Export & Import

Friday, 27 October 2017 10:02

ကြက်သွန်နီတင်သွင်းခွင့်တောင်းဆိုလာရင် ခွင့်ပြုဖို့စီစဉ်မည်

လက်ရှိပြည်တွင်းကြက်သွန်နီဈေးတွေ မြင့်တက်နေချိန်မှာ ပြည်ပကြက်သွန်နီတွေ တင်သွင်းခွင့်ပြုဖို့ တောင်းဆိုလာရင်ခွင့်ပြုဖို့ စီစဉ်မယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က အခုချိန်အထိတော့အသင်း ဘက်က ဘာမှပြောတာမရှိသေးဘူး၊ သူတို့ဘက်ကတောင်းဆိုလာရင်တော့ ခွင့်ပြုပေးဖို့ စီစဉ်ရမှာပေါ့၊ လက်ရှိအချိန်အထိတော့ ဘာမှတောင်းဆိုတာမရှိသေးဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အခုလိုပြည်တွင်းကြက်သွန်နီဈေးတွေမြင့်တက်နေချိန်မှာ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သုံး သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ တောင်းဆိုချက်အရ ပြည်ပကနေ ကြက်သွန်နီတင်သွင်းခွင့်ကိုခွင့်ပြုပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းမှာကြက်သွန်နီဈေးတွေ မြင့်တက်နေပေမဲ့ ပြည်ပကနေ တရားဝင်တင်သွင်းခွင့်ကိုခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။ ဒီနှစ် ပြည်တွင်းကြက်သွန်နီဈေးတွေဟာ ပြီးခဲ့တဲ့လပိုင်းလောက်က ပြည်တွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီးမကြာခင်မှာထွက်ရှိမယ့် မိုကြက်သွန်နီစိုက်ခင်းအချို့ ရေနစ်မြုပ်ခဲ့တာကြောင့် သည်လထဲမှာဈေးတွေပိုမိုမြင့် တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ပျော်ဘွယ်မြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးအေးဆွေက ဒီထက်တက်မယ်လို့တော့မထင်တော့ဘူး၊ ဘာလို့လဲဆိုတော့ အခု အပြင် လက်လီဈေးက ၃၀ဝ၀ နီးပါးဖြစ်နေပြီ၊ ဒီထက်တော့မတက်နိုင်တော့ဘူးထင်တာပဲ၊ ဒါပေမဲ့ လှောင်ကြက်သွန် တွေကတော့မရှိသလောက်ဖြစ်နေပြီ၊ အခုလဲ တရုတ်ကြက်သွန်နီတွေကတော့ တရားဝင်မဟုတ်ပေမဲ့ အနည်းနဲ့ အများတော့ ဈေးကွက်ထဲရောက်နေတာပဲလို့ ပြောပါတယ်။ လက်ရှိ ကြက်သွန်နီဈေးဟာ လက်ကားဈေး ရှယ်တစ်ပိဿာကို ကျပ် ၂၇၀ဝ ခန့်ရှိပြီး တရုတ်ကြက်သွန်နီ ဈေးတွေကတော့ တစ်ပိဿာ ကို ကျပ် ၁၆၀ဝ ဝန်းကျင်မှာရှိနေပြီဖြစ်ပါတယ်။ အခုလိုဈေးတွေမြင့်တက်နေပေမဲ့လည်း ဝယ်လက်အနေနဲ့ကတော့ ယခုရက်ပိုင်းမှာ အေးနေဆဲဖြစ်တယ်လို့လည်း ဘုရင့်နောင် ဈေးကွက်မှသိရပါတယ်။ ပြည်တွင်း ကြက်သွန်နီတွေ အခုရက်ပိုင်းဘုရင့်နောင်ဈေးကွက်မှာ ၁၂ ဘီးကားအစီးရေ ၂၀ ကျော် ပုံမှန်ဝင်ရောက်နေပါတယ်။ Source: Kumudra

Tuesday, 24 October 2017 03:43

တရုတ်အစိုးရက ပိတ်လိုက်သည့် ဘဏ်စာရင်းတွင် ကုန်သွယ်မှုလုပ်ကိုင်သူများမပါဟုဆို

တရုတ်အစိုးရက ယခု ရက်ပိုင်းအတွင်း ပိတ်လိုက်သည့် မြန်မာနိုင်ငံသားဘဏ်စာရင်းများ သည် ငွေပို့ငွေလွှဲပြုလုပ်သည့်စာ ရင်းများဖြစ်ပြီး ကုန်သွယ်မှုလုပ် ကိုင်သူများ၏ ငွေစာရင်းမပါ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။ ငွေကြေးခဝါချမှုနှင့် လောင်းကစားမှုများ စစ်ဆေးရန် အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ရွှေလီမြို့ရှိ တရုတ်ဘဏ်အချို့ တွင် ဖွင့်လှစ်ထားသောမြန်မာနိုင် ငံသားပိုင် ဘဏ်စာရင်းအချို့ကို တရုတ်အစိုးရက ပိတ်လိုက်သည်။ယခုတစ်ကြိမ် အပိတ်ခံရ သည့် ဘဏ်ငွေစာရင်း အရေအ တွက် ၃၀ မှ ၄၀ ကြားရှိသည်ဟု ကြားသိထားကြောင်း မူဆယ်မြို့ မှ ကုန်သည်အချို့က ပြောသည်။ မြန်မာနိုင်ငံသားများ၏ဘဏ်ငွေ စာရင်းအချို့အပိတ်ခံရသည်ဟု သတင်းများကြားသိသော်လည်း ငွေကြေးပမာဏမည်မျှရှိသည်ကို အတိအကျမသိရသေးကြောင်း ၎င်းတို့က ပြောသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ရရှိ သော အချက်အလက်များအရ အပိတ်ခံထားရသည့် ငွေစာရင်း များသည် ငွေလွှဲလုပ်ငန်းလုပ်ကိုင် နေသည့် လူပုဂ္ဂိုလ်ခုနစ်ဦး၏ငွေ စာရင်းများဖြစ်သည်ဟု ဦးရန်နိုင် ထွန်းက အောက်တိုဘာ ၂၂ ရက် တွင် 7Day Daily သတင်းစာကို ပြောသည်။ ‘‘ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ငွေ စာရင်းတွေ မဟုတ်ဘူး။ ငွေလွှဲနေတဲ့ စာရင်းတွေပါ။ ဝန်ကြီးဌာနကို လည်း တရားဝင်အသိပေးထား တာမျိုးမရှိဘူး’’ဟု ၎င်းက ပြော သည်။ ယခုနှစ် ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ်နိုင်ငံ ဘဏ်များရှိ မြန်မာကုန်သည်များ ၏ငွေစာရင်းတစ်ရာကျော်ကို တ ရုတ်အစိုးရက ပိတ်ခဲ့သည်။ တရုတ်အစိုးရက မြန်မာနိုင် ငံသို့ ငွေလွှဲပေးပို့နေသည့် တရုတ် နိုင်ငံဘဏ်သည် ဆန်၊ သကြား၊ ပြောင်းစေ့ ကုန်သည်များ၏ငွေစာ ရင်း ၁၀၀ ကျော်ကို ပိတ်လိုက်သ ဖြင့် မူဆယ်မြို့ရှိ ကုန်သည်များ အခက်ကြုံခဲ့ရသည်။ ထိုစဉ်က မြန်မာနိုင်ငံသား ဘဏ်ငွေစာရင်းများ အပိတ်ခံရ ခြင်းသည် တရုတ်နိုင်ငံရှိ အွန်လိုင်းလောင်းကစားမှုတစ်ခုကို တရုတ် ရဲက ဖော်ထုတ်နိုင်ပြီး အဆိုပါအမှု နှင့်ဆက်စပ်၍ တရုတ်ရဲက နိုင်ငံ ဘဏ်ငွေစာရင်း ငါးထောင်ကျော် ကို ပိတ်ရာတွင် လောင်းကစားမှု နှင့် စပ်ဆက်မှုမရှိသော ရွှေလီမြို့ ၌ မြန်မာနိုင်ငံသားများ ဖွင့်လှစ် ထားသည့်ဘဏ်ငွေစာရင်း ၁၃၂ ခု ပါဝင်ခြင်းဖြစ်သည်။ မြန်မာ ကုန်သည်များ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုနှင့် ပတ်သက်၍ ထိုအချိန်က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အခြေ စိုက် တရုတ်သံရုံး၊ ရွှေလီမြို့တော် ဝန်တို့ ပူးပေါင်းဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ၌ အ ပိတ်ခံထားရသည့် ဘဏ်ငွေစာ ရင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် မူဆယ်ဒေသခံ မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရ ကို ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ဘဏ်စာရင်းများ ပြန်လည်ဖွင့် လှစ်ပေးခဲ့သည်။ Source: 7 days new

Thursday, 19 October 2017 10:07

တရုတ်ကုန်သည်များ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်တွင် အာမခံငွေကျပ်သိန်း ၆၀၀ ကျော် တင်ပြီးမှသာ ဝယ်ယူရန်သတ်မှတ်

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်သို့ လာရောက် ဝယ်ယူသည့် တရုတ်ကုန်သည် များ အောက်တိုဘာလကုန်ကစ၍ ကုန်စည်ဒိုင်တွင် အာမခံငွေကျပ်သိန်း ၆၀၀ ကျော်တင်ပြီးမှသာ ဝယ်ယူခွင့်ရတော့မည်ဟု ကုန်စည်ဒိုင်အတွင်းရေးမှူးက ပြောကြားသည်။ အခြားလယ်ယာထွက်ကုန် ရောင်းဝယ်ရေးလောကများမှ ငွေကြေးလိမ်လည်မှုများကဲ့သို့ မဖြစ်စေရန်၊ ဝယ်လက်များနှင့် ရောင်းချသူများကြား မျှတသည့် ဆက်ဆံရေးရရှိရန် တရုတ်ဝယ်လက်များ ကို အာမခံစပေါ်ငွေ တရုတ်ယွမ် သုံးသိန်း (မြန်မာ ကျပ်သိန်း ၆၂၀ ကျော်) ထားရှိစေရန် ဆုံးဖြတ်ရ ကြောင်း ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။ သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက အောက်တို ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ဝယ်လက် များနှင့် ညှိနှိုင်းခဲ့ကာ အာမခံငွေ ထားရှိရန် သဘောတူညီမှု ရခဲ့ ကြောင်း ဦးစိုင်းခင်မောင်က ပြော သည်။ ‘‘တခြားလယ်ယာထွက်ကုန် ဆန်၊ ပဲ၊ ပြောင်းရောင်းဝယ်ရေး များကဲ့သို့ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များလို ပြဿနာကြီးကြီး မားမား မပေါ်သေးသော်လည်း လိမ်လည်မှုအသေးစားများနဲ့ ငွေကြန့်ကြာမှု အမှန်တကယ်ရှိနေ တာ၊ လိမ်လည်မှုအကြီးစားများ လည်း ပေါ်ပေါက်လာနိုင်တဲ့ ရှေ့ အလားအလာများကို စိတ်ရှည် လက်ရှည် ရှင်းပြရင်း အကြိတ်အ နယ် ဆွေးနွေးမှုရလဒ်ကောင်းများ ရခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။ ကုန်စည်ဒိုင်တွင် အာမခံ စပေါ်ငွေ ယွမ်သုံးသိန်းတင်ထား သူများကိုသာ သစ်သီးဝလံဝယ်ယူ ခွင့် ကတ်ထုတ်ပေးမည်ဟု ၎င်းကပြောသည်။ ဝယ်ယူခွင့်ကတ်မရှိ သူကို ရောင်းသည့် မြန်မာပွဲရုံများကိုလည်း ကုန်စည်ဒိုင်မှ ချက်ချင်းထုတ်ပယ်မည်ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်ရရှိပြီးဖြစ်သည်ဟု ဆက်ပြောသည်။ ‘‘အရင်ကတည်းက တရုတ် အေးဂျင့်တွေကို စပေါ်အာမခံငွေ တင်ဖို့ ကျွန်တော်တို့ဘက်က ပြောနေတာတော့ ကြာပါပြီ။ အခုမှ တကယ်ဖြစ်သွားတာပေါ့’’ဟု စစ် ကိုင်းတိုင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသစ္စာ က ပြောသည်။ မူဆယ် သစ်သီးဝလံ အ ရောင်းကွင်းတွင် သစ်သီးများကို ဝယ်လက်များက အမြန်ကြည့်ရှု ပြီး မျက်မြင်ဖြင့်သာ အရောင်းအ ဝယ်ညှိနှိုင်း၍ တရုတ်နိုင်ငံ ဝမ်တိန်မြို့ရောက်မှ သစ်သီးများ ကား ချင်းဖလှယ်ကာ အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နေသည့် စနစ်ဖြစ်ကြောင်း ဦးသစ္စာက ပြောသည်။ တရုတ်နိုင်ငံဘက်ရောက် ၍ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်ချိန်ရောက်မှ မူဆယ်တွင် သဘောတူထားသည့် အတိုင်း မဟုတ်တော့ဘဲ အကြောင်းအမျိုးမျိုးဖြစ်လာလျှင် အငြင်းပွားမှုများ မကြာခဏဖြစ်နေရကြောင်း ၎င်းက ဆိုသည်။ တရုတ်ဝယ်လက်များ အာမခံငွေ တင်ထားရတော့မည်ဖြစ်၍ ယင်းအငြင်းပွားမှုများ ပိုမိုဖြေရှင်းနိုင်တော့မည်ဟု ယူဆကြောင်း ဦးသစ္စာက ပြောသည်။ Source: 7 days new

Tuesday, 17 October 2017 07:16

ရန်ကုန်သို့ ဆန်အဝင်နည်းနေသဖြင့် ပြည်ပတင်ပို့မည့် ကုန်သည်များအခက်တွေ့

ပြည်ပနိုင်ငံများက ဝယ်ယူထားသည့် ဆန်အိတ် ရေသိန်း ၃၀ ခန့် တင်ဆောင်မည့် သင်္ဘောများ ရောက်ရှိ ချိန်တွင် ရန်ကုန်သို့ ဆန်အဝင်နည်းနေခြင်းက ကုန် သည်များ အကျပ်အတည်းဖြစ်စေသည်ဟု ဘုရင့်နောင် ဆန်ကုန်သည်အသင်း အတွင်းရေးမှူး ဦးသန်းဦးကပြော ကြားသည်။ ယခင်က တစ်ရက်လျှင်ဆန်အိတ်ရေ ငါးသောင်းမှ တစ်သိန်းကြား ရန်ကုန်သို့ ပုံမှန်ဝင်ရောက်သော်လည်း အောက်တိုဘာလဆန်က မုန်တိုင်းများကြောင့် မိုး ဆက်တိုက်ရွာသွန်းပြီး ဆန်အဝင်လျော့ကျခဲ့သည်။ မိုးရွာသွန်းမှုကြောင့် လယ်သမား များ စပါးရိတ်သိမ်းရန် အခက် အခဲဖြစ်ချိန်တွင် ပြည်တွင်း လက် ကျန်နည်းပြီး ရန်ကုန်သို့ တစ် ရက်လျှင် အိတ်ရေ နှစ်သောင်း ခွဲခန့်သာ အများဆုံးဝင်ရောက် ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ‘‘ကြိုရောင်းထားတဲ့ ပမာဏ ကများပြီး ဆန်လက်ကျန်အရေ အတွက်နည်းတော့ ရန်ကုန်ဝင် လာတဲ့ ဆန်ကို အလုအယက်ဝယ် နေရတယ်။ တော်တော်အကျပ်အ တည်းဖြစ်လာတယ်’’ ဟု ဦးသန်း ဦးက ပြောသည်။ ရန်ကုန်သို့ ဝင်နေသည့်ဆန် အိတ်ရေနှင့် လက်ရှိတွင်ပြည်ပသို့ ဆန်တင်ပို့ရမည့် ပမာဏကိုတွက် ပါက တစ်လခန့်အချိန်ယူရမည် ဖြစ်ပြီး သင်္ဘောများ ရက်ရှည် ဆိုက်ကပ်ထားရသဖြင့် အပိုကုန် ကျစရိတ်များကို ကုန်သည်များက ကျခံရမည်ဟု ၎င်းကပြောသည်။ ပြည်ပသို့ ဆန်ကြိုတင် ရောင်းချထားသူများသည် မိုးစပါး ပေါ်ချိန်တွင် ဈေးကျနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ၂၅ မှတ်ဆန် တစ်တန်လျှင် ဒေါ် လာ ၂၈၀ ခန့် ဖြင့် ရောင်းချထားကြောင်း ဦးသန်း ဦးက ပြောသည်။ ပြည်တွင်းဆန် ဈေးနှုန်းသည် လက်ရှိငွေလဲနှုန်း ဖြင့် တွက်ပါက ဆန်တစ်တန်လျှင် ဒေါ်လာ ၃၁၀ ခန့်ရှိသဖြင့် ကုန် သည်များ ဆန်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ကျော် ဆုံးရှုံးနေ သည်ဟု ဦးသန်းဦးက ဆိုသည်။ လက်ရှိ ကြုံတွေ့နေသည့် အကျပ်အတည်းကို မဖြေရှင်းနိုင် ပါက နိုင်ငံတကာတွင် မြန်မာ့ ဆန်ဈေးကွက် အခိုင်အမာရရှိရန် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။ ကုန်သည်များ ဆုံးရှုံးမှုများ ပြီး သင်္ဘောတင်ရန် အခက်အခဲ ဖြစ်နေခြင်းကို ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်က အောက်တိုဘာ ၁၁ ရက်တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင် သည့် ကော်မတီဖွဲ့ပြီး ရန်ကုန်အ သင်းချုပ်ရုံး၌ အစည်းအဝေးပြု လုပ်ခဲ့သည်။ ပင်လယ်ရေကြောင်းမှ ပြည် ပတင်ပို့နေသည့် ၂၅ မှတ် (အကျိုး အကြေ ၂၅ ရာခိုင်နှုန်း) ဆန်ဝယ် လိုအား များနေခြင်းကြောင့်နှစ်လ အတွင်း ၃၅ ရာခိုင်နှုန်းခန့် ဈေး တက်လာသည်။ သြဂုတ်က တစ် အိတ်လျှင် ကျပ် ၁၇,၀၀၀ ခန့်ရှိခဲ့ သည့် ၂၅ မှတ်ဆန်သည်လက်ရှိ တွင် ကျပ်၂၁,၀၀၀အထိ မြင့် တက်လာသည်။ ဆန်ဈေးတက်ခြင်း အပြင် အရည်အသွေးပိုင်း ထိခိုက်မှုများ နှင့် လိုအပ်သည့် ပမာဏအတိုင်း ဆန်တင်ပို့မပေးနိုင်ပါက နိုင်ငံတ ကာဈေးကွက်တွင် နာမည်ပျက် နိုင်သည့် အခြေအနေမျိုးဖြစ်မည် ကို စိုးရိမ်ကြောင်း ပြည်ပဆန်တင် ပို့နေသည့် ကုန်သည်အချို့က ပြောသည်။ လက်ရှိပြည်ပသို့ဆန်တင်ပို့ ရန် သင်္ဘောခြောက်စီးစာလိုအပ် နေပြီး ပြည်တွင်း၌ ဆန်လက်ကျန် နည်းနေချိန်ဖြစ်၍ မူဆယ်နယ်စပ် မှ ဆန်တင်ပို့မှုကို ယာယီရပ်ဆိုင်း ပေးရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြမည်ဟု အောက်တိုဘာလ ဆန်းတွင် သတင်းထွက်ပေါ်ခဲ့ သည်။ သို့သော်မိုးစပါးပေါ်ချိန်တွင် စပါးဈေးကျမည်ကို စိုးရိမ်သဖြင့် နယ်စပ်မှ တရုတ်နိုင်ငံသို့ဆန်တင် ပို့မှု ယာယီရပ်ဆိုင်းမည်မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။ လက်ရှိ ရန်ကုန်ဆန်ဈေး ကွက်အခြေအနေကို သေချာစွာ မသိသေးသော်လည်း မုန်တိုင်း မိုးများကြောင့် မိုးစပါးရိတ်သိမ်း ရန် အခက်အခဲဖြစ်နေကြောင်း ဓနုဖြူမြို့နယ်နေ လယ်သမား ဦးသိန်းအောင်က ပြောသည်။ Source: 7 days new

Friday, 13 October 2017 08:23

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက သစ်ခွဲသားများကို ပြည်ပသို့ Export ပြုလုပ် ခြင်းကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ ထိခိုက်နစ်နာ

မန်မာ့သစ်လုပ်ငန်းတွင် ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် သစ်ကုန်ချော ထုတ်လုပ်မှုထက် သစ်ခွဲသားများကို ပြည်ပသို့Export ပြုလုပ်နေခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုရှိနေကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။ ရန်ကုန်မြို့ International Business Center(IBC) ၌ အောက်တိုဘာလ၂ ရက်က ကျင်းပသည့် စက်မှုကုန်ကြမ်းရရှိရေး၊ တရားဝင် သစ်တောထွက် ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်၊ အခွန်နှင့်ဘဏ်လုပ်ငန်း စနစ်များတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် သစ်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် သစ်ခွဲသားများ တိုက်ရိုက်တင်ပို့ခြင်းထက် ပြည်တွင်း၌သစ်ခွဲစက်ရုံ တည်ဆောက်ခြင်း၊ သစ်အချောထည် ထုတ်လုပ်ခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း စသည်တို့ကြောင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာများ ရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမယ်ဆိုတာ လက်ခံမယ်။ ဒါပေမယ့် အမှန်တကယ် အဲ့ဒီ ကုမ္ပဏီတွေ အနေနဲ့ တခြား ကုမ္ပဏီတွေရော သစ်နဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ကုမ္ပဏီတွေ အနေနဲ့ ဘာကြောင့် တိုက်ရိုက်ခွဲသားတွေ ပို့နေတာလဲ။ အပြီးတိုင် ကုန်ချောတွေထုတ်ပေးမှ အန်ကယ်တို့အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာပြီး နည်းပညာရရှိလာမှာဖြစ်ပါတယ်။ ဒီခွဲသားတွေပို့မှ ရရှိလာမယ့်ငွေနဲ့ တန်ဖိုးမြင့်ထုတ်ကုန်က ရရှိတဲ့ငွေက မတူဘူး။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း အများကြီး ထိခိုက်စေတယ်“ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။ ကျွန်တော်တို့ ကျပ်ငွေနဲ့ရောင်းထားတဲ့ သစ်အားလုံးကို Export လုပ်ခွင့်မပြုဘူး။ ဒါ့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေက ကိုယ့်ဟာကိုယ်ရှင်သန်လို့ရပြီး ကန့်သတ်ချက် ပေးထားတာအတွက် Export လုပ်မယ့်သူကလည်း သူရဲ့လုပ်ပိုင်ခွင့်နဲ့သူဖြစ်ပါတယ်။ အမှန်ကတော့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) တွေ ဝင်လာတယ်ဆိုတာ ကြောက်စရာတော့ မလိုပါဘူး။ ယှဉ်ပြိုင်လုပ်ရမှာဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းလုပ်နေရင် ဘယ်လောက်ထိရောက်နေတယ်ဆိုတာ မသိနိုင်ဘူးဟု မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခွန်အောင်စိုးက ပြောကြားခဲ့ကြောင်း သိရပါတယ်။ Source: The farmer

Thursday, 12 October 2017 07:55

နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ဆန်တင်ပို့ခြင်း မရပ်ဆိုင်းဟု စီးပွားကူးသန်းညွှန်ချုပ်ပြော

နယ်စပ်မှ တရုတ်နိုင်ငံ သို့ ဆန်တင်ပို့ခြင်း ယာယီရပ်ဆိုင်း ခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန် နိုင်ထွန်းက ပြောသည်။ ပြည်ပဆန်တင်ပို့ရန် လိုင်စင်ချထားပေးခြင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ နယ် စပ်ကုန်သွယ်ရေးဟု သီးခြားခွဲခြား ခြင်းမရှိဘဲ ခွင့်ပြုပေးနေကြောင်း ၎င်းက ဆိုသည်။ ယခုဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံမှ ပြည်ပတင်ပို့နေသည့် ဆန် တန်ချိန် ၁ ဒသမ ၆ သန်းကျော် တွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု ၅၄ ရာခိုင်နှုန်းခန့် တစ် ဝက်ကျော်ပမာဏရှိနေသည်။ ‘‘တချို့ကုန်သည်တွေပြော နေတာတော့ ကြားပါတယ်။ ဒါ ပေမဲ့ စီးပွားကူးသန်းဝန်ကြီးဌာန အနေနဲ့ တရားဝင်ပိတ်တာမျိုးမရှိ ပါဘူး’’ဟု ၎င်းက ပြောသည်။ ပြည်တွင်းဆန်ဈေး ဆက် တိုက်မြင့်တက်နေခြင်းကြောင့် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ တင်ပို့နေသည့် ကုန်သည်အချို့က နယ်စပ်မှ ပြည်ပတင်ပို့မှုကို နှစ် လခန့်ဆိုင်းငံ့ပေးရန် ပြောကြားမှု များ ရှိလာသည်။ ‘‘နယ်စပ်က တင်ပို့မှုကို မပိတ်ပါဘူး’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ လက်ရှိ တရုတ်နိုင်ငံမှ ဆန် ဝယ်ယူမှုသည် တစ်ရက်လျှင် တန်ချိန် ၁,၅၀၀ မှ ၂,၀၀၀ အကြားရှိနေပြီး ဆန်တစ်အိတ်ဈေးနှုန်းမှာ နွေရှယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၄၈ ယွမ် (မြန်မာငွေ ဖြင့် ကျပ် ၃,၀၀၀ ကျပ်ခန့်) ဈေးရှိ ကြောင်း မူဆယ်မြို့မှ ဆန်ကုန် သည်တစ်ဦးက ပြောသည်။ လက်ရှိတွင် တရုတ်သို့ တင် ပို့မှု ယာယီရပ်ဆိုင်းမည်ဆိုပါက မကြာမီ အသစ်ပေါ်မည့် မိုးစပါးတွင် လယ်သမားများအတွက် စပါးဈေးနှုန်းကျဆင်းပြီး နစ်နာဆုံးရှုံးမှုများဖြစ်လာမည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။ ပြီးခဲ့သည့် မိုးစပါးပေါ်ချိန်က လည်း တရုတ်အစိုးရ၏ ဖမ်းဆီးမှုကြောင့် မူဆယ်နယ်စပ်မှ ဆန် တင်ပို့မှု လျော့ကျသဖြင့် ပြည် တွင်း၌ စပါးဈေး ကျဆင်းခဲ့ပြီး လယ်သမားများ အခက်အခဲဖြစ်ခဲ့ရသည်။ Source: 7 days new

Tuesday, 03 October 2017 10:01

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်သန်းကျော်လျော့ကျ

အိမ်နီးချင်းနိုင်ငံများဖြစ်သည့်တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရာတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်သန်းကျော်လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများ အရ သိရပါတယ်။ မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့ စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ၎င်းအပြင် ကျိုင်းတုံနယ်စပ်စခန်းမှဒေါ်လာ နှစ်သန်းကျော်၊ တာချီလိတ်မှ ဒေါ်လာ လေးသန်းကျော်၊ မြ၀တီမှ ဒေါ်လာ ၁၁ သန်းကျော်၊ မြိတ်မှ ဒေါ်လာရှစ်သန်းကျော်၊ နဘုလယ်/ထီးခီးစခန်းမှ ဒေါ်လာခြောက်သန်းကျော်နှင့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၁၈ သန်းကျော် အသီးသီးလျော့ကျခဲ့ကြောင်း သိရပါတယ်။ ကုန်သွယ်မှုပမာဏ လျော့ကျခဲ့သည့်ကုန်သွယ်ရေးစခန်းများတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်သည့် မြ၀တီစခန်းပါဝင်ခဲ့ပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများတင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းရန် အစီအစဉ်များရှိကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၉၉ ဒသမ ၆၃၀ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်အလားတူ ကာလကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၄၀၇ ဒသမ ၇၂၇ သန်းရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ရှစ်သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ နဘုလယ်/ထီးခီးနှင့် တမူးစခန်းများမှ ကုန်သွယ်မှုပမာဏ လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ ၂၂ ရက်အထိ ချင်းရွှေဟော်နယ်စပ်စခန်း၏ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅၇ ဒသမ ၄၇၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၉ သန်းကျော် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ Source: Daily Eleven

Monday, 02 October 2017 08:16

တရုတ်အစိုးရ ရုံးပိတ်ရက်ရှည်ကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လျော့နည်း

တရုတ်နိုင်ငံ၏ အစိုးရရုံး ပိတ်ရက်ရှည်ကြောင့် မူဆယ်၊ ရွှေလီ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပမာဏ လျော့ကျခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းကြောင့် ယခုရက်ပိုင်းကုန်သွယ်ရေးလျော့ကျလာသည်ဟု မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောသည်။ မူဆယ်နယ်စပ်မှ တရုတ်- မြန်မာ နှစ်နိုင်ငံ အပြန်အလှန် နယ်စပ်ကုန်သွယ်ရေးသည် တစ်ရက်လျှင် ပျမ်းမျှကန်ဒေါ်လာ ရှစ်သန်းခန့်ရှိသော်လည်း ယခုကဲ့သို့ ပိတ်ရက်ရှည်ကာလများတွင် လုပ်ငန်းများစွာမလုပ်နိုင်ကြောင်း ၎င်းတို့က ပြောသည်။ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ဆန်အိတ် ငါးသောင်း ခန့်၊ သကြားအိတ် ရှစ်သောင်းခန့် ၀ယ်ယူနေသည့် တရုတ်ကုန်သည်များ ရုံးပိတ်ရက်ရှည်ကြောင့် မူဆယ်မြို့သို့ ကုန်ပစ္စည်း လာရောက်ဝယ်ယူမှုသည် ယမန်နေ့ကစ၍ လျော့နည်းလာသည်ဟု မူဆယ်မြို့ရှိ ဆန်နှင့်သကြား ကုန်သည်တစ်ဦးက ပြောသည်။ လာရောက်ကုန်ပစ္စည်းဝယ်ယူသည့် တရုတ်ကုန်သည်များသည်လည်း ကုန်တင်ယာဉ်ရရှိမှု အခက်အခဲ၊ အလုပ်သမားအခက်အခဲများနှင့် တရုတ်နိုင်ငံ အကောက်ခွန်မှ စစ်ဆေးခြင်းများ မပြုလုပ်နိုင်သည့် အခက်အခဲများ ကြုံတွေ့ရတတ်ကြောင်း မူဆယ်မြို့ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာ ထွက်ကုန် ကုန်စည်ဒိုင်မှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ စက်တင်ဘာ စတုတ္ထပတ် က တရုတ်ကုန်သည်များ ၀ယ်လိုအား ကောင်းလာခြင်းကြောင့် သကြားတစ်အိတ်လျှင် တရုတ်ငွေ ယွမ် ၁၈၀ (၃၆,၂၈၈ ကျပ်)မှ ၁၉၅ ယွမ် (၃၉,၁၉၅ ကျပ်)သို့ မြင့်တက်လာသည်။ ထို့အတူ စက်တင်ဘာအ တွင်း တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် မူဆယ် နယ်စပ်တွင် ဆန်တစ်အိတ်လျှင် ခုနစ်ယွမ် (၁,၄၁၁ ကျပ်) ဈေးမြင့် တက်လာသည်။ လက်ရှိ မူဆယ်မြို့တွင် နွေ (ရှယ်) အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၄၈ ယွမ် (၂၉,၈၃၆ကျပ်) နှင့် ငစိန်အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၃၅ ယွမ် (၂၇,၂၁၆ ကျပ်) ဈေးရှိသည်။ တရုတ်-မြန်မာ ငွေလဲနှုန်း သည် အောက်တိုဘာ ၁ ရက်တွင် မြန်မာကျပ် ၁,၀၀၀ လျှင် တရုတ်ငွေ ၄ ဒသမ ၉၆ ယွမ်ဈေးဖွင့်ပြီး တစ်ယွမ်လျှင် ၂၀၁ ဒသမ ၆ ကျပ် ဈေးရှိသည်။ Source: 7 days new

Monday, 02 October 2017 07:33

ယခုဘဏ္ဍာနှစ်ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ပိုမိုကုန်သွယ်ထား

ယခုဘဏ္ဍာနှစ် နှစ်ဝက် တွင် ကုန်သွယ်မှုကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ပိုမိုကုန်သွယ်ထားနိုင်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ အဆိုပါကုန်သွယ်မှုပမာဏ အနက် ပို့ကုန် ၆ ဒသမ ၅ ဘီ လီယံခန့်နှင့် သွင်းကုန် ၈ ဒသမ ၇ ဘီလီယံကျော်ရှိကြောင်း အဆို ပါဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ ‘‘ဒီနှစ်က လျာထားချက် ထက်ပိုမယ်မျှော်လင့်ထားတယ်။ အခုလည်း ကုန်သွယ်မှုက တက် လာတယ်။ နောက်လည်း တက်ဦး မယ်လို့မျှော်လင့်ထားတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ ကုန်တွင် ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလီယံရောက် ရှိရန် လျာထားပြီး ယင်းထက်ပိုမို မြင့်တက်ရန် အလားအလာရှိ ကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၈ ဘီလီယံသာရှိသော် လည်း ယခုဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီ ယံရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ စာရင်းများအရ သိရသည်။ ခြောက်လအတွင်း အများ ဆုံးတင်ပို့နိုင်သောပို့ကုန်သည် အ ထည်ချုပ်နှင့် စက်မှုကုန်ချော ထုတ်ကုန်များဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်ရှိသည်။ ဒုတိယအများဆုံးသည် လယ်ယာ ထုတ်ကုန်ဖြစ်ပြီး စုစုပေါင်းကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိ သည်။ ‘‘ဒီအစိုးရလက်ထက်မှာ ပို့ ကုန်မှာ ၃၅ ရာခိုင်နှုန်းက ကုန် ထုတ်လုပ်မှုဖြစ်လာတယ်။ အခု လည်း ပို့ကုန်ရဲ့ နံပါတ်(၁) က ကုန်ထုတ်လုပ်မှုပဲ။ အရင်အစိုးရ လက်ထက်မှာ သယံဇာတက နံပါတ်(၁)ပို့ကုန်ဖြစ်ခဲ့တာ။ ဒါကို ပြောင်းလဲသွားဖို့ အစိုးရသစ်လက်ထက်မှာ လုပ်နေခဲ့တာ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ သွင်းကုန်များတွင် စက်မှု ကုန်ထုတ်လုပ်မှုများအတွက် ကုန် ကြမ်းတင်သွင်းမှု ကန်ဒေါ်လာ၃ ဒသမ ၃ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်သည်။ ဒုတိယသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအ တွက် ပစ္စည်းများ တင်သွင်းမှုဖြစ်သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်းကန်ဒေါ်လာ ၂၇ ဘီလီယံရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၂၉ ဘီလီယံရှိခဲ့သည်။