ဝနိုင်ငံကတော့ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊မလေးရှား၊အင်ဒိုနီးရှား၊ အမေရိကန်၊ဗီယက်နမ်နဲ့ တောင်ကိုရီးယား တို့ ဖြစ်တယ်လို့ သိရပါတယ်။ credit: The Voice
Read more...
Export & Import
Tuesday, 23 October 2018 17:48
ခြောက်လအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့
၂ဝ၁၈ (ဧပြီမှ စက်တင်ဘာ) ကြားကာလ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။ ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ခြောက်လတာ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော် ဖြစ်သည်။ ထို့အတွက် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လျော့ကျခဲ့သည်။ ကုန်သွယ်မှုကိုကြည့်လျှင် ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုများသည် ကာလတူထက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့သည်။ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းများသည် ကာလတူထက် ပို့ကုန်ဝင်ငွေလျော့နည်းခဲ့သည်။ စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် ပါဝင်သော CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ၄င်းနောက်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် ဒုတိယအများဆုံးပို့ကုန် ဖြစ်ခဲ့သည်။ တိရိစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ပါဝင်သော ကျွဲ၊ နွားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့သည်။ သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် ကာလတူထက် ပိုမိုတင်သွင်းမှုရှိခဲ့သည်။ ''ကုန်သွယ်မှုလိုငွေ ဘာလို့ရှိနေလဲဆိုတော့ နိုင်ငံဟာ တည်ဆောက်နေဆဲကာလဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်း ဝင်လာတယ်၊ ရည်ရွယ်ချက်ကတော့ ပို့ကုန် ပိုမိုတင်ဖို့ပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ပိုဝင်လာမယ်ဆိုရင် လိုငွေက ရှိနေဦးမှာပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများကို တင်ပို့/တင်သွင်း ခွင့်ပြုခြင်း၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားသားများအား ရာနှုန်းပြည့်ခွင့်ပြုခြင်းတို့ကို ၂ဝ၁၈ အတွင်း ခွင့်ပြုခဲ့သည်။ credit : myanmar time
Read more...
Export & Import
Friday, 19 October 2018 07:50
ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ အကျိုးခံစားခွင့်များ
ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများသည် ပင်လယ်ရေကြောင်း နှင့် နယ်စပ်ဒေသများမှ တစ်ဆင့်ပုံမှန် ကုန်သွယ်မှု (Conventional Trade) စနစ်ဖြင့်သော် လည်းကောင်း ၊ နယ်စပ်ဒေသများမှ တစ်ဆင့် (Border Trade) စနစ်ဖြင့်သော်လည်းကောင်း သတ်မှတ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံတော်မှ အခါအားလျော်စွာ ပိတ်ပင်ထားသော ပစ္စည်းများမှအပ ကျန်သည့် ပစ္စည်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ရှိသည်။ ပြည်ပမှ တင်သွင်းခွင့်မပြုရန် အခါအားလျော်စွာ သတ်မှတ်ထားသည့် ပစ္စည်းများမှအပ ကျန်ပစ္စည်းများကို ပြည်ပသို့ပို့ကုန်များ တင်ပို့ရောင်းချခြင်းဖြင့်ရရှိသည့် နိုင်ငံခြားငွေဖြင့် ဖြစ်စေ ၊ အခြား တရားဝင်ရရှိပြီး သတ်မှတ်သည့် အခွန်အခများ ပေးဆောင်ပြီးသည့်ငွေဖြင့် ဖြစ်စေ၊ နယ်စပ်ကုန်သွယ်မှုအတွက် နယ်စပ်စခန်းတိုင်း တွင် သတ်မှတ်ထားသည့် ငွေကြေးအမျိုးအစားဖြင့် ဖြစ်စေ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ သွင်းကုန်များ တင်သွင်းခွင့်ရှိသည်။ ပြည်ပမှ တင်သွင်းသောပစ္စည်းများ နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သီးခြားကန့်သတ်ထားသော ကုန်ပစ္စည်းများအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ပြည်တွင်း၌ ကြိုက်နှစ်သက်ရာ အစီအစဉ် ဖြင့် ဖြန့်ဖြူးရောင်းချခွင့်ရှိသည်။ Source : ကုန်သွယ်မှု့ကွန်ယက်
Read more...
Export & Import
Saturday, 13 October 2018 07:22
တရုတ်က အမေရိကန်နှင့် ကုန်သွယ်ရာ၌ စက်တင်ဘာလတွင် ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင်ပိုငွေပြ
ကုန်သွယ်ရေးစစ်ပွဲဟုတင်စားကြသည့် ပို့ကုန်အများ အခွန်တိုးမြှင့်ကောက်ခံနေရသည့်ကြားမှ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် စက်တင်ဘာလအတွင်း ပိုငွေ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင် ပိုငွေပြခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်မှ အမေရိကန်သို့ ပို့ကုန်သည် စက်တင်ဘာတွင် ဒေါ်လာ ၄၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး တရုတ်သို့ အမေရိကန်မှ သွင်းကုန်သည် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံဘိုး ရှိခဲ့ကြောင်း သိရသည်။ တရုတ်၏နည်းပညာဆိုင်ရာ မူဝါဒကို အပြစ်ဖို့လျက် အမေရိကန်က တရုတ်သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေသည့်ကြားမှ တရုတ်သွင်းကုန်များ အားကောင်းနေခြင်းဖြစ်သည်။ "အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လွန်ခဲ့တဲ့လက ပို့ကုန်တွေက ဆက်လက်ဖီဆန်ခဲ့ပေမယ့် ပြည်တွင်း ဝယ်လိုအား အေးစက်နေတာကို သွင်းကုန်တွေ ခံစားနေရတယ်"ဟု လန်ဒန်အခြေစိုက် စီးပွားရေးသုသေတနဌာနမှ စီးပွားရေးပညာရှင် ဂျူလီယန် အီဗန်စ် ပရစ်ချတ်ကပြောဆိုသည်။ အမေရိကန်နှင့်ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေပြမှုသည် စက်တင်ဘာတွင် ဒုတိယမြောက် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၏ စက်တင်ဘာလ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်ထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၂၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ရာ သြဂုတ်လထွက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ သွင်းကုန်လည်း ၁၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၁၉၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်လအတွင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် ပြည်တွင်းဝယ်လိုအား အေးစက်လာခြင်းအပေါ်လည်း အခြေပြုသည်။ နိုင်ငံတော်က ဦးဆောင်နေသည့် ရိုဘော့နှင့် အခြားနည်းပညာဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာစီမံကိန်းများပမာဏကို လျှော့ချရန် ဖိအားပေးမှုများအား တရုတ်ခေါင်းဆောင်များက ငြင်းပယ်ခဲ့သည်။ Source : Myanmar Time
Read more...
Export & Import
Friday, 12 October 2018 08:11
တရုတ်နိုင်ငံ ပို့ကုန်၊သွင်းကုန်အပေါ်အခွန်ကောက်ခံမှု
တရုတ်နိုင်ငံသည် အထည်အလိပ် ထုတ်ကုန်များနှင့် သတ္တုများအပေါ် သွင်းကုန် အခွန်ကောက်ခံခြင်းအား နိုဝင်ဘာလ၁ ရက် နေ့မှ စကာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒ သမ ၄ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံသည် အမေရိကန်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံကြီးများနှင့် တင်းမာမှု မြင့်တက်နေချိန်အတွင်း သွင်းကုန်များကို တိုးမြှင့်ရန် လိုအပ်သည်များ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဇူလိုင်လအစောပိုင်းတွင် တရုတ်နိုင်ငံသည် အဝတ်အစား၊ အလှကုန်၊ အိမ်သုံးပစ္စည်း များ၊ အားကစားပစ္စည်းများအတွက် သွင်း ကုန်အခွန် လျှော့ချပေးခဲ့ပါတယ်။ သစ်နှင့် စက္ကူ၊ သတ္တု၊ ကျောက်မျက်ရတနာ သွင်းကုန်များအတွက် အခွန်ကိုလည်း ၆ ဒသမ ၆ ရာခိုင်နှုန်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း သို့ လျှော့ချပေးလိုက်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားခဲ့ပါတယ်။ ကုန်စည်အမျိုးပေါင်း ၁၅ဝဝ ကျော်အ တွက်ပျမ်းမျှ တင်သွင်းခန်ကို ၁ဝ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်းလည်း အဆိုပါ ကြေ ညာချက်တွင် ဖော်ပြထားခဲ့ပါတယ်။ မြင့်တက်လာသော အမေရိကန်နှင့်ကုန် သွယ်ရေးစစ်ပွဲကို ဆက်လက် တိုက်ပွဲဝင်ရန် အတွက် စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်း၊ အဝတ်အထည်များအတွက် သွင်း ကုန် အခွန်ကို နိုဝင်ဘာလ ၁ရက်နေ့မှ စကာ လျှော့ချသွားည့် အစီအစဉ်များကို တရုတ် အစိုးရအဖွဲ့က ကြေညာထားခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်တွင် ၉ဒသမ၈ ရာခိုင်နှုန်းရှိ သော သွင်းကုန်အခွန်များကို ၂ဝ၁၈ ခုနှစ် တွင် ၇ဒသမ၅ ရာခိုင်နှုန်းသို့ လျှော့ချသွား မည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောပြချက်အရ သိခဲ့ရပါတယ်။ Source : MYANMAR BUSINESS TODAY
Read more...
First
Prev
31
32
33
...
35
36
37
38
39
...
Next
Last
Search Articles
This site uses cookies to offer you a better browsing experience.
I'm happy with this
I refuse cookies