Export & Import

Monday, 08 June 2020 04:59

မလေးရှားမှ Petronas က မြန်မာသို့ LNG ပေးပို့မှု စတင်

မလေးရှားမှ Petronas က ပထမဆုံးအကြိမ်အဖြစ် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို

Thursday, 28 May 2020 11:29

အကောက်ခွန်ဦးစီးဌာနမှ ပင်ရင်းဒေသ သက်သေခံလက်မှတ် ( CO Form) နှင့် ပတ်သက်သော ဌာနခွဲကြေညာချက်

အကောက်ခွန်ဦးစီးဌာနမှ ပင်ရင်းဒေသ သက်သေခံလက်မှတ် ( CO Form) နှင့် ပတ်သက်သော ဌာနခွဲကြေညာချက်

Wednesday, 20 May 2020 05:08

ဧရာမ ရေနံစိမ်းတင် သင်္ဘော ၁၁ ၇ စီး တရုတ်ပြည်သို့ ဦးတည်ခုတ်မောင်း

ရေနံစည် ၂ သန်း တင်ပို့နိုင်သည့် အလွန်ကြီးမားသော ရေနံစိမ်းသယ်ယူပို့ဆောင်ရေးရေယာဉ်

Sunday, 10 May 2020 08:19

စီးပွားရေးလုပ်ငန်းများက ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်ရန်တောင်းဆို

ထိုင်းနိုင်ငံ အလယ်ပိုင်းပြည်နယ် အောက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ထိုင်း-မြန်မာနိုင်ငံနယ်စပ်ရှိ Singkhon ဂိတ်

Thursday, 23 April 2020 07:15

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည်

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည်

Wednesday, 22 April 2020 03:07

အနုတ်လက္ခဏာပြတဲ့အထိ ကျဆင်းသွားရတဲ့ အမေရိကန် ရေနံဈေးကွက်

အနုတ်လက္ခဏာပြတဲ့အထိ ကျဆင်းသွားရတဲ့ အမေရိကန် ရေနံဈေးကွက်

Thursday, 16 April 2020 10:47

ကိုဗစ်က ဗီယက်နမ် ထောက်ပံ့ရေးကွင်းဆက်ကို ချိုးဖျက်၊ Freight forwarder များ အခက်ကြုံ

ဗီယက်နမ်မှ ကုန်ပစ္စည်းပို့ဆောင်သူ Freight forwarder များသည် ကိုင်တွယ်ပေးရသည့်

Thursday, 16 April 2020 02:49

မက္ကဆီကိုရဲ့ ရေနံဈေးနှုန်း ကစားကွက်

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက ရေနံဈေးနှုန်း ဇောက်ထိုး ကျဆင်းနေတာကို အဖတ်ဆယ်ဖို့အတွက် ထုတ်လုပ်မှုတွေကို လျှော့ထုတ်ကြဖို့ ညှိနှိုင်းကြတယ်။ ရုရှားနဲ့ ဆော်ဒီတို့အကြား အငြင်းပွားခဲ့ကြတယ်။ အမေရိကန်နိုင်ငံ ပြည်တွင်း ရေနံထုတ်လုပ်မှု ကြီးထွားနေတာကိုလည်း အောက်ဈေးဖြင့် ရောင်းချပြီး အမေရိကန်ပြည်တွင်း ထုတ်လုပ်မှုစရိတ် မကာမိတော့တဲ့ဈေးနှုန်းဖြင့် ရောင်းချပြီး တိုက်ခိုက်တယ်။ ကိုဗစ်ကြောင့် ကားအသွားအလာတွေ မရှိသလောက် ဖြစ်ကုန်တာကြောင့် ကုန်ချော ဓာတ်ဆီဝယ်လိုအားကျဆင်းပြီးဈေးကွက် ပျက်နေတယ်။ အဲဒီလို အခြေအနေနောက်ခံမှာ ရေနံထုတ်လုပ်တဲ့ နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ဆော်ဒီတို့ ဆွေးနွေးခဲ့ကြတဲ့အခါ မက္ကဆီကို ခပ်မာမာဖြင့် ဆွေးနွေးခဲ့တယ်။ အဲဒီလို ဆွေးနွေးနိုင်ဖို့အတွက် သူ့မှာ အစီအမံတွေ ရှိထားပြီးသား ဖြစ်နေတယ်။ ဒီတော့ OPEC+ သဘောတူညီချက်ကို အလွယ်ဖြင့် အလျှော့ပေး ခေါင်းညိတ်မပြခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ မက္ကဆီကိုနိုင်ငံက ရေနံရောင်းချခဲ့တာမှာ ကြိုပွိုင့်ဖြင့် ရောင်းချခဲ့တယ်။ ဆိုလိုတာက ရောင်းချချိန်မှာ တင်ကြိုသတ်မှတ်ထားတဲ့ ဈေးနှုန်းဖြင့် သဘောတူထားပြီး ရေနံတွေ ပေးအပ်ရမယ့် အချိန်မှာ ကတိထားရှိတဲ့ ပမာဏကို ပေးသွင်းပြီး ကြိုတင်သဘောတူထားတဲ့ ဈေးနှုန်းဖြင့် ဝယ်လက်က ပေးချေရတာ ဖြစ်ပါတယ်။ဒီတော့ မက္ကဆီကို က အရင်ကတည်းက တင်ကြိုဆုံးဖြတ်ထားတဲ့ ဈေးနှုန်းဖြင့် ၎င်းရဲ့ ရေနံတွေကို ရောင်းချနေတာ ဖြစ်ပြီး ကာလပေါက်ဈေးနဲ့ မပတ်သက်ဘူး။ ကာလပေါက်ဈေးမှာ ဈေးကျနေပေမဲ့ ၎င်းရဲ့ ရေနံတွေက ဈေးအမြင့်ဖြင့် ဆက်လက်ရောင်းချနေတယ်။နောက်တစ်ချက်က တိုင်းပြည်ရဲ့ ဘတ်ဂျက်ကို ရေနံရောင်းရငွေအပေါ် မှီခိုအားထားမှု လျှော့ချထားတယ်။ အဲဒီလို မစီမံထားဘဲ ရေနံထုတ်လုပ်ရောင်းချမှုဖြင့် တိုင်းပြည် ဘတ်ဂျက်ကို လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေဟာ ကိုဗစ်ကြောင့် ဝယ်လိုအား ကျဆင်းခြင်း၊ ဆော်ဒီအာရေဗျရဲ့ ဈေးနှုန်းစစ်ပွဲ ဆင်နွှဲခြင်းတို့ကြောင့် အထိနာကြတယ်။ ဒီတော့ ဆော်ဒီရဲ့ စကားကို ခေါင်းညိတ်လိုက်လျောကြရတယ်။မက္ကဆီကိုမှာ နိုင်ငံပိုင် ရေနံလုပ်ငန်း Petroleos Mexicanos (Pemex)က တိုင်းပြည်ရဲ့ ရေနံလုပ်ငန်းကို ကြီးကြပ်ထိန်းချုပ်ထားတယ်။ OPEC+ သဘောတူသတ်မှတ်ချက်မှာ မက္ကဆီကိုနိုင်ငံက တစ်နေ့ကို စည် လေးသိန်း လျှော့ချဖို့ ဆိုထားတာို မက္ကဆီက တစ်နေ့လျှင် စည်တစ်သိန်းသာ လျှော့ချပေးမယ်လို့ တန်ပြန်ကမ်းလှမ်းခဲ့တယ်။ မက္ကဆီကိုက ရေနံကို ကြိုပွိုင့်ဖြင့် ရောင်းချတဲ့အတွက် ၂၀၀၉ ခုနှစ်မှာ ဈေးနှုန်း ထိုးကျတော့ ရောင်းရငွေပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလျံ ရခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ရောင်းရငွေပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံ ရခဲ့ပြီး ဆော်ဒီက ဈေးနှုန်းတိုက်ပွဲ ဆင်နွှဲပြီးချိန် ၂၀၁၆ ခုနှစ်မှာ ရောင်းရငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ရရှိခဲ့တယ်။ နောက်ထပ် အစီအမံတစ်ခုက အာမခံ ထားရှိခြင်း ဖြစ်ပါတယ်။ မှန်းထားတဲ့ ဈေးဖြင့် မရဘဲ လျော့ပြီး ရခဲ့ရင် အာမခံလုပ်ငန်းတွေထံမှ နစ်နာကြေးကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအတွင် အာမခံကြေး ပေးသွင်းရတာ နှုန်းထား မြင့်မားတယ်လို့ မက္ကဆီကို ဘဏ္ဍာရေးဝန်ကြီး Arturo Herrera က ပြောကြားပေမဲ့ ဘယ်ရွေ့ဘယ်မျှ ပေးသွင်းရတယ်ဆိုတာကတော့ နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်နေလို့ ပြောပြလို့ မရဘူးလို့ သူက ပြောပြတယ်။ ယခုနှစ်အတွက် Pemex က တစ်နေ့ စည် ၂၃၄ ၀၀၀ ဖြင့် ကြိုပွိုင့် ရောင်းထားပြီးသား ဖြစ်ပြီး ကလာပေါက်ဈေးက အမေရိကန်ဒေါ်လာ ၂၀ အောက်မှာ ရှိနေပေမဲ့ ကြိုပွိုင့်ရောင်းထားတဲ့ ရေနံအတန်းအစား အမျိုးမျိုးတို့ရဲ့ ပျမ်းမျှဈေးနှုန်းက တစ်စည်ကို ၄၉ အမေရိကန်ဒေါ်လာ ဖြစ်ပါတယ်။ Bloomberg မကၠဆီကိုရဲ႕ ေရနံေဈးႏႈန္း ကစားကြက္ ေရနံထုတ္လုပ္တဲ့ ႏိုင္ငံေတြက ေရနံေဈးႏႈန္း ေဇာက္ထိုး က်ဆင္းေနတာကို အဖတ္ဆယ္ဖို႔အတြက္ ထုတ္လုပ္မႈေတြကို ေလွ်ာ့ထုတ္ၾကဖို႔ ညိႇႏိႈင္းၾကတယ္။ ႐ုရွားနဲ႔ ေဆာ္ဒီတို႔အၾကား အျငင္းပြားခဲ့ၾကတယ္။ အေမရိကန္ႏိုင္ငံ ျပည္တြင္း ေရနံထုတ္လုပ္မႈ ႀကီးထြားေနတာကိုလည္း ေအာက္ေဈးျဖင့္ ေရာင္းခ်ၿပီး အေမရိကန္ျပည္တြင္း ထုတ္လုပ္မႈစရိတ္ မကာမိေတာ့တဲ့ေဈးႏႈန္းျဖင့္ ေရာင္းခ်ၿပီး တိုက္ခိုက္တယ္။ ကိုဗစ္ေၾကာင့္ ကားအသြားအလာေတြ မရွိသေလာက္ ျဖစ္ကုန္တာေၾကာင့္ ကုန္ေခ်ာ ဓာတ္ဆီ၀ယ္လိုအားက်ဆင္းၿပီးေဈးကြက္ ပ်က္ေနတယ္။အဲဒီလို အေျခအေနေနာက္ခံမွာ ေရနံထုတ္လုပ္တဲ့ ႏွစ္ႏိုင္ငံျဖစ္တဲ့ မကၠဆီကိုနဲ႔ ေဆာ္ဒီတို႔ ေဆြးေႏြးခဲ့ၾကတဲ့အခါ မကၠဆီကို ခပ္မာမာျဖင့္ ေဆြးေႏြးခဲ့တယ္။ အဲဒီလို ေဆြးေႏြးႏိုင္ဖို႔အတြက္ သူ႔မွာ အစီအမံေတြ ရွိထားၿပီးသား ျဖစ္ေနတယ္။ ဒီေတာ့ OPEC+ သေဘာတူညီခ်က္ကို အလြယ္ျဖင့္ အေလွ်ာ့ေပး ေခါင္းညိတ္မျပခဲ့ဘူး။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ဆယ္အတြင္းမွာ မကၠဆီကိုႏိုင္ငံက ေရနံေရာင္းခ်ခဲ့တာမွာ ႀကိဳပြိဳင့္ျဖင့္ ေရာင္းခ်ခဲ့တယ္။ ဆိုလိုတာက ေရာင္းခ်ခ်ိန္မွာ တင္ႀကိဳသတ္မွတ္ထားတဲ့ ေဈးႏႈန္းျဖင့္ သေဘာတူထားၿပီး ေရနံေတြ ေပးအပ္ရမယ့္ အခ်ိန္မွာ ကတိထားရွိတဲ့ ပမာဏကို ေပးသြင္းၿပီး ႀကိဳတင္သေဘာတူထားတဲ့ ေဈးႏႈန္းျဖင့္ ၀ယ္လက္က ေပးေခ်ရတာ ျဖစ္ပါတယ္။ဒီေတာ့ မကၠဆီကို က အရင္ကတည္းက တင္ႀကိဳဆုံးျဖတ္ထားတဲ့ ေဈးႏႈန္းျဖင့္ ၎ရဲ႕ ေရနံေတြကို ေရာင္းခ်ေနတာ ျဖစ္ၿပီး ကာလေပါက္ေဈးနဲ႔ မပတ္သက္ဘူး။ ကာလေပါက္ေဈးမွာ ေဈးက်ေနေပမဲ့ ၎ရဲ႕ ေရနံေတြက ေဈးအျမင့္ျဖင့္ ဆက္လက္ေရာင္းခ်ေနတယ္။ေနာက္တစ္ခ်က္က တိုင္းျပည္ရဲ႕ ဘတ္ဂ်က္ကို ေရနံေရာင္းရေငြအေပၚ မွီခိုအားထားမႈ ေလွ်ာ့ခ်ထားတယ္။ အဲဒီလို မစီမံထားဘဲ ေရနံထုတ္လုပ္ေရာင္းခ်မႈျဖင့္ တိုင္းျပည္ ဘတ္ဂ်က္ကို လုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံေတြဟာ ကိုဗစ္ေၾကာင့္ ၀ယ္လိုအား က်ဆင္းျခင္း၊ ေဆာ္ဒီအာေရဗ်ရဲ႕ ေဈးႏႈန္းစစ္ပြဲ ဆင္ႏႊဲျခင္းတို႔ေၾကာင့္ အထိနာၾကတယ္။ ဒီေတာ့ ေဆာ္ဒီရဲ႕ စကားကို ေခါင္းညိတ္လိုက္ေလ်ာၾကရတယ္။မကၠဆီကိုမွာ ႏိုင္ငံပိုင္ ေရနံလုပ္ငန္း Petroleos Mexicanos (Pemex)က တိုင္းျပည္ရဲ႕ ေရနံလုပ္ငန္းကို ႀကီးၾကပ္ထိန္းခ်ဳပ္ထားတယ္။ OPEC+ သေဘာတူသတ္မွတ္ခ်က္မွာ မကၠဆီကိုႏိုင္ငံက တစ္ေန႔ကို စည္ ေလးသိန္း ေလွ်ာ့ခ်ဖို႔ ဆိုထားတာို မကၠဆီက တစ္ေန႔လွ်င္ စည္တစ္သိန္းသာ ေလွ်ာ့ခ်ေပးမယ္လို႔ တန္ျပန္ကမ္းလွမ္းခဲ့တယ္။ မကၠဆီကိုက ေရနံကို ႀကိဳပြိဳင့္ျဖင့္ ေရာင္းခ်တဲ့အတြက္ ၂၀၀၉ ခုႏွစ္မွာ ေဈးႏႈန္း ထိုးက်ေတာ့ ေရာင္းရေငြပမာဏ အေမရိကန္ေဒၚလာ ၅ ဒသမ ၁ ဘီလ်ံ ရခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာ ေရာင္းရေငြပမာဏ အေမရိကန္ေဒၚလာ ၆ ဒသမ ၄ ဘီလ်ံ ရခဲ့ၿပီး ေဆာ္ဒီက ေဈးႏႈန္းတိုက္ပြဲ ဆင္ႏႊဲၿပီးခ်ိန္ ၂၀၁၆ ခုႏွစ္မွာ ေရာင္းရေငြပမာဏ အေမရိကန္ေဒၚလာ ၂ ဒသမ ၇ ဘီလ်ံ ရရွိခဲ့တယ္။ ေနာက္ထပ္ အစီအမံတစ္ခုက အာမခံ ထားရွိျခင္း ျဖစ္ပါတယ္။ မွန္းထားတဲ့ ေဈးျဖင့္ မရဘဲ ေလ်ာ့ၿပီး ရခဲ့ရင္ အာမခံလုပ္ငန္းေတြထံမွ နစ္နာေၾကးကို ရရွိမွာ ျဖစ္ပါတယ္။ အဲဒီအတြင္ အာမခံေၾကး ေပးသြင္းရတာ ႏႈန္းထား ျမင့္မားတယ္လို႔ မကၠဆီကို ဘ႑ာေရး၀န္ႀကီး Arturo Herrera က ေျပာၾကားေပမဲ့ ဘယ္ေရြ႕ဘယ္မွ် ေပးသြင္းရတယ္ဆိုတာကေတာ့ ႏိုင္ငံေတာ္လွ်ဳိ႕၀ွက္ခ်က္ ျဖစ္ေနလို႔ ေျပာျပလို႔ မရဘူးလို႔ သူက ေျပာျပတယ္။ ယခုႏွစ္အတြက္ Pemex က တစ္ေန႔ စည္ ၂၃၄ ၀၀၀ ျဖင့္ ႀကိဳပြိဳင့္ ေရာင္းထားၿပီးသား ျဖစ္ၿပီး ကလာေပါက္ေဈးက အေမရိကန္ေဒၚလာ ၂၀ ေအာက္မွာ ရွိေနေပမဲ့ ႀကိဳပြိဳင့္ေရာင္းထားတဲ့ ေရနံအတန္းအစား အမ်ဳိးမ်ဳိးတို႔ရဲ႕ ပ်မ္းမွ်ေဈးႏႈန္းက တစ္စည္ကို ၄၉ အေမရိကန္ေဒၚလာ ျဖစ္ပါတယ္။ Bloomberg