Export & Import

Thursday, 01 July 2021 09:12

ပြည်ပတင်သွင်းကားများ အကောက်ခွန် နှုန်းထား လျှော့ချ

လူစီးမော်တော်ယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မှု SKD စနစ် ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်ပြီး အင်ဂျင်ပါဝါ နှစ်ထောင်အောက် လူစီးကားတွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

Thursday, 21 January 2021 02:38

Myanmar Trade NET ဖြင့် နှစ်လခွဲအတွင်း သွင်းကုန် ထုတ်ကုန် လိုင်စင် ၂, ၃၀၀ ကျော် ထုတ်ပေးနိုင်ခဲ့

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနသည် Myanmar Trade NET 2.0 ဖြင့် အဆင့်လိုက် စတင်ဆောင်ရွက်ခဲ့သည့်

Thursday, 31 December 2020 00:36

ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန် ထားပါသည်။

Thursday, 31 December 2020 00:33

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ကြောင်း ကြေညာ

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၇၅ /၂၀၂၀ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက် (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။ သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ခြင်း ၁။ COVID - 19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ အခွန်အခများကို ဖြေလျှော့ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိအား အမိန့်ကြော်ငြာစာအမှတ် ၂၃/ ၂၀၂၀ ဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိအား အမိန့်ကြော်ငြာစာအမှတ်၊ ၆၄/ ၂၀၂၀ ဖြင့်လည်းကောင်း ထပ်မံထုတ်ပြန်၍ ကာလတိုးမြှင့်ဆောင်ရွက်ပေး ခဲ့ပါသည်။ ၂။ အဆိုပါ သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံကာလတိုးမြှင့်သတ်မှတ် လိုက်သည်။ ဒေါက်တာသန်းမြင့် ပြည်ထောင်စုဝန်ကြီး

Monday, 28 December 2020 03:39

COVID-19 သက်ရောက်မှုများကြားတွင် အာဆီယံနှင့် ရှန်ဟိုင်းအကြား ကုန်သွယ်မှု အားကောင်းဆဲ

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေဆဲဖြစ်သော်လည်း ရှန်ဟိုင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ကုန်သွယ်မှုသည် ယခုနှစ်တွင် ဆက်လက်အားကောင်းဆဲဖြစ်ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

Sunday, 27 December 2020 12:10

မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော် မြန်မာ-တရုတ်ကုန်သွယ်မှု ပမာဏအများဆုံးဖြစ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမှ မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော် မြန်မာ-တရုတ်ကုန်သွယ်မှုသည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည်။

Wednesday, 23 December 2020 07:53

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိရသော တောင်အာဖရိကနိုင်ငံမှ လေကြောင်း ခရီးစဉ်များကို နိုင်ငံပေါင်း ငါးနိုင်ငံ ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိရသော တောင်အာဖရိကနိုင်ငံမှ လေကြောင်း ခရီးစဉ်များကို နိုင်ငံပေါင်း ငါးနိုင်ငံ ပိတ်ပင်တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်မှုကို မကြာသေးမီက တွေ့ရှိခဲ့ပြီးနောက် ထိုနိုင်ငံမှလေကြောင်းခရီးစဉ်များကို နိုင်ငံပေါင်း ငါးနိုင်ငံထက်မနည်း ခေတ္တရပ်ဆိုင်းထားခဲ့သည်။

Thursday, 19 November 2020 03:50

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို Virtual Meeting ဖြင့် ကျင်းပ

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ ဦးဆောင်၍ Virtual Meeting ဖြင့် ကျင်းပသည်။

Thursday, 19 November 2020 02:29

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု အခြေအနေ

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံနှင့် နေ့စဉ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ