Export & Import

Monday, 05 August 2019 04:48

တရားမဝင်ကုန်သွယ်မှု အင်အားကြီးလာသဖြင့် မြန်မာ့စီးပွားရေး အဟန့်အတားဖြစ်နေ

တရားမဝင် ကုန်သွယ်မှုများ အင်အားကြီးလာခြင်းကြောင့် မြန်မာ့စီးပွားရေးကို အဟန့်အတားဖြစ်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ သြဂုတ် ၁ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ (၁၀)ကြိမ်‌မြောက် လုပ် ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောဆိုခဲ့ပါတယ်။

Friday, 02 August 2019 10:57

တရုတ်နိုင်ငံသို့ အိန္ဒိယပို့ကုန်များ တိုးမြှင်နိုင်မည့် အလားအလာရှိ

တရုတ်နိုင်ငံသည်တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိသည့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အမျိုးအမည် စုစုပေါင်း ၇၇၄ ခုအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ ဤအခြေအနေတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ဈေးနှုန်းအရ အားသာချက်ကိုရယူ၍ အမေရိကန်ကုန်စည်များ၏ တရုတ်နိုင်ငံဈေးကွက်ဝေစုနေရာသို့ အစားထိုးဝင်ရောက်နိုင်ရေး လုပ်ဆောင်လာဖွယ်ရာရှိသည်။ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် အလားတူ ကုန်စည်များ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၂ ဒသမ ၈ ဘီလီယံခန့် ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိပါတယ်။

Friday, 02 August 2019 09:34

ထိုင်းသင်္ဘောတင်ပို့မှု လေးလဆက်တိုက် ကျဆင်းနေ

ထိုင်းပို့ကုန်များအနေဖြင့် ကမ္ဘာ့ စီးပွားရေး နှေးကွေးမှု၊ အမေရိကန်-တရုတ်ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှု များနှင့် ရေနံဈေးနှုန်း ကျဆင်းမှုတို့ကြောင့် ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုနှင့်အတူ ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း သိရှိရပါတယ်။ အကောက်ခွန်ရှင်းလင်းပြီး ပြည်ပသင်္ဘောတင်ပို့မှုမှာ မတ်လတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဧပြီလ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မေလတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး နှစ်အလိုက်တွင် ဇွန်လအထိ ၂ ဒသမ ၁၅ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၄ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့ပါတယ်။

Friday, 02 August 2019 09:09

ယခု ဘဏ္ဍာနှစ် ကိုးလအတွင်း ITC ကတ်ဖြင့် ကျပ်သိန်းလေးသောင်းခုနစ်ထောင်ကျော် ကုန်သွယ်ထား

ယခု ဘဏ္ဍာနှစ်ကိုးလအတွင်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် (ITC) ကတ်ဖြင့်ကျပ်သိန်း လေးသောင်း ခုနစ်ထောင်ကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ကုန်သွယ်ထားမှုပြုထားသည့်စာရင်းအရ ပို့ကုန်တန်ဖိုး ကျပ်သိန်းခုနစ်ထောင်ကျော်၊ သွင်းကုန်တန်ဖိုး ကျပ်သိန်းလေး သောင်းခန့်ရှိကြောင်း ယင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောခဲ့ပါတယ်။

Friday, 02 August 2019 08:33

တာချီလိတ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်လာ

တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Friday, 02 August 2019 08:02

အင်ဒိုနီးရှားနှင့် ကုန်သွယ်မှု စဉ်ဆက်မပြတ်တိုးတက်‌စေရေး ပို့ကုန်အမယ်တိုးမြှင့် ဆောင်ရွက်ရန် အိန္ဒိယတိုက်တွန်း

အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုလိုငွေ တိုးလာနေသည့်အပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ပို့ကုန်အမယ် တိုးမြှင့်ရေးဆောင်ရွက်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Shri Piyush Goyal က အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိပါတယ်။

Thursday, 01 August 2019 10:41

ကုန်ပစ္စည်းဖလှယ်သည့်စနစ်ဖြင့် တင်ပို့ရေးစာချုပ်

မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းဖလှယ်သည့်စနစ်ဖြင့် တင်ပို့ရန်အတွက် ဇူလိုင် ၂၇ ရက်က တရုတ်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း နယ်စပ်ဆန်စပါးကုန်သည် ဦးစိုင်းကျော်က ပြောဆိုခဲ့ပါတယ်။

Tuesday, 30 July 2019 10:21

မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် BECZ မြန်မာဘက်ခြမ်း တည်ထောင် အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အချက်များဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီးဖြစ်ခြင်း၊ မြေအသုံးချခွင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံအကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။

Tuesday, 30 July 2019 10:13

မြန်မာ-တရုတ် နယ်စပ်တွင် ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်မည်

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျ သော မူဆယ်၊ ရွှေလီ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း၌ အပြန် အလှန်ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။