Export & Import

Tuesday, 22 November 2022 17:44

အကောက်ခွန် ၁.၅ ၅ နှင့် ၀ ရာခိုင်နှုန်း စည်းကြပ်မည့် ဆေးဝါးများစာရင်း ထုတ်ပြန်ကြေညာ

အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည့် ဆေးဝါးများ ထုတ်ပြန်ကြေညာ

Tuesday, 01 November 2022 06:55

မြန်မာ့ပြောင်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှု တန်ချိန် ၈၀၀ စမ်းသပ်တင်ပို့ခဲ့

မြန်မာ့ပြောင်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှု တန်ချိန် ၈၀၀ စမ်းသပ်တင်ပို့ခဲ့

Tuesday, 01 November 2022 04:27

ပို့ကုန်ရငွေဖြင့် ဘဏ်စနစ်ကို အသုံးပြု၍သာ သွင်းကုန် တင်သွင်းနိုင်မည်

ပို့ကုန်ရငွေဖြင့် ဘဏ်စနစ်ကို အသုံးပြု၍သာ သွင်းကုန် တင်သွင်းနိုင်မည်

Monday, 31 October 2022 17:10

ယူကရိန်းကောက်နှံ သယ်ယူသည့် သင်္ဘောများ ပင်လယ်နက်ထဲတွင် စံချိန်တင် များပြား

ယူကရိန်းကောက်နှံ သယ်ယူသည့် သင်္ဘောများ ပင်လယ်နက်ထဲတွင် စံချိန်တင် များပြား

Tuesday, 11 October 2022 10:44

ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ ဆန်တန်ချိန် (၂၅၀,၀၀၀) တင်ပို့မှု စတင်ဆောင်ရွက်

ဘင်္ဂလားဒေ့ရ်ုနိုင်ငံသို့ ဆန်တန်ချိန် (၂၅၀,၀၀၀) တင်ပို့မှု စတင်ဆောင်ရွက်

Thursday, 08 September 2022 08:27

ရေနံစိမ်းစည်ပေါင်းသန်း ၁၀၀ ကျော် တင်ပို့နိုင်ခဲ့သည့် အီရတ်နိုင်ငံ

အိရတ်နိုင်ငံသည် သြဂုတ်လအတွင်း ရေနံစိမ်းစည်ပေါင်း ၁၀၁ ဒသမ ၈၅ သန်း တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၈ဘီလီယံ ရရှိခဲ့ကြောင်း အီရတ်နိုင်ငံရေနံဝန်ကြီးဌာနက စက်တင်ဘာ၁ရက်တွင် ပြောကြားသည်။ သြဂုတ်လအတွင်း ရေနံစိမ်း၏ ပျမ်းမျှစျေးနှုန်းမှာ တစ်စည်လျှင် ၉၆ ဒသမ ၀၅ ဒေါ်လာရှိကြောင်း ရေနံစျေးကွက်ရှာဖွေရေးအဖွဲ့၏ စာရင်းအချက်အလက်ချားကို ကိုးကား၍ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေနံစည်စုစုပေါင်း ၁၀၀ ဒသမ ၇၅ သန်းကို ဘာဆရာမြို့ဆိပ်ကမ်းမှတစ်ဆင့် အီရတ်နိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်း ရေနံများကိုတင်ပို့နိုင်ခဲ့ပြီး မြေထဲပင်လယ်ရှိ တူကီယဲဆိပ်ကမ်း စိုင်ဟန်မြို့မှတစ်ဆင့် ကာကွခ်ပြည်နယ်မြောက်ပိုင်းမှ ရေနံစည် ၁ ဒသမ ၁၀သန်းကို တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလအတွင်းမှစကာ ကမ္ဘာ့စျေးကွက်တွင် ရေနံစျေးနှုန်းများ မြင့်တက်လာခဲ့သည်။ အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့မှုပေါ်တွင် အဓိကမှီခိုနေရပြီး နိုင်ငံ့ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်း ကျော်ရှိကြောင်းသိရသည်။ Source: Xinhua

Monday, 22 August 2022 09:11

ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာသော ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံ တွင်စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေသော်လည်း ၂၀၂၂ခုနစ် ဇွန်လတွင် ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာပြီး ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း Federal Statistical Office ၏ သြဂုတ်လ ပထမအပတ်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ပို့ကုန်တန်ဖိုး ယူရို ၁၃၄ ဒသမ ၃ ဘီလီယံ နှင့် သွင်းကုန်တန်ဖိုး ယူရို ၁၂၇ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ယူရို ၆ ဒသမ ၄ ဘီလီယံရရှိခဲသည်။ ပို့ကုန်တန်ဖိုးသည် မေလနှင့် နှိုင်းယှဉ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး အီးယူနိုင်ငံများသို့ ၃ ဒသမ ၉ ရာခိုင်နှုန်း နှင့် အခြားနိုင်ငံများသို့ ၅ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရသည်။ ပို့ကုန်တိုးတက်မှုရှိခဲ့သောလည်း စီးပွားရေးလုပ်ငန်းများက ဂျာမနီနိုင်ငံ၏ Expot-Driven Economy စီးပွားရေးအလားအလာအပေါ်လက်ရှိလောင်စာစွမ်းအင်ဈေးနှုန်းမြင့်တက်မှု၊ Supply Chain မတည်ညိမ်မှု နှင့် ငွေကြေးဖောင်းပွမှုအခြေအနေများကြောင့် ကျဆင်းလာနိုင်မည့် အနေအထားကိုသာ ရှုမြင်သုံးသပါနေကြသည်။ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမှာ မေလက ထက် ဝ ဒဿမ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်မှုရှိခဲ့သော်လည်း ထုတ်လုပ်မှုကဏ္ဍရှိ အမှာစာအသစ်များ လက်ခံရရှိမှုမှာ မေလနှင့်နှိုင်းယှဉ်လျှင် ၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လက်လီလုပ်ငန်း များ အရောင်းဝင်ငွေသည် လည်းမေလနှင့် နှိုင်းယှဉ်လျှင် ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အသားထုတ်လုပ်သည့်လုပ်ငန်းများမှ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၃ ဒသမ ၅ သန်းအောက်သာထုတ်လုပ်ခဲ့ပြီး ကာလတူထက် ၇ ဒသမ ၉ ရာခိုင်နှုန်းလျော့နည်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံတွင်း ခရီးတိုသွားလာမှုများမှာ ပထမ သုံးလကထက် ၄၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး 9 Euro Ticket ကို အသုံးပြုမှုများခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ဘီယာရောင်းချရမှုမှာမူ ၂၀၂၂ ခုနှစ် ပထမနှစ်၀က်အတွင်း လီတာပေါင်း ၄ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်းသိရသည်။ လာမည့်ဆောင်းရာသီအတွက်ဓာတ်ငွေ့လုံလောက်စွာရရှိရေးမှာ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်သည်။ ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း စီးပွားရေးတိုးတက်မှု ၀ ဒသမ၂ ရာခိုင်နှုန်းမျှော်မှန်းထားမှုအတွက် ပြန်လည်တွက်ချက်မှုများအရ ဝ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ ဧပြီလမှ ဇွန်လအတွင်း စီးပွားရေးအခြေအနေမှာ ရပ်တန့်နေပြီး (stagnation) ဒုတိယ သုံးလအတွက်စီးပွားရေးတိုးတက်မှုနှုန်းကို သုညရာခိုင်နှုန်းအဖြစ် သတ်မှတ်ဖော်ပြထားသည်။ ဇူလိုင်လအတွက် ငွေကြေးဖောင်းပွမှုမှာ ၇ ဒသမ ၅ရာခိုင်နှုန်းနှင့် အလုပ်လက်မဲ့မှုမှာ ၅ ဒသမ ၄ ရာခိုင်နှုန်းတွင် ရှိနေကြောင်း သိရသည်။ Source: Myanma Alinn

Thursday, 18 August 2022 05:36

ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၁၁၄ သန်းရှိလာပြီဖြစ်တဲ့ လာအိုနိုင်ငံ၏ ဇူလိုင်လအခြေအနေ

လာအိုနိုင်ငံသည် ဇူလိုင်လတွင် ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန် ဒေါ်လာ၁၁၄သန်းရှိကြောင်း လာအိုကုန်သွယ်ရေးပေါ်တယ်၀က်ဘ်ဆိုက်မှ ဩဂုတ်လ ၁၂ ရက်နေ့တွင်ဖော်ပြထားသောအချက်အလက်အရ သိရသည်။

Friday, 05 August 2022 16:10

နိုင်ငံခြားသုံးငွေ အမျိုးမျိုးတို့အတွက် ရည်ညွှန်းငွေလဲလှယ်နှုန်းများ ဗဟိုဘဏ် တိုးမြှင့်သတ်မှတ်

နိုင်ငံခြားသုံးငွေ အမျိုးမျိုးတို့အတွက် ရည်ညွှန်းငွေလဲလှယ်နှုန်းများ ဗဟိုဘဏ် တိုးမြှင့်သတ်မှတ်