Export & Import

Tuesday, 23 January 2018 09:37

တရုတ်ဆိပ်ကမ်းများ လုံခြုံရေးတင်းကျပ်ထား၍ မြန်မာဘက်မှ ပို့ကုန်ထက်ဝက်ကျော် လျော့ကျ

မူဆယ်မှ ရွှေလီမြို့သို့ ကုန်စည်တင်ပို့သည့် ဆိပ်ကမ်း များတွင် နယ်ခြားစောင့်ရဲများ လုံ ခြုံရေးထူထပ်စွာ ချထားသောကြောင့် ဆန်၊ သကြား အပါအ၀င် မြန်မာ နိုင်ငံမှ ပို့ကုန်တင်ပို့မှုလျော့နည်း ခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်အချိုကပြောခဲ့သည်။

Thursday, 18 January 2018 08:24

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်န၀ါရီ ပထမပတ်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ နီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၁၀ ကျော် လျော့နည်း

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဇန်န၀ါရီ ပထမပတ်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ နီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောသည်။

Monday, 15 January 2018 10:04

ပြည်ပကုန်သွယ်မှု ပမာဏ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ လေးဘီလီယံခန့် ပိုမိုတင်ပို့နိုင်

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုးလကျော်အတွင်း ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၄ဒသမ ၆ ဘီလီယံကျော်ရှိပြီးယခင် ဘဏ္ဍာနှစ်ကာလတူ ထက် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပိုမိုတင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးကပြောသည်။

Monday, 08 January 2018 07:43

ပို့ကုန်ကုမ္ပဏီ ၁,၅၀၀ ကျော်ကို ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု

ပြည်တွင်းအခွန်များဦးစီးဌာနက ကုမ္ပဏီ ၁,၅၀၀ကျော်ကို ဇန်နဝါရီ ၂ ရက်ကစပြီး ပို့ကုန်တင်ပို့ရာတွင် ပေးဆောင်ရ သည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင် နှုန်း ကင်းလွတ်ခွင့်ပြုကြောင်း သတင်းရခဲ့သည်။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အ ခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁) မှ ကုမ္ပဏီများအားလုံး ပို့ကုန် တင်ပို့ခြင်းအတွက် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခြင်းဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထွဋ်က ပြောခဲ့သည်။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ကုမ္ပဏီ ၈၁၆ ခုနှင့် အလတ်အလတ်အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး(၁) တွင် အခွန် ထမ်းကုမ္ပဏီ ၇၀၃ ခုရှိခဲ့သည်။ ‘‘အဲဒီရုံးနှစ်ရုံးမှာက

Friday, 05 January 2018 08:55

ပုစွန်အကောင်ရေ သိန်း ၄၀ ခန့်မျိုးဖောက်ပြီး ပြည်တွင်းဈေးကွက်တွင် လစဉ်ရောင်းချမည်

မြန်မာ့မျိုးရင်း ရေချိုပုစွန်အ ကောင်ရေ သိန်း ၄၀ ခန့်ကို မျိုး ဖောက်ကာ ပြည်တွင်းဈေးကွက် သို့ လစဉ်ရောင်းချမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးလှဌေးက အဆိုပြုသည်။

Friday, 05 January 2018 03:52

စိုက်ပျိုးရေးကဏ္ဍ ကုန်ဈေးနှုန်းကျခြင်းနှင့် ငွေဈေးကျခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေးထိခိုက်

စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ဈေးနှုန်း ကျဆင်းခြင်းနှင့် ကျပ်ငွေတန်ဖိုးလျော့ကျခြင်း ကြောင့် မဲဆောက်မြို့၌ မြန်မာနယ်စပ်သို့ ဖြတ်သန်းသော ကုန် သွယ်မှုတန်ဖိုးသည် ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ ကျခဲ့သည်။

Wednesday, 03 January 2018 08:00

လက်ရှိဘဏ္ဍာနှစ်ကိုးလအတွင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာဘီလျံကျော် ဖြစ်ပေါ်နေ

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်းပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး သွင်းကုန်ပမာဏများနေသဖြင့် ကုန်သွယ်မှုပမာဏများနေသဖြင့် ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော် ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရရှိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဒီဇင်ဘာ၂၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ၂၃၂၄၉ ဒသမ ၁၁၇ သန်းရှိပြီး ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၇၇၇ ဒသမ ၂၉၁ သန်းပိုမိုခဲ့ကြောင်း သိရှိရသောကြောင့် လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ရက် အထိ ပြည်ပ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာဏဒေါ်လာ ၁၇၆၄၄ ဒသမ ၃၅၁ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၆၀၄ ဒသမ ၇၆၆ သန်း ပါဝင်ကြကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၆၀၇ ဒသမ ၁၈၀ သန်းပိုမိုခဲ့ပြီး နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၇၀ ဒသမ ၁၁၁ သန်း ပိုမိုခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ကျော်တွင် ပို့ကုန် တန်ဖိုး ဒေါ်လာ ၉၉၉၁ ဒသမ ၅၅၆ သန်း၊ သွင်းကုန်ဒေါ်လာ ၁၃၂၅၇ ဒသမ ၅၆၁ သန်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေခြင်း ကုန်သွယ်မှုဒေါ်လာ ၃၂၆၆ ဒသမ ၀၀၅ သန်းဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွတ်ကုန်များ၊ သတ္တုတွင်းထွတ်များ၊ သစ်တောထွတ်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီလျံရှိမည်ဟု ခန့်မှန်းထားခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြု တင်ပြချက်အနှစ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ ပြည်ပ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၁၅၀၀၀ သန်းဟု ကုန်သွယ်မှု ပမာဏ မှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်ကြောင်း သိရပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ဒေါ်လာ ၂၅၅၅ ဒသမ ၅သန်းရှိခဲ့ပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရပါတယ်။ Source: Daily Eleven

Friday, 29 December 2017 10:42

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ နယ်စပ်စခန်းများမှ ITC Card အသုံးပြု၍ ကျပ် ၃၀၀၆၆ သန်းကျော်ဖိုး ကုန်သွယ်ခဲ့

လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိ နယ်စပ်စခန်းများမှ တစ်ဦးချင်းကုန်သါယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ITC ကတ် အသုံးပြု၍ ကျပ် ၃၀၀၆၆ သန်း ကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ကုန်သွယ်မှုပမာဏမှာ တမူးနယ်စပ်မှ ကျပ် ၁၄၈၂ သန်းကျော်၊ မူဆယ်နယ်စပ်မှ ကျပ် ၂၂ သန်းကျော်၊ မြ၀တီနယ်စပ်မှ ကျပ် ၂၂၇၉၉ သန်းကျော်၊ တာချီလိတ်နယ်စပ်မှ ကျပ် ၈၇၇ သန်းကျော်၊ လွယ်ဂျယ်နယ်စပ်စခန်းမှ ကျပ် သန်း ၇၀၊ ကန်ပိုက်တီးနယ်စပ်မှ ကျပ် ၁၅၇၂ သန်းကျော်၊ ကော့သောင်းနယ်စပ်မှ ကျပ် ၅၆၉ သန်းကျော်၊ မောတောင် နယ်စပ်မှ ကျပ် ၁၈၇၆ သန်းကျော်နှင့် ကျိုင်းတုံနယ်စပ်စခန်းမှ ကျပ်သန်း ၁၄၀ ကျော်၊ ရိဒ်နယ်စပ်စခန်းမှ ကျပ် ၆၉၆ သန်းကျော်နှင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ ကျပ် လေးသန်းကျော်ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၈ ရက်အထိ ITC ကတ်ဖြင့် ပို့ကုန်ကဏ္ဍမှ ကျပ် ၂၇၂၄ သန်းကျော်နှင့် သွင်းကုန်ကဏ္ဍမှ ကျပ် ၂၇၃၄၂ သန်းကျော်ဖိုးအတွက် ITC ကတ် ထုတ်ယူအသုံးပြုခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ကျပ် ၃၀၀၆၆ သန်းကျော် ရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ITC ကတ် ၂၉၂ ကတ်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ITCကတ် ၂၆၁ ကတ်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ITC ကတ် ၃၁၇ ကတ်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ITC ကတ် ၁၄၆ ကတ်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်ITC ကတ် ၂၄၈ ကတ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၈ ရက်အထိ ITC ကတ် ၁၂၆ ကတ် ထုတ်ပေးထားကြောင်း သိရပါတယ်။ Source: Daily eleven

Tuesday, 26 December 2017 04:15

ညာမောင်းကားများ တင်သွင်းခွင့်ပေးရန် သမ္မတရုံးသို့ တင်ပြခြင်း

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လာမည့်နှစ်အတွင်း ဘယ်မောင်းများအပြင် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများလည်း တင်သွင်းခွင့်ပေးရန် သမ္မတရုံးထံသို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်းထံမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်း ၂၃ ခုမှ ကားဝယ်ရောင်းများထံမှ လက်မှတ်များ ကောက်ခံပြီး ယင်းသို့တင်သွင်းခွင့်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရပါတယ်။ လာမည့်နှစ်မူဝါဒသစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည်ဖြစ်ပြီး တစ်ဦးချင်းတင်သွင်းခွင့်ပါမစ် (Free Permit)နှင့် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်တင်သွင်းခွင့်များအဖြစ် လူစီးယာဉ်များအနေနှင့် ၂၀၁၄ ခုနှစ်နှင့် မော်ဒယ်လ်အထက်ကို ဘယ်မောင်းယာဉ်များအဖြစ် တင်သွင်းရမည်ဖြစ်ကာ Brand New ယာဉ်များအဖြစ် ၂၀၁၇၊ ၂၀၁၈ တို့ကို တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ ဒီဇင်ဘာ ၁၂ ရက် နေ့က တင်လိုက်တာပါ။ အကြောင်းပြန်ကြားတာတွေ ဘာတွေတော့ မရှိသေးပါဘူး။ ညာမောင်းတွေ တင်သွင်းခွင့်ပြုစေချင်တာကတော့ မော်ဒယ်လ်ကတော့ မြင့်ပါစေ။ ကိစ္စမရှိဘူး။ တင်သွင်းခွင့်ရဖို့ပဲ အရေးကြီးပါတယ် ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဖြစ်ခြင်းကြောင့် ဂျပန်နိုင်ငံထုတ် ညာမောင်းကားတစ်စီးလျှင် ၂၀ ရာခိုင်နှုန်းခန့် ဈေးတက်လာခဲ့သော်လည်း အသုံးပြုပြီး ဂျပန်ကားအရောင်းအဝယ် အေးစက်နေသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်ကာ ပြည်တွင်းထုတ်ကားများ အရောင်းအဝယ် သွက်လက်လာခဲ့ကြောင်း သိရပါတယ်။ Source: Voice