Export & Import

Thursday, 22 July 2021 14:10

COVID-19 ရောဂါရှာဖွေစစ်ဆေးရာသည့် Test Kits များ တင်သွင်းခြင်းအတွက် အသိပေးကြေငြာချက် FDA မှ ထုတ်ပြန်

COVID-19 ရောဂါရှာဖွေစစ်ဆေးရာတွင် အသုံးပြုသော Test Kits များ တင်သွင်းခြင်းအတွက် ဖြေလျော့ပေးသည့် အသိပေးကြေငြာချက်ကို FDA မှ ထုတ်ပြန်ထားပါသည်။

Thursday, 15 July 2021 01:32

မရမဖြစ် Oxygen အောက်ဆီဂျင် တင်သွင်းခြင်း ထုတ်လုပ်ခြင်း

မရမဖြစ် Oxygen အောက်ဆီဂျင် တင်သွင်းခြင်း ထုတ်လုပ်ခြင်း

Tuesday, 13 July 2021 11:57

Mask Non Medical Use ဖြစ်ပါက FDA မလိုအပ်

COVID-19 ရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ ဖြေလျော့ဆောင်ရွက်ပေးနေမှုဆိုင်ရာသတင်းထုတ်ပြန်ချက်

Tuesday, 06 July 2021 08:59

မူဆယ်နယ်စပ်ဂိတ် နွားအကောင် ၇ ထောင် သောင်တင်နေ

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ကုမ္ပဏီတစ်ခုစီအား တိရစ္ဆာန်တင်ပို့မှု ၁၀၀ အတွက် ခွင့်ပြုချက်ပေးပြီး ခွင့်ပြုချက်သည် သုံးလသက်တမ်းရှိသည်။ သုံးလအတောအတွင်း ကျွဲနွားများကိုမရောင်းပါကကုမ္ပဏီများအားတရား ၀င်အရေးယူနိုင်သည်။

Thursday, 01 July 2021 09:12

ပြည်ပတင်သွင်းကားများ အကောက်ခွန် နှုန်းထား လျှော့ချ

လူစီးမော်တော်ယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မှု SKD စနစ် ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်ပြီး အင်ဂျင်ပါဝါ နှစ်ထောင်အောက် လူစီးကားတွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

Thursday, 21 January 2021 02:38

Myanmar Trade NET ဖြင့် နှစ်လခွဲအတွင်း သွင်းကုန် ထုတ်ကုန် လိုင်စင် ၂, ၃၀၀ ကျော် ထုတ်ပေးနိုင်ခဲ့

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနသည် Myanmar Trade NET 2.0 ဖြင့် အဆင့်လိုက် စတင်ဆောင်ရွက်ခဲ့သည့်

Thursday, 31 December 2020 00:36

ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန် ထားပါသည်။

Thursday, 31 December 2020 00:33

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ကြောင်း ကြေညာ

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၇၅ /၂၀၂၀ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက် (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။ သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ခြင်း ၁။ COVID - 19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ အခွန်အခများကို ဖြေလျှော့ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိအား အမိန့်ကြော်ငြာစာအမှတ် ၂၃/ ၂၀၂၀ ဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိအား အမိန့်ကြော်ငြာစာအမှတ်၊ ၆၄/ ၂၀၂၀ ဖြင့်လည်းကောင်း ထပ်မံထုတ်ပြန်၍ ကာလတိုးမြှင့်ဆောင်ရွက်ပေး ခဲ့ပါသည်။ ၂။ အဆိုပါ သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံကာလတိုးမြှင့်သတ်မှတ် လိုက်သည်။ ဒေါက်တာသန်းမြင့် ပြည်ထောင်စုဝန်ကြီး

Monday, 28 December 2020 03:39

COVID-19 သက်ရောက်မှုများကြားတွင် အာဆီယံနှင့် ရှန်ဟိုင်းအကြား ကုန်သွယ်မှု အားကောင်းဆဲ

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေဆဲဖြစ်သော်လည်း ရှန်ဟိုင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ကုန်သွယ်မှုသည် ယခုနှစ်တွင် ဆက်လက်အားကောင်းဆဲဖြစ်ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ သတင်းအချက်အလက်များအရ သိရသည်။