Export & Import

ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ထိုင်း နှင့် လာအို နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်တွေ့ဆုံ

ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ထိုင်း နှင့် လာအို နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်တွေ့ဆုံ google.com

          ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ထိုင်း နှင့် လာအို နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်တွေ့ဆုံထိုင်းကုန်သွယ်ရေး

ကိုယ်စားလှယ်အဖွဲ့က ယခုသီတင်းပတ်အတွင်း ဗီယန်ကျင်းတွင် လာအို ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ဒေါ်လာ ၁၁ ဘီလီယံအထိတိုးတက်ရန် ရည်မှန်းထားခဲ့ကြောင်း သိရပါတယ်။

 

          စီးပွားကူးသန်းဝန်ကြီး ဆွန်တီရတ်ဆွန်တီဂျီရာဝေါင်ကပြောရာတွင် ထိုင်း ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့နှင့် လာအိုကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ ယခုသီတင်းပတ်အတွင်း ဗီယန်ကျင်းတွင်တွေ့ဆုံခြင်းမှာ နှစ်နိုင်ငံကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၏ တစ်စိတ်တစ်ပိုင်း အနေဖြင့်ဖြစ်ကြောင်းသိခဲ့ရပါတယ်။

 

          နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် ပရိုမိုးရှင်းပြုလုပ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေး နှင့် ဘဏ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အဓိကဆွေးနွေးမည်ဟုဆိုခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်အထိလုပ်မည့် အစည်းအဝေးတွင် ကိုယ်စားလှယ်ရယူ ကုန်စည်ဖြန့်ချိရေးလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ အစားအစာ နှင့် အဖျော်ယမကာ လုပ်ငန်းဆိုင်ရာ ထိုင်းလုပ်ငန်းရှင် ၄၅ ဦး လာရောက်မည်ဖြစ်ကြောင်း သိရပါတယ်။လာအိုသည် ထိုင်း၏အာဆီယံဆိုင်ရာ သတ္တမမြောက်အကြီးဆုံး ကုန်သွယ်ဖက်လဲ ဖြစ်ပါတယ်။

 

          လွန်ခဲ့သည့်ငါးနှစ်အတွင်း တစ်နှစ်ပျမ်းမျှကုန်သွယ်မှု ဒေါ်လာ ၅ ဒသမ ၆၆ဘီလီယံရှိပြီး နှစ်စဉ် ၄ ဒသမ ၇၈ ရာခိုင်နှုန်းတိုးတက်နေခဲ့ပါတယ်။၂၀၁၇ ခုနှစ်တွင် ကုန်သွယ်မှုဒေါ်လာ ၆ ဒသမ ၁၇ ဘီလီယံရှိပြီး ၂၀၁၆ ခုနှစ်ထက် ၅ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ အဓိကပို့ကုန်မှာ လောင်စာဆီ၊ မော်တော်ယာဉ် နှင့် အစိတ်အပိုင်းများ၊ သံမဏိ နှင့် သံမဏိပစ္စည်းများ၊ မွေးမြူရေး၊ ဓာတု၊ အလှကုန်ပစ္စည်းများ၊ စက်မှုပစ္စည်းများ၊ အေးခဲအသားများ၊ ပလတ်စတစ်ထုတ်ကုန်များ ပါဝင်ခဲ့ပါတယ်။

 

          ယခုနှစ်ပထမ ခုနစ်လအတွင်း ထိုင်းဘက်က ကုန်သွယ်ရေးပိုငွေ ဘတ် ၁၁၂ ဘီလီယံပြလျက်ရှိခဲ့ပါတယ်။ ကာလတွင် မလေးရှားက ထိုင်း၏အဓိကနယ်စပ်ကုန်သွယ်ဖက်ဖြစ်ပြီး ဘတ် ၃၃၀ ဘီလီယံ သို့မဟုတ် စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းရှိကာ ဒုတိယလာအိုက ၁၉ ရာခိုင်နှုန်း၊ မြန်မာက ဘတ် ၁၁၂ ဘီလီယံဖြင့် ၁၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ဘတ် ၈၀ ဒသမ ၈ ဘီလီယံဖြင့် ၁၂ ရာခိုင်နှုန်းအသီးသီးအထိ ရှိခဲ့ပါတယ်။

 

Source : Myanmar Time

Read times
Rate this item
(1 Vote)