ယခုနှစ်ဧပြီမှစ၍ ဩဂုတ်လဆန်းအထိ ကြားကာလ ဘတ်ဂျက်နှစ်လေးလကျော်အတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ၁၂ ဒသမ ၃
ဘီလီယံဖိုးရှိပြီး ၂၀၁၇ ကာလတူထက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိခဲ့ရပါတယ်။၂၀၁၈ လေးလအတွင်း သွင်းကုန် ဒေါ်လာ ၆ ဒသမ ၆၄ဘီလီယံ နှင့် ပို့ကုန် ဒေါ်လာ ၅ ဒသမ ၆၉ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေသည် သန်း ၉၅၀ ကျော်ရှိသည်ဟု ၀န်ကြီးဌာနထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။
၂၀၁၇ တွင် ကုန်သွယ်မှုလို ငွေကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီ ယံကျော်ရှိ၍ ယခုနှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ထက်ဝက်ခန့် လျော့နည်းခြင်းလဲ ဖြစ်ခဲ့ပါတယ်။ပြီးခဲ့သည့်နှစ်တွင် ကုန်သွယ် မှုစံချိန်တင်မြင့်တက်ခဲ့ပြီး ဆန်၊ ပြောင်း နှင့် ရေထွက်ကုန် တင်ပို့မှုသည်လည်း စံချိန်တင်မြင့်တက်ခဲ့ကာ ယခုနှစ်တွင်လည်း ကုန်သွယ်မှုဆက်လက်၍ မြင့်တက်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းမှ ပြောပြချက်အရ သိခဲ့ရပါတယ်။
‘‘ဒီလိုများပြားလာတာက တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ကုန် ပစ္စည်းက သန်း ၁၀၀ ကျော် လောက်တက်လာခဲ့ပြီး သတ္တုတွင်းထွက်ပစ္စည်း၊စက်မှုကုန်ချော တင်ပို့မှုတွေဟာလည်း မြင့်တက် လာခဲ့ပါတယ်။ စက်မှုကုန်ချော ဆိုတဲ့နေရာမှာ CMP လို့ခေါ်တဲ့ လက်ခစား အထည်ချုပ်ပါမယ်။ သကြားပါမယ်။ ဓာတ်ငွေ့ပါမယ်။ ဒီလိုရလဒ်ဖြစ်လာအောင် ဦးတည်ချက် လေးရပ်ချမှတ်ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းကဆက်လက် ပြောပြချက်အရ သိခဲ့ရပါတယ်။
၂၀၁၈ ဧပြီမှ ဩဂုတ်လဆန်း အထိ စက်မှုကုန်ချောတင်ပို့မှုကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် သန်း ၉၇၀ ကျော်မြင့်တက်ခဲ့သည်။သတ္တုတွင်းထွက်တင်ပို့မှုမှာလည်း ကန်ဒေါ်လာသန်း ၆၆၀ ကျော်ရှိပြီး ယမန်နှစ်ကာလတူထက် သန်း ၃၀၀ ကျော်ပို့ခဲ့ပါတယ်။လယ်ယာထွက်ကုန် ကန်ဒေါ်လာသန်း ၉၅၀ကျော်ဖိုး ပိုတင်ပို့ခဲ့သော်လည်း ယမန်နှစ်ကာလတူထက် သန်း ၁၅၀ ကျော်လျော့နည်းခဲ့ပါတယ်။
သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံ၊လုပ်ငန်းသုံး ကုန်ကြမ်းတင်သွင်းမှု ကန်ဒေါ်လာ၂ ဒသမ ၅ ဘီလီယံရှိခဲ့သည်။၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၃၃ ဒသမ ၅၂ ဘီလီယံရှိပြီးပို့ကုန်တန်ဖိုးကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ နှင့် သွင်းကုန်တန်ဖိုး ၁၈ ဒသမ ၆ ဘီလီယံရှိကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလီယံခန့် ရှိခဲ့ပါတယ်။
Source ; 7 Day Daily
ReadMore : ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့ ဆောင်ရွက်နေ