Export & Import

Friday, 05 January 2018 08:55

ပုစွန်အကောင်ရေ သိန်း ၄၀ ခန့်မျိုးဖောက်ပြီး ပြည်တွင်းဈေးကွက်တွင် လစဉ်ရောင်းချမည်

မြန်မာ့မျိုးရင်း ရေချိုပုစွန်အ ကောင်ရေ သိန်း ၄၀ ခန့်ကို မျိုး ဖောက်ကာ ပြည်တွင်းဈေးကွက် သို့ လစဉ်ရောင်းချမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးလှဌေးက အဆိုပြုသည်။

Friday, 05 January 2018 03:52

စိုက်ပျိုးရေးကဏ္ဍ ကုန်ဈေးနှုန်းကျခြင်းနှင့် ငွေဈေးကျခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေးထိခိုက်

စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ဈေးနှုန်း ကျဆင်းခြင်းနှင့် ကျပ်ငွေတန်ဖိုးလျော့ကျခြင်း ကြောင့် မဲဆောက်မြို့၌ မြန်မာနယ်စပ်သို့ ဖြတ်သန်းသော ကုန် သွယ်မှုတန်ဖိုးသည် ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ ကျခဲ့သည်။

Wednesday, 03 January 2018 08:00

လက်ရှိဘဏ္ဍာနှစ်ကိုးလအတွင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာဘီလျံကျော် ဖြစ်ပေါ်နေ

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်းပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး သွင်းကုန်ပမာဏများနေသဖြင့် ကုန်သွယ်မှုပမာဏများနေသဖြင့် ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော် ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရရှိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဒီဇင်ဘာ၂၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ၂၃၂၄၉ ဒသမ ၁၁၇ သန်းရှိပြီး ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၇၇၇ ဒသမ ၂၉၁ သန်းပိုမိုခဲ့ကြောင်း သိရှိရသောကြောင့် လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ရက် အထိ ပြည်ပ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာဏဒေါ်လာ ၁၇၆၄၄ ဒသမ ၃၅၁ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၆၀၄ ဒသမ ၇၆၆ သန်း ပါဝင်ကြကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၆၀၇ ဒသမ ၁၈၀ သန်းပိုမိုခဲ့ပြီး နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၇၀ ဒသမ ၁၁၁ သန်း ပိုမိုခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ကျော်တွင် ပို့ကုန် တန်ဖိုး ဒေါ်လာ ၉၉၉၁ ဒသမ ၅၅၆ သန်း၊ သွင်းကုန်ဒေါ်လာ ၁၃၂၅၇ ဒသမ ၅၆၁ သန်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေခြင်း ကုန်သွယ်မှုဒေါ်လာ ၃၂၆၆ ဒသမ ၀၀၅ သန်းဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွတ်ကုန်များ၊ သတ္တုတွင်းထွတ်များ၊ သစ်တောထွတ်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီလျံရှိမည်ဟု ခန့်မှန်းထားခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြု တင်ပြချက်အနှစ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ ပြည်ပ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၁၅၀၀၀ သန်းဟု ကုန်သွယ်မှု ပမာဏ မှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်ကြောင်း သိရပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ဒေါ်လာ ၂၅၅၅ ဒသမ ၅သန်းရှိခဲ့ပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရပါတယ်။ Source: Daily Eleven

Friday, 29 December 2017 10:42

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ နယ်စပ်စခန်းများမှ ITC Card အသုံးပြု၍ ကျပ် ၃၀၀၆၆ သန်းကျော်ဖိုး ကုန်သွယ်ခဲ့

လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိ နယ်စပ်စခန်းများမှ တစ်ဦးချင်းကုန်သါယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ITC ကတ် အသုံးပြု၍ ကျပ် ၃၀၀၆၆ သန်း ကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ကုန်သွယ်မှုပမာဏမှာ တမူးနယ်စပ်မှ ကျပ် ၁၄၈၂ သန်းကျော်၊ မူဆယ်နယ်စပ်မှ ကျပ် ၂၂ သန်းကျော်၊ မြ၀တီနယ်စပ်မှ ကျပ် ၂၂၇၉၉ သန်းကျော်၊ တာချီလိတ်နယ်စပ်မှ ကျပ် ၈၇၇ သန်းကျော်၊ လွယ်ဂျယ်နယ်စပ်စခန်းမှ ကျပ် သန်း ၇၀၊ ကန်ပိုက်တီးနယ်စပ်မှ ကျပ် ၁၅၇၂ သန်းကျော်၊ ကော့သောင်းနယ်စပ်မှ ကျပ် ၅၆၉ သန်းကျော်၊ မောတောင် နယ်စပ်မှ ကျပ် ၁၈၇၆ သန်းကျော်နှင့် ကျိုင်းတုံနယ်စပ်စခန်းမှ ကျပ်သန်း ၁၄၀ ကျော်၊ ရိဒ်နယ်စပ်စခန်းမှ ကျပ် ၆၉၆ သန်းကျော်နှင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ ကျပ် လေးသန်းကျော်ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၈ ရက်အထိ ITC ကတ်ဖြင့် ပို့ကုန်ကဏ္ဍမှ ကျပ် ၂၇၂၄ သန်းကျော်နှင့် သွင်းကုန်ကဏ္ဍမှ ကျပ် ၂၇၃၄၂ သန်းကျော်ဖိုးအတွက် ITC ကတ် ထုတ်ယူအသုံးပြုခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ကျပ် ၃၀၀၆၆ သန်းကျော် ရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ITC ကတ် ၂၉၂ ကတ်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ITCကတ် ၂၆၁ ကတ်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ITC ကတ် ၃၁၇ ကတ်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ITC ကတ် ၁၄၆ ကတ်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်ITC ကတ် ၂၄၈ ကတ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၈ ရက်အထိ ITC ကတ် ၁၂၆ ကတ် ထုတ်ပေးထားကြောင်း သိရပါတယ်။ Source: Daily eleven

Tuesday, 26 December 2017 04:15

ညာမောင်းကားများ တင်သွင်းခွင့်ပေးရန် သမ္မတရုံးသို့ တင်ပြခြင်း

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လာမည့်နှစ်အတွင်း ဘယ်မောင်းများအပြင် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများလည်း တင်သွင်းခွင့်ပေးရန် သမ္မတရုံးထံသို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်းထံမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်း ၂၃ ခုမှ ကားဝယ်ရောင်းများထံမှ လက်မှတ်များ ကောက်ခံပြီး ယင်းသို့တင်သွင်းခွင့်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရပါတယ်။ လာမည့်နှစ်မူဝါဒသစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည်ဖြစ်ပြီး တစ်ဦးချင်းတင်သွင်းခွင့်ပါမစ် (Free Permit)နှင့် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်တင်သွင်းခွင့်များအဖြစ် လူစီးယာဉ်များအနေနှင့် ၂၀၁၄ ခုနှစ်နှင့် မော်ဒယ်လ်အထက်ကို ဘယ်မောင်းယာဉ်များအဖြစ် တင်သွင်းရမည်ဖြစ်ကာ Brand New ယာဉ်များအဖြစ် ၂၀၁၇၊ ၂၀၁၈ တို့ကို တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ ဒီဇင်ဘာ ၁၂ ရက် နေ့က တင်လိုက်တာပါ။ အကြောင်းပြန်ကြားတာတွေ ဘာတွေတော့ မရှိသေးပါဘူး။ ညာမောင်းတွေ တင်သွင်းခွင့်ပြုစေချင်တာကတော့ မော်ဒယ်လ်ကတော့ မြင့်ပါစေ။ ကိစ္စမရှိဘူး။ တင်သွင်းခွင့်ရဖို့ပဲ အရေးကြီးပါတယ် ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဖြစ်ခြင်းကြောင့် ဂျပန်နိုင်ငံထုတ် ညာမောင်းကားတစ်စီးလျှင် ၂၀ ရာခိုင်နှုန်းခန့် ဈေးတက်လာခဲ့သော်လည်း အသုံးပြုပြီး ဂျပန်ကားအရောင်းအဝယ် အေးစက်နေသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်ကာ ပြည်တွင်းထုတ်ကားများ အရောင်းအဝယ် သွက်လက်လာခဲ့ကြောင်း သိရပါတယ်။ Source: Voice

Tuesday, 28 November 2017 03:32

နိုင်ငံခြားဖက်စပ် ကုမ္ပဏီများကို လယ်ယာသုံး စက်ကိရိယာများ ပထမဆုံး တင်သွင်းခွင့်ပြု

နိုင်ငံခြားဖက်စပ်ကုမ္ပဏီ များကို လယ်ယာသုံးစက်ကိရိယာ များ ပထမဆုံးအကြိမ် တင်သွင်းရောင်းချခွင့်ပြုလိုက်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ယခင်က အဆိုပါလုပ်ငန်း ကို ပြည်တွင်းကုမ္ပဏီများကိုသာ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ဖက်စပ်ကုမ္ပဏီများကို ပထမဆုံးအကြိမ်လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။ ‘‘လယ်ယာကဏ္ဍဖွံ့ဖြိုးလာ စေဖို့ပါ။ ဖက်စပ်ကုမ္ပဏီကြီးတွေ အဆင့်မြင့်စက်ကိရိယာတွေပါ လာစေချင်လို့ပါ။ ပြည်တွင်းကုမ္ပဏီတွေက သူ့ဈေးကွက်သူပါ။ ပြည်တွင်း ကုမ္ပဏီတွေကို ထိ ခိုက်မယ် မထင်ပါဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။ လယ်ယာသုံး စက်ကိရိယာ များ တင်သွင်းရောင်းချမည့် ဖက်စပ်ကုမ္ပဏီများသည် အချက် လေးချက်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုအချက်များသည် ဖက်စပ်ကုမ္ပဏီ ရောင်းဝယ်ရေးလိုင်စင်ရှိရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာအချိုးအတိုင်း ရောင်းချခွင့်ပြုမည် ဖြစ်သည်။ ထို့အပြင် လယ် ယာသုံးစက်ကိရိယာများကို လက်လီ၊ လက်ကားရောင်းခွင့်ပြုမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် ရှယ်ယာပမာဏနှင့် ဘဏ်ငွေစာရင်းတို့ကို တင်ပြရသည်။ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) အကြိုအဖြစ် ပြည် တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ် ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီ များသို့ ကုန်သွယ်မှုလုပ်ငန်းကို ၂၀၁၅ နိုဝင်ဘာတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စတင်ခွင့်ပြုခဲ့သည်။ ဖက်စပ် ကုမ္ပဏီများသို့ စတင်ကုန်သွယ်ခွင့်ပြုသည့် ကုန်ပစ္စည်းများသည် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ ဖြစ်သည်။ Source: 7 days new

Monday, 20 November 2017 04:26

နေပြည်တော်ကို နှစ်(၃၀)အစီအစဉ်ဖြင့် ကုန်စည်ပို့ဆောင်ရေးမြို့တော်ဖြစ်ရန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနေဟုဆို

အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်ကို နှစ်(၃၀) အစီအစဉ်ဖြင့် ကုန်စည်ပို့ဆောင် ရေးမြို့တော်ဖြစ်လာရန် အစိုးရ သစ်လက်ထက်တွင် မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းတစ်ခု စတင်ရေးဆွဲ နေကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် ဦးမင်း သူက ပြောသည်။ ယခင် တပ်မတော်အစိုးရ သည် နေပြည်တော်ကို မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းဖြင့် တိတိကျကျ မတည်ဆောက်ခဲ့၍ ယခုအခါ အ ချက်ငါးချက်ပါဝင်သည့် စီမံကိန်း တစ်ခု ရေးဆွဲနေကြောင်း ၎င်းက ပြောသည်။ ‘‘အဲဒီအချိန်တုန်းက သူတို့ က လိုအပ်ချက်အရ အခြေအနေ အရ ဇုန်ကြီးငါးဇုန်နဲ့တည်ထောင် ခဲ့တာ၊ အဲဒီတုန်းက အစိုးရရဲ့ရည် မှန်းချက်က ဘယ်လိုရှိလဲဆိုတာ သေချာမှ မသိနိုင်ခဲ့တာ၊ လုံခြုံရေး အခြေအနေပေါ်မှာ အခြေပြုပြီး စဉ်းစားခဲ့တာရှိတာကိုး’’ဟု ဦးမင်းသူက ပြောသည်။ နေပြည်တော်ကို နေချင်စ ဖွယ် စိမ်းလန်းစိုပြည်သည့် မြို့ တော်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် မြို့တော်၊ ပညာရေးဖွံ့ဖြိုးတိုးတက်စေသည့်မြို့တော်၊ လေကြောင်းနှင့် ကုန်စည် ပို့ဆောင်ရေး ဗဟိုဌာနနှင့် ရာသီ ဥတု ပြောင်းလဲမှုဒဏ်ခံနိုင်သော မြို့တော်အဖြစ် တည်ဆောက်ရန် အချက်ငါးချက်ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၇ ဖေဖော်ဝါရီတွင် မြို့ ပြစီမံကိန်းရေးဆွဲရန် ပညာရှင်များဖြင့် လုပ်ငန်းများ စတင်ရေးဆွဲနေပြီး ပြီးစီးမည့်အချိန်ကို မသိရ သေးသော်လည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရရှိသော အခွန်ငွေများ၊ အ ထောက်အပံ့ငွေများဖြင့် ဆောက် လုပ်မည်ဖြစ်ကြောင်း ဦးမင်းသူက ပြောသည်။ ‘‘အချက်အလက်ကောက် ယူနေတာ နည်းပညာဆိုင်ရာတွေ ရော၊ ကောင်းကင်မြေပုံတွေရော၊ အချက်အလက်ကောက်ယူတဲ့အ ဖွဲ့တွေရော၊ အချက်အလက်ရရှိ တဲ့အပေါ်မှာ မူတည်တယ်’’ ဟု နှစ်(၃၀)မြို့ပြစီမံကိန်းအစီအစဉ် ရေးဆွဲမှုအပေါ် ဦးမင်းသူက ပြောသည်။ နေပြည်တော်ရှိ မြို့မဈေး၊ သပြေကုန်းဈေးနှင့် ရွှေကြာပင် စသည့် နေရာများတွင်သာ လူစည် ကားနေပြီး အခြားဈေးများ၊ နေရာများ၌ ဖွံ့ဖြိုးမှုအားနည်းကာ ဟိုတယ်ဇုန်များတွင် တည်းခိုသူလျော့နည်းနေကြောင်း ၎င်းက ဆိုသည်။ နေပြည်တော်ကို တပ်မ တော်အစိုးရ လက်ထက် ၂၀၀၃ က ဆောက်လုပ်ခဲ့ပြီး ဇုန်ကြီးငါး ဇုန်အဖြစ် ဥတ္တရသီရိဇုန်၊ ဒက္ခိဏ သီရိမြို့နယ်နှစ်မြို့နယ်ဇုန်၊ ဝန် ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာ များဇုန်၊ ဈေးများဇုန်၊ ဟိုတယ်ဇုန် များအပေါ် မူတည်၍ ဆောက်လုပ်ခဲ့ကြောင်း ဦးမင်းသူက ရှင်းပြ သည်။ နေပြည်တော်တွင် သွားလာ ရေးအနေဖြင့် တစ်နေရာနှင့်တစ် နေရာ ဝေးကွာလွန်းပြီး စီးပွားရေး ဇုန်များ မရှိ၍ အလုပ်အကိုင်အ ခွင့်အလမ်းများ လျော့နည်းသည့် အားနည်းချက်များ ပြင်ဆင်သင့် ကြောင်း မြို့ပြစီမံကိန်းဆောင်းပါး များ ရေးသားသူ ဆရာမြင့်မိုရ်ဆွေ က ပြောသည်။ ‘‘ဝန်ထမ်းအခြေပြုမြို့ကနေ ပြီးတော့ တကယ့်ပြည်သူ အားလုံးကို အခြေပြုတဲ့ မြို့တော်ဖြစ် အောင် လုပ်ဖို့လိုမယ်’’ဟု ၎င်းက ပြောသည်။ နေပြည်တော်သည် ဇမ္ဗူသီ ရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိ ဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ် ရှစ်မြို့ နယ်ဖြင့် ဖွဲ့စည်းထားပြီး စတုရန်းမိုင် သုံးထောင်ခန့် (၂,၇၂၄ ဒသမ ၇၅ စတုရန်းမိုင်) ကျယ်ဝန်းကာ လူဦးရေတစ်သန်းကျော် နေထိုင် ကြောင်း နေပြည်တော် စည်ပင် သာယာရေးကော်မတီအချက်အ လက်များအရ သိရသည်။ Source: 7 days new

Friday, 17 November 2017 07:40

မြန်မာ - ထိုင်းနယ်စပ်ရှိ တရားမဝင် ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှု ဖြစ်လာအောင် ဆောင်ရွက်ရမည်ဟု ဒုတိယ သမ္မတ ပြောကြား

မြန်မာ - ထိုင်းနယ်စပ် တရားမဝင် ကုန်သွယ်မှုများကို တရားဝင် ကုန်သွယ်မှု ဖြစ်လာရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက နိုဝင်ဘာလ ၇ ရက် မြဝတီ ကုန်သွယ်ရေးဇုန် အစည်းဝေး ခန်းမ၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုတ်တွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မျဉ်းသည် သောင်ရင်းမြစ်ပေါ်တွင် တည်ဆောက် ထားသည့် ချစ်ကြည်ရေး တံတား၏ မဲဆောက်ဘက်ကမ်းမှာ ရှိနေပြီး ၎င်းတံတားသည် နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အဓိကကျသည့်တံတား တစ်စင်းလည်း ဖြစ်ကာ ပို့ကုန်၊ သွင်းကုန်များ ပို့ဆောင်ရောင်းဝယ်နေကြခြင်း ဖြစ်ကြောင်းသို့သော်လည်း သောင်ရင်းမြစ်တစ်လျှောက်တွင် တရားမဝင် ဝင်၊ ထွက်ပေါက်များရှိနေပြီး တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဟန့်တားနိုင်ရန် ခက်ခဲနေကြောင်းကုန်သည်များထံမှ သိရပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန် အနေဖြင့် ကုန်သွယ်မှု ပိုမိုအဆင်ပြေ ချောမွေ့လာစေရေး အတွက် လုပ်ဆောင်လျက်ရှိသလို တရားမဝင်ကုန်စည် ကူးသန်း ရောင်းဝယ်မှုများ ပပျောက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီလုပ်ဆောင် ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တရားမဝင် ကုန်စည်များကို သယ်ယူ ပို့ဆောင်နေသည့် ရှောင်ကွင်းလမ်းများသည် ယခင်အချိန်များ ကတည်းက ရှိနေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ကြား ရေလမ်း၊ ကုန်းလမ်းခရီးဖြင့် စီးပွားရေး စင်္ကြလမ်း တည်ထောင်ဆောင်ရွက်ရာတွင် မြဝတီမြို့သို့ ဖြတ်သန်းပြီး ကုန်စည် ကူသန်းရောင်းဝယ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သဖြင့် မြဝတီဇုန်နှင့် ဆက်နွယ် ကူးသန်းရောင်းဝယ်နေသည့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါတယ်။ အာဆီယံ ဒေသတွင်းမှာ အေအီးစီလို့ လူသိများနေတဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းကို စတင်တည်ထောင်ဖို့ စိုင်းပြင်းတဲ့အချိန်ကစပြီး အာဆီယံနိုင်ငံ တစ်ဝန်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ချိတ်ဆက်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ အဲ့ဒီလို လုပ်ဆောင်ကြရာမှာ စီးပွားရေး စင်္ကြလမ်းတွေကို တည်ဆောက်ပြီး နိုင်ငံချင်း ချိတ်ဆက်ကာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီး အရှေ့အနောက် စီးပွားရေးစင်္ကြကတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းမှာ ဖြစ်ပြီးတော့ မြဝတီမြို့အထိ လမ်းကြောင်းရေးဆွဲ ချမှတ်ထားတာ ဖြစ်ပါတယ်။ ကုန်းလမ်းခရီးကနေ ဝင်ရောက်ခဲ့တဲ့အတွက် လမ်းခရီး ကြန့်ကြာချိန်တွေသက်သာသွားနိုင်မှာ ဖြစ်ပါတယ် ဟု ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ ၎င်းလမ်းကြောင်းကို ၁၉၉၈ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမှာ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ဝန်ကြီးများအဆင့် ညီလာခံတွင် အာဆီယံ ဒေသတွင်းနိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အကြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီစဉ်ကို ၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်လာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၏ ကုန်သွယ်ဘက်နိုင်ငံများပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ခေတ်မီကုန်သွယ်ရေးဇုန် အဖြစ် တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မြဝတီသည် ပင်လယ်ရေကြောင်းမှ အကွာအဝေးအနေဖြင့် ထိုင်းနိုင်ငံမြို့တော်၊ ဗန်ကောက်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ၁၉၄၄ မိုင် ကွာဝေးပြီး ရန်ကုန်မှ ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့သို့ ၂၁၄၄ မိုင်ကွာဝေး သလို ဗန်ကောက်မှ ဒါနန်းသို့လည်း ၁ဝ၈၂ မိုင်ကွာဝေးကြောင်း၊ ကုန်းလမ်းခရီးတွင် ရန်ကုန်မှ ဗန်ကောက် အကွာအဝေးသည် မိုင် ၄၅၀ ခန့်သာရှိပြီး ရန်ကုန်မှ ဒါနန်းသို့ မိုင် ၉၀ဝ ခန့်သာ ကွာဝေးကြောင်း၊ ထို့ကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုမှာ အချိန်ကုန်သက်သာသည့်အပြင် ကုန်စည်သယ်ယူပို့ဆောင်မှု စရိတ်များပါ ပိုမိုသက်သာစေမည် ဖြစ်ခြင်းကြောင့် အရေးပါသည့် ထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။ အရှေ့အနောက် စီးပွားရေး စင်္ကြလမ်းသည် အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်၏ ထွက်ပေါက်ဖြစ်သလို အနောက်ဘက်တွင်ကပ္ပလီ ပင်လယ်ပြင်ကို ထွက်နိုင်သည့် ထွက်ပေါက် တစ်ခုလည်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလ ဒုတိယပတ်အထိ ပို့ကုန်ကဏ္ဍမှအမေရိကန် ဒေါ်လာ ၂၅ ဒသမ ၉၃၄ သန်း၊ သွင်းကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ၇၀၈ သန်း ရရှိထားကြောင်း သိရပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၀ ဒသမ၁၉၉ သန်း၊ သွင်းကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၆၈ ဒသမ ၄၀၂ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ Source: The Farmer

Thursday, 16 November 2017 08:34

နိုင်ငံတကာ၏ ဝေဖန်မှုများ ခံနေရသော်လည်း ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာလေးဘီလီယံခွဲရှိ

ရခိုင်ပြည်နယ်အကြမ်း ဖက်မှုပြဿနာကြောင့် နိုင်ငံတ ကာတွင် ဝေဖန်မှုများစွာရှိနေ သော်လည်း ယခုဘဏ္ဍာနှစ် ခုနစ် လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုခွင့်ပြုပေးသည့်ပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။ ရခိုင်ပြည်နယ် ပြဿနာ ကြောင့် နိုင်ငံတကာတွင် မြန်မာ နိုင်ငံ၏ ပုံရိပ်ကျဆင်းပြီး စီးပွား ရေးကဏ္ဍသို့ ရိုက်ခတ်မှုများရှိလာ နိုင်ကြောင်း ဝေဖန်မှုများရှိနေ သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုပမာဏသည် ပြီးခဲ့သည့် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်ထက်ပိုများနိုင် ပြီး ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် ကော်မရှင်မှ လျာထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏခြောက်ဘီ လီယံကို ကျော်လွန်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ‘‘ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ရင်တော့ ရခိုင်ပြည်နယ်ပြဿနာ က ရေတိုမှာ ဘာမှထိခိုက်မှုမရှိ ဘူးလို့ပဲပြောချင်ပါတယ်။ ဒါပေမဲ့ ကာလကြာရှည်လာရင်အနောက် ဘက်က ၀င်လာမယ့်ရင်းနှီးမြှုပ်နှံ မှုတွေ တုံ့ဆိုင်းသွားနိုင်တယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။ အကြမ်းဖက်မှုပြဿနာများ ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခြေခံ အဆောက်အအုံပိုင်းမှစ၍ လို အပ်ချက်များစွာရှိနေပြီး လာမည့် သုံးနှစ်၊ လေးနှစ်အတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံရန် အဆင်သင့် မဖြစ်နိုင်သေးဟု ဦးအောင်နိုင်ဦး က ပြောသည်။ ‘‘စီးပွားရေးလုပ်တဲ့သူတွေ က မြတ်မယ်ဆိုရင်လာမှာပဲ။ စီး ပွားရေးလုပ်သာကိုင်သာရှိဖို့ပဲ လို တယ်’’ ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ အာဆီယံနိုင်ငံများအပါအ ၀င် အာရှနိုင်ငံအများစုက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ အပြိုင်ဆွဲ ဆောင်နေချိန်တွင် မြန်မာနိုင်ငံက လည်း အခြေခံအဆောက်အအုံ ပြည့်စုံမှု အပါအ၀င်စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာရှိ စေရန် ဖန်တီးပေးနိုင်ရေးကအဓိ ကကျကြောင်း ၎င်းက ပြော ကြားသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော ၂၀၁၈ အတွက် စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး (Doing Business)နိုင်ငံစာရင်း တွင် မြန်မာသည်အဆင့်တစ်ဆင့် ထပ်မံကျဆင်းခဲ့သည်။ ၂၀၁၈ Doing Business စာရင်းတွင် မြန်မာနိုင်ငံ၏အဆင့် သည် (၁၇၁)ဖြစ်ပြီး ၂၀၁၇ စာ ရင်းတွင် မြန်မာက အဆင့်(၁၇၀) ဖြစ်သည်။ ‘‘အဆင့်ကျတာက ကိုယ်က ပြုပြင်ပြောင်းလဲမှုလုပ်တာ သူ များနိုင်ငံတွေထက် နည်းနည်းနှေး လို့ပါ’’ ဟု ဦးအောင်နိုင်ဦးက သုံး သပ်သည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး အ ဆင့်သတ်မှတ်ရာတွင် စီးပွားရေး လုပ်ကိုင်ရန် အဆင့်များမှု၊ အချိန် ယူရမှု၊ ငွေအကုန်အကျများမှုစ သောအချက်များဖြင့် တိုင်းတာ ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသည် စီးပွားရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာ၌ ကုမ္ပဏီဥပဒေကဲ့သို့ ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်း လဲမှုများပြုလုပ်ရန် ရှိနေသဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ကြောင်း ဦးအောင်နိုင်ဦး က ဆိုသည်။ Source: 7 days new