Export & Import

Friday, 17 November 2017 07:40

မြန်မာ - ထိုင်းနယ်စပ်ရှိ တရားမဝင် ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှု ဖြစ်လာအောင် ဆောင်ရွက်ရမည်ဟု ဒုတိယ သမ္မတ ပြောကြား

မြန်မာ - ထိုင်းနယ်စပ် တရားမဝင် ကုန်သွယ်မှုများကို တရားဝင် ကုန်သွယ်မှု ဖြစ်လာရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက နိုဝင်ဘာလ ၇ ရက် မြဝတီ ကုန်သွယ်ရေးဇုန် အစည်းဝေး ခန်းမ၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုတ်တွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မျဉ်းသည် သောင်ရင်းမြစ်ပေါ်တွင် တည်ဆောက် ထားသည့် ချစ်ကြည်ရေး တံတား၏ မဲဆောက်ဘက်ကမ်းမှာ ရှိနေပြီး ၎င်းတံတားသည် နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အဓိကကျသည့်တံတား တစ်စင်းလည်း ဖြစ်ကာ ပို့ကုန်၊ သွင်းကုန်များ ပို့ဆောင်ရောင်းဝယ်နေကြခြင်း ဖြစ်ကြောင်းသို့သော်လည်း သောင်ရင်းမြစ်တစ်လျှောက်တွင် တရားမဝင် ဝင်၊ ထွက်ပေါက်များရှိနေပြီး တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဟန့်တားနိုင်ရန် ခက်ခဲနေကြောင်းကုန်သည်များထံမှ သိရပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန် အနေဖြင့် ကုန်သွယ်မှု ပိုမိုအဆင်ပြေ ချောမွေ့လာစေရေး အတွက် လုပ်ဆောင်လျက်ရှိသလို တရားမဝင်ကုန်စည် ကူးသန်း ရောင်းဝယ်မှုများ ပပျောက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီလုပ်ဆောင် ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တရားမဝင် ကုန်စည်များကို သယ်ယူ ပို့ဆောင်နေသည့် ရှောင်ကွင်းလမ်းများသည် ယခင်အချိန်များ ကတည်းက ရှိနေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ကြား ရေလမ်း၊ ကုန်းလမ်းခရီးဖြင့် စီးပွားရေး စင်္ကြလမ်း တည်ထောင်ဆောင်ရွက်ရာတွင် မြဝတီမြို့သို့ ဖြတ်သန်းပြီး ကုန်စည် ကူသန်းရောင်းဝယ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သဖြင့် မြဝတီဇုန်နှင့် ဆက်နွယ် ကူးသန်းရောင်းဝယ်နေသည့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါတယ်။ အာဆီယံ ဒေသတွင်းမှာ အေအီးစီလို့ လူသိများနေတဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းကို စတင်တည်ထောင်ဖို့ စိုင်းပြင်းတဲ့အချိန်ကစပြီး အာဆီယံနိုင်ငံ တစ်ဝန်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ချိတ်ဆက်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ အဲ့ဒီလို လုပ်ဆောင်ကြရာမှာ စီးပွားရေး စင်္ကြလမ်းတွေကို တည်ဆောက်ပြီး နိုင်ငံချင်း ချိတ်ဆက်ကာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီး အရှေ့အနောက် စီးပွားရေးစင်္ကြကတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းမှာ ဖြစ်ပြီးတော့ မြဝတီမြို့အထိ လမ်းကြောင်းရေးဆွဲ ချမှတ်ထားတာ ဖြစ်ပါတယ်။ ကုန်းလမ်းခရီးကနေ ဝင်ရောက်ခဲ့တဲ့အတွက် လမ်းခရီး ကြန့်ကြာချိန်တွေသက်သာသွားနိုင်မှာ ဖြစ်ပါတယ် ဟု ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ ၎င်းလမ်းကြောင်းကို ၁၉၉၈ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမှာ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ဝန်ကြီးများအဆင့် ညီလာခံတွင် အာဆီယံ ဒေသတွင်းနိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အကြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီစဉ်ကို ၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်လာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၏ ကုန်သွယ်ဘက်နိုင်ငံများပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ခေတ်မီကုန်သွယ်ရေးဇုန် အဖြစ် တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မြဝတီသည် ပင်လယ်ရေကြောင်းမှ အကွာအဝေးအနေဖြင့် ထိုင်းနိုင်ငံမြို့တော်၊ ဗန်ကောက်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ၁၉၄၄ မိုင် ကွာဝေးပြီး ရန်ကုန်မှ ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့သို့ ၂၁၄၄ မိုင်ကွာဝေး သလို ဗန်ကောက်မှ ဒါနန်းသို့လည်း ၁ဝ၈၂ မိုင်ကွာဝေးကြောင်း၊ ကုန်းလမ်းခရီးတွင် ရန်ကုန်မှ ဗန်ကောက် အကွာအဝေးသည် မိုင် ၄၅၀ ခန့်သာရှိပြီး ရန်ကုန်မှ ဒါနန်းသို့ မိုင် ၉၀ဝ ခန့်သာ ကွာဝေးကြောင်း၊ ထို့ကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုမှာ အချိန်ကုန်သက်သာသည့်အပြင် ကုန်စည်သယ်ယူပို့ဆောင်မှု စရိတ်များပါ ပိုမိုသက်သာစေမည် ဖြစ်ခြင်းကြောင့် အရေးပါသည့် ထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။ အရှေ့အနောက် စီးပွားရေး စင်္ကြလမ်းသည် အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်၏ ထွက်ပေါက်ဖြစ်သလို အနောက်ဘက်တွင်ကပ္ပလီ ပင်လယ်ပြင်ကို ထွက်နိုင်သည့် ထွက်ပေါက် တစ်ခုလည်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလ ဒုတိယပတ်အထိ ပို့ကုန်ကဏ္ဍမှအမေရိကန် ဒေါ်လာ ၂၅ ဒသမ ၉၃၄ သန်း၊ သွင်းကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ၇၀၈ သန်း ရရှိထားကြောင်း သိရပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၀ ဒသမ၁၉၉ သန်း၊ သွင်းကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၆၈ ဒသမ ၄၀၂ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ Source: The Farmer

Thursday, 16 November 2017 08:34

နိုင်ငံတကာ၏ ဝေဖန်မှုများ ခံနေရသော်လည်း ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာလေးဘီလီယံခွဲရှိ

ရခိုင်ပြည်နယ်အကြမ်း ဖက်မှုပြဿနာကြောင့် နိုင်ငံတ ကာတွင် ဝေဖန်မှုများစွာရှိနေ သော်လည်း ယခုဘဏ္ဍာနှစ် ခုနစ် လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုခွင့်ပြုပေးသည့်ပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။ ရခိုင်ပြည်နယ် ပြဿနာ ကြောင့် နိုင်ငံတကာတွင် မြန်မာ နိုင်ငံ၏ ပုံရိပ်ကျဆင်းပြီး စီးပွား ရေးကဏ္ဍသို့ ရိုက်ခတ်မှုများရှိလာ နိုင်ကြောင်း ဝေဖန်မှုများရှိနေ သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုပမာဏသည် ပြီးခဲ့သည့် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်ထက်ပိုများနိုင် ပြီး ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် ကော်မရှင်မှ လျာထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏခြောက်ဘီ လီယံကို ကျော်လွန်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ‘‘ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ရင်တော့ ရခိုင်ပြည်နယ်ပြဿနာ က ရေတိုမှာ ဘာမှထိခိုက်မှုမရှိ ဘူးလို့ပဲပြောချင်ပါတယ်။ ဒါပေမဲ့ ကာလကြာရှည်လာရင်အနောက် ဘက်က ၀င်လာမယ့်ရင်းနှီးမြှုပ်နှံ မှုတွေ တုံ့ဆိုင်းသွားနိုင်တယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။ အကြမ်းဖက်မှုပြဿနာများ ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခြေခံ အဆောက်အအုံပိုင်းမှစ၍ လို အပ်ချက်များစွာရှိနေပြီး လာမည့် သုံးနှစ်၊ လေးနှစ်အတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံရန် အဆင်သင့် မဖြစ်နိုင်သေးဟု ဦးအောင်နိုင်ဦး က ပြောသည်။ ‘‘စီးပွားရေးလုပ်တဲ့သူတွေ က မြတ်မယ်ဆိုရင်လာမှာပဲ။ စီး ပွားရေးလုပ်သာကိုင်သာရှိဖို့ပဲ လို တယ်’’ ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ အာဆီယံနိုင်ငံများအပါအ ၀င် အာရှနိုင်ငံအများစုက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ အပြိုင်ဆွဲ ဆောင်နေချိန်တွင် မြန်မာနိုင်ငံက လည်း အခြေခံအဆောက်အအုံ ပြည့်စုံမှု အပါအ၀င်စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာရှိ စေရန် ဖန်တီးပေးနိုင်ရေးကအဓိ ကကျကြောင်း ၎င်းက ပြော ကြားသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော ၂၀၁၈ အတွက် စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး (Doing Business)နိုင်ငံစာရင်း တွင် မြန်မာသည်အဆင့်တစ်ဆင့် ထပ်မံကျဆင်းခဲ့သည်။ ၂၀၁၈ Doing Business စာရင်းတွင် မြန်မာနိုင်ငံ၏အဆင့် သည် (၁၇၁)ဖြစ်ပြီး ၂၀၁၇ စာ ရင်းတွင် မြန်မာက အဆင့်(၁၇၀) ဖြစ်သည်။ ‘‘အဆင့်ကျတာက ကိုယ်က ပြုပြင်ပြောင်းလဲမှုလုပ်တာ သူ များနိုင်ငံတွေထက် နည်းနည်းနှေး လို့ပါ’’ ဟု ဦးအောင်နိုင်ဦးက သုံး သပ်သည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး အ ဆင့်သတ်မှတ်ရာတွင် စီးပွားရေး လုပ်ကိုင်ရန် အဆင့်များမှု၊ အချိန် ယူရမှု၊ ငွေအကုန်အကျများမှုစ သောအချက်များဖြင့် တိုင်းတာ ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသည် စီးပွားရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာ၌ ကုမ္ပဏီဥပဒေကဲ့သို့ ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်း လဲမှုများပြုလုပ်ရန် ရှိနေသဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ကြောင်း ဦးအောင်နိုင်ဦး က ဆိုသည်။ Source: 7 days new

Friday, 10 November 2017 08:44

တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်းနှစ်သောင်းသုံးထောင်ကျော် ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း

ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်ရေးစခန်းများမှ တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ဖြင့် ကျပ်သန်းပေါင်း ၂၃၀၈၅ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသေးစား၊ အလတ်စား တစ်နိုင်တစ်နိုင် ကုန်သွယ်မှုလုပ်ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အိုင်တီစီ ကတ်ကို စခန်းတော်တော်များများမှာ လွယ်လွယ်ကူကူ လုပ်နိုင်အောင် ဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်။ ဒီကတ်က အသေးစားလုပ်ငန်းရှင်တွေအတွက် တကယ်လည်း အဆင်ပြေစေပါတယ်။ ဒီနှစ်မှာ အိုင်တီစီ ကတ်နဲ့ ကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း တွေ့ခဲ့ရပါတယ်။ယင်းကတ်နဲ့ ကုန်သွယ်မှုလုပ်တာမှာ ပို့ကုန်ထက် သွင်းကုန်မှာ အသုံးပြုတာ ပိုများကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ အောက်တိုဘာလ တတိယပတ်အထိ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ် ၁၀၁ ကတ်ပြုလုပ်ခဲ့ပြီး ယင်း အိုင်တီစီ ကတ်များဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၂၃၀၈၅.၇၂၁ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယင်း အိုင်တီစီ ကတ်ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခုနှစ်လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ကုန်ကျပ် သန်းပေါင်း ၁၈၂၃.၇၃၉ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မှာ ကျပ်သန်းပေါင်း ၂၁၂၆၁.၉၈၁ သန်း တင်သွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ပို့ကုန်ကျပ်သန်းပေါင်း ၁၁၈၇.၄၈၁ သန်းသာ တင်ပို့နိုင်ခဲ့ကာ သွင်းကုန်ကျပ်သန်းပေါင်း ၁၇၇၈၄.၇၄၃ သန်းသာ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ကို ၂၀၁၂ နိုဝင်ဘာလတွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၇၃၇.၅၈၁ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၃၇၂.၇၀၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၄၅၀၇၄၇ သန်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၈၉၇၂.၂၂၅ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တာချီလိတ်မှ ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ နယ်စပ်ဘက်ကို ပို့ကုန်တင်ပို့တာထက် နယ်စပ်ဘက်ကနေ သွင်းကုန်ပိုတင်သွင်းတော့ အိုင်တီစီကတ်နဲ့ ကုန်သွယ်မှုမှာ သွင်းကုန်ပမာဏက ပိုများလာကြောင်း သိရပါတယ်။ ယင်းကတ်နဲ့ လုပ်ငန်းသုံး ပစ္စည်းတွေ၊ လူသုံး၊ အိမ်သုံး ပစ္စည်းတွေနဲ့ စက်ကိရိယာအပိုပစ္စည်းတွေကို အများဆုံး ကုန်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ Source: Democracy

Wednesday, 08 November 2017 11:09

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်ရှိလာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၆၀ ကျော် လျော့ကျနေ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်ရှိလာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၆၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၇ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၄၀၆၈.၀၃၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ၄၁၄၆.၄၃၂ သန်း ပါဝင်ကြောင်း သိရပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၈၂၁၄.၄၆၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၂၉၈၈.၂၁၉ သန်း ပိုမိုခဲ့ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၂၄၈.၅၀၀ သန်း ပိုမိုခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၂၆၀.၂၈၁ သန်း လျော့နည်းခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၈၆၂.၂၉၄ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၀၃၅၂.၁၇၁ သန်း ပါဝင်ကြောင်း သိရပါတယ်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက်များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၄၈၉.၈၇၇ သန်း ဖြစ်ပေါ် နေကြောင်း သိရပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေအဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက် အရ သိရပါတယ်။ ယင်းဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၀၀၀ သန်းဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း၁၀၀၀ ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ Source: Daily Eleven

Wednesday, 08 November 2017 11:06

မြန်မာနှင့်ထိုင်းကုန်သွယ်ရာတွင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များပိုမိုတင်ပို့နိုင်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရာတွင် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များ ပိုမိုတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရာတွင် အောက်တိုဘာလကုန်ပိုင်းက ရေထွက်ကုန်တန်ချိန် ၆၅၃၂ တန် ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၄၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံဘက်ကို ကုန်သွယ်တဲ့နေရာမှာ မြိတ်နဲ့ မြ၀တီတို့ကနေ ကုန်သွယ်မှုက လျော့ပေမယ့် ကော့သောင်းကတော့ ကုန်သွယ်မှုပမာဏတိုးလာတာကို တွေ့ရပါတယ်ဟု ဦးခင်မောင်လွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ ကုန်သွယ်ရာတွင် မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပုစွန်၊ ကင်းမွန်၊ ကဏန်းအပါအ၀င် ရေထွက်ကုန် ပစ္စည်း တန်ချိန် ၁၆၂၀ တန်၊ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်အပါအ၀င် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၆၂ တန်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၄၈၄၉ တန် တင်ပို့ခဲ့ခြင်းကြောင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယင်းအပြင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရေထွက်ကုန်တန်ချိန် ၁၈၆ တန်၊ အမေရိကန်ဒေါ်လာ ၀.၁၆၉ သန်းဖိုး တင်ပို့ခဲ့ပြီး ဧည့်မထဆန်၊ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ဆီးသီးဖတ်၊ ဆီးယိုထုပ်၊ စောင်၊ ငါးနီတူခြောက်တို့အပါအ၀င် ကုန်စည်တန်ချိန် ၂၄၂၃ တန်ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ ရောင်းချခဲ့ကြောင်း သိရပါတယ်။ Source: Myawaddy

Monday, 06 November 2017 07:29

၁၀ လခန့်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇ ဘီလီယံကျော်ရှိ၊ ကုန်သွယ်မှုလိုငွေ နှစ်ဘီလီယံကျော်

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ တတိယ ပတ်အထိ ကန်ဒေါ်လာ ၁၇ ဘီလီ ယံကျော်ဖိုး ကုန်သွယ်ထားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူ ထက် ၂ ဒသမ ၈၆ ဘီလီယံ ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံနှင့် သွင်းကုန် ၉ ဒသမ ၉၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေသည် ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ကုန်သွယ်မှုစုစုပေါင်း၁၄ ဒသမ ၇ ဘီလီယံရှိပြီးကုန်သွယ် မှုလိုငွေသည် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ ထို့ကြောင့် ယခင်နှစ် ထက် ကုန်သွယ်မှု ပမာဏ ၃ ဘီလီယံခန့် ပိုများလာသလို ကုန် သွယ်မှု လိုငွေဒေါ်လာသန်း ၅၀၀ ဝန်းကျင် ပိုများလာခြင်းဖြစ်သည်။ ‘‘ဒီနှစ်က လျာထားချက် ထက် ပိုမယ်မျှော်လင့်ထားတယ်။ အခုလည်း ကုန်သွယ်မှုက တက် လာတယ်။ နောက်လည်း တက်ဦး မယ်လို့ မျှော်လင့်ထားတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။ ယခုနှစ် ကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြင့်တက်လာပြီး နယ်စပ်ကုန် သွယ်မှုသည် ကန်ဒေါ်လာလေး ဘီလီယံခန့်ရှိသော်လည်း ပြီးခဲ့ သည့် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၂၄၀ ခန့် လျော့ နည်းခဲ့သည်။ ပို့ကုန်တွင် အထည်ချုပ် အပါအဝင် စက်မှုကုန်ချောတင်ပို့ မှုသည်ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၅၅၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၄၆ ဘီလီယံဖြစ်သည်။ သွင်းကုန်များတွင် စက်မှု ကုန်ထုတ်လုပ်မှုများအတွက် ကုန် ကြမ်းတင်သွင်းမှု ကန်ဒေါ်လာ ၃ ဒသမ ၈၉ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံးသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ပစ္စည်းများ တင်သွင်းမှုဖြစ်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အကုန်တွင် ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလီယံရောက်ရှိ ရန် လျာထားပြီး ယင်းထက်ပိုမို မြင့်တက်ရန် အလားအလာရှိ ကြောင်း ဦးဝင်းချိုက ပြောသည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၂၇ ဘီလီယံရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၂၉ ဘီလီယံရှိခဲ့သည်။ Source: 7 days new

Tuesday, 31 October 2017 08:05

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးရေး စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေး နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်များမှ စီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၃၀ ရက်က မန္တလေးမြို့တွင် ဆွေးနွေးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ နာဂလန်း (Nagaland) ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးပွဲပြုလုပ်ရန် တောင်း ဆိုခဲ့ရာမှ ယခုဆွေးနွေးပွဲဖြစ်ပေါ် လာကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။ အိန္ဒိယ အနေဖြင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကာ နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာ စေရန် လုပ်ဆောင်မည့်အပြင် မြန်မာနိုင်ငံမှ SMEs လုပ်ငန်းများကို ငွေကြေး ကူညီပံ့ပိုးနိုင်ရန်လည်း စီစဉ်နေကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံး (မန္တလေး)မှ ကောင်စစ်ဝန်ချုပ် Mr. Nanda Singh Bhai-sora က ပြောသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ ပြည်နယ်လေးခုမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘက်မှ ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက် ရောက်ခဲ့သည်။ ‘‘ချင်းပြည်နယ်နဲ့ မန္တလေးတို့ ဟာ အိန္ဒိယအတွက် ရှေ့ကိုကုန်သွယ်မှုပြုလုပ်နိုင်ဖို့ အရေးပါတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။ ချင်း မှာလည်း လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ဖို့အတွက် ဆောင် ရွက်နေပြီ ဖြစ်တာကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကနေ နယ် စပ်ကုန်သွယ်မှုဖွံ့ဖြိုးရေးကို အ ထောက်အကူပြုနိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ဟု ချင်းပြည်နယ် စည်ပင်သာယာရေးနှင့် စက်မှု လက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက် ခင်က ပြောသည်။ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍ၊ အသေးစား ဘဏ္ဍာရေး ကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ အထည်နှင့်လက်မှုနည်းပညာကဏ္ဍ၊ တက္က သိုလ်ပညာရေး ကဏ္ဍများ ဆွေး နွေးခဲ့သည်။ Source: 7 days new

Friday, 27 October 2017 10:02

ကြက်သွန်နီတင်သွင်းခွင့်တောင်းဆိုလာရင် ခွင့်ပြုဖို့စီစဉ်မည်

လက်ရှိပြည်တွင်းကြက်သွန်နီဈေးတွေ မြင့်တက်နေချိန်မှာ ပြည်ပကြက်သွန်နီတွေ တင်သွင်းခွင့်ပြုဖို့ တောင်းဆိုလာရင်ခွင့်ပြုဖို့ စီစဉ်မယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က အခုချိန်အထိတော့အသင်း ဘက်က ဘာမှပြောတာမရှိသေးဘူး၊ သူတို့ဘက်ကတောင်းဆိုလာရင်တော့ ခွင့်ပြုပေးဖို့ စီစဉ်ရမှာပေါ့၊ လက်ရှိအချိန်အထိတော့ ဘာမှတောင်းဆိုတာမရှိသေးဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အခုလိုပြည်တွင်းကြက်သွန်နီဈေးတွေမြင့်တက်နေချိန်မှာ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သုံး သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ တောင်းဆိုချက်အရ ပြည်ပကနေ ကြက်သွန်နီတင်သွင်းခွင့်ကိုခွင့်ပြုပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းမှာကြက်သွန်နီဈေးတွေ မြင့်တက်နေပေမဲ့ ပြည်ပကနေ တရားဝင်တင်သွင်းခွင့်ကိုခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။ ဒီနှစ် ပြည်တွင်းကြက်သွန်နီဈေးတွေဟာ ပြီးခဲ့တဲ့လပိုင်းလောက်က ပြည်တွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီးမကြာခင်မှာထွက်ရှိမယ့် မိုကြက်သွန်နီစိုက်ခင်းအချို့ ရေနစ်မြုပ်ခဲ့တာကြောင့် သည်လထဲမှာဈေးတွေပိုမိုမြင့် တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ပျော်ဘွယ်မြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးအေးဆွေက ဒီထက်တက်မယ်လို့တော့မထင်တော့ဘူး၊ ဘာလို့လဲဆိုတော့ အခု အပြင် လက်လီဈေးက ၃၀ဝ၀ နီးပါးဖြစ်နေပြီ၊ ဒီထက်တော့မတက်နိုင်တော့ဘူးထင်တာပဲ၊ ဒါပေမဲ့ လှောင်ကြက်သွန် တွေကတော့မရှိသလောက်ဖြစ်နေပြီ၊ အခုလဲ တရုတ်ကြက်သွန်နီတွေကတော့ တရားဝင်မဟုတ်ပေမဲ့ အနည်းနဲ့ အများတော့ ဈေးကွက်ထဲရောက်နေတာပဲလို့ ပြောပါတယ်။ လက်ရှိ ကြက်သွန်နီဈေးဟာ လက်ကားဈေး ရှယ်တစ်ပိဿာကို ကျပ် ၂၇၀ဝ ခန့်ရှိပြီး တရုတ်ကြက်သွန်နီ ဈေးတွေကတော့ တစ်ပိဿာ ကို ကျပ် ၁၆၀ဝ ဝန်းကျင်မှာရှိနေပြီဖြစ်ပါတယ်။ အခုလိုဈေးတွေမြင့်တက်နေပေမဲ့လည်း ဝယ်လက်အနေနဲ့ကတော့ ယခုရက်ပိုင်းမှာ အေးနေဆဲဖြစ်တယ်လို့လည်း ဘုရင့်နောင် ဈေးကွက်မှသိရပါတယ်။ ပြည်တွင်း ကြက်သွန်နီတွေ အခုရက်ပိုင်းဘုရင့်နောင်ဈေးကွက်မှာ ၁၂ ဘီးကားအစီးရေ ၂၀ ကျော် ပုံမှန်ဝင်ရောက်နေပါတယ်။ Source: Kumudra

Tuesday, 24 October 2017 03:43

တရုတ်အစိုးရက ပိတ်လိုက်သည့် ဘဏ်စာရင်းတွင် ကုန်သွယ်မှုလုပ်ကိုင်သူများမပါဟုဆို

တရုတ်အစိုးရက ယခု ရက်ပိုင်းအတွင်း ပိတ်လိုက်သည့် မြန်မာနိုင်ငံသားဘဏ်စာရင်းများ သည် ငွေပို့ငွေလွှဲပြုလုပ်သည့်စာ ရင်းများဖြစ်ပြီး ကုန်သွယ်မှုလုပ် ကိုင်သူများ၏ ငွေစာရင်းမပါ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။ ငွေကြေးခဝါချမှုနှင့် လောင်းကစားမှုများ စစ်ဆေးရန် အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ရွှေလီမြို့ရှိ တရုတ်ဘဏ်အချို့ တွင် ဖွင့်လှစ်ထားသောမြန်မာနိုင် ငံသားပိုင် ဘဏ်စာရင်းအချို့ကို တရုတ်အစိုးရက ပိတ်လိုက်သည်။ယခုတစ်ကြိမ် အပိတ်ခံရ သည့် ဘဏ်ငွေစာရင်း အရေအ တွက် ၃၀ မှ ၄၀ ကြားရှိသည်ဟု ကြားသိထားကြောင်း မူဆယ်မြို့ မှ ကုန်သည်အချို့က ပြောသည်။ မြန်မာနိုင်ငံသားများ၏ဘဏ်ငွေ စာရင်းအချို့အပိတ်ခံရသည်ဟု သတင်းများကြားသိသော်လည်း ငွေကြေးပမာဏမည်မျှရှိသည်ကို အတိအကျမသိရသေးကြောင်း ၎င်းတို့က ပြောသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ရရှိ သော အချက်အလက်များအရ အပိတ်ခံထားရသည့် ငွေစာရင်း များသည် ငွေလွှဲလုပ်ငန်းလုပ်ကိုင် နေသည့် လူပုဂ္ဂိုလ်ခုနစ်ဦး၏ငွေ စာရင်းများဖြစ်သည်ဟု ဦးရန်နိုင် ထွန်းက အောက်တိုဘာ ၂၂ ရက် တွင် 7Day Daily သတင်းစာကို ပြောသည်။ ‘‘ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ငွေ စာရင်းတွေ မဟုတ်ဘူး။ ငွေလွှဲနေတဲ့ စာရင်းတွေပါ။ ဝန်ကြီးဌာနကို လည်း တရားဝင်အသိပေးထား တာမျိုးမရှိဘူး’’ဟု ၎င်းက ပြော သည်။ ယခုနှစ် ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ်နိုင်ငံ ဘဏ်များရှိ မြန်မာကုန်သည်များ ၏ငွေစာရင်းတစ်ရာကျော်ကို တ ရုတ်အစိုးရက ပိတ်ခဲ့သည်။ တရုတ်အစိုးရက မြန်မာနိုင် ငံသို့ ငွေလွှဲပေးပို့နေသည့် တရုတ် နိုင်ငံဘဏ်သည် ဆန်၊ သကြား၊ ပြောင်းစေ့ ကုန်သည်များ၏ငွေစာ ရင်း ၁၀၀ ကျော်ကို ပိတ်လိုက်သ ဖြင့် မူဆယ်မြို့ရှိ ကုန်သည်များ အခက်ကြုံခဲ့ရသည်။ ထိုစဉ်က မြန်မာနိုင်ငံသား ဘဏ်ငွေစာရင်းများ အပိတ်ခံရ ခြင်းသည် တရုတ်နိုင်ငံရှိ အွန်လိုင်းလောင်းကစားမှုတစ်ခုကို တရုတ် ရဲက ဖော်ထုတ်နိုင်ပြီး အဆိုပါအမှု နှင့်ဆက်စပ်၍ တရုတ်ရဲက နိုင်ငံ ဘဏ်ငွေစာရင်း ငါးထောင်ကျော် ကို ပိတ်ရာတွင် လောင်းကစားမှု နှင့် စပ်ဆက်မှုမရှိသော ရွှေလီမြို့ ၌ မြန်မာနိုင်ငံသားများ ဖွင့်လှစ် ထားသည့်ဘဏ်ငွေစာရင်း ၁၃၂ ခု ပါဝင်ခြင်းဖြစ်သည်။ မြန်မာ ကုန်သည်များ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုနှင့် ပတ်သက်၍ ထိုအချိန်က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အခြေ စိုက် တရုတ်သံရုံး၊ ရွှေလီမြို့တော် ဝန်တို့ ပူးပေါင်းဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ၌ အ ပိတ်ခံထားရသည့် ဘဏ်ငွေစာ ရင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် မူဆယ်ဒေသခံ မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရ ကို ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ဘဏ်စာရင်းများ ပြန်လည်ဖွင့် လှစ်ပေးခဲ့သည်။ Source: 7 days new