Export & Import

မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ဒဏ်ကြေးအချို့ကို ပုံစံပြောင်းလဲသတ်မှတ်မည်

မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ဒဏ်ကြေးအချို့ကို ပုံစံပြောင်းလဲသတ်မှတ်မည် google.com

          အကောက်အခွန်ဒဏ်ကြေး အသစ်တွင် ဆိပ်ကမ်းမှထုတ်ယူရန် ကြန့်ကြာသည့်ကားများကို အကောက်အခွန်ရက်လွန်ဒဏ်ကြေး ပြစ်ဒဏ်

ထည့်ပေးရန် စီစဉ်နေကြောင်း အကောက်အခွန်ဦးစီးဌာနမှ သိရပါတယ်။

 

          ၂၀၁၈ ခုနှစ် အကောက်အခွန်ဒဏ်ကြေးများ ပြင်ဆင်ရန်အတွက် နှစ်အလိုက်ကောက်ခံခဲ့သည့် ပြစ်မှုပြစ်ဒဏ်များကို စာရင်းပြုစုနေပြီး မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ မူဝါဒအရ ခေတ်နှင့်လျော်ညီမှုရှိစေရန် ဒဏ်ကြေးအချို့ကို ပြောင်းလဲသတ်မှတ်မှာ ဖြစ်ပါတယ်။

 

          ထိုသို့ဒဏ်ကြေးများ ပြင်ဆင်ရာတွင် ပြစ်ဒဏ်သစ်များထည့်သွင်းရန်လည်း စီစဉ်ထားပြီး ဆိပ်ကမ်းမှ ထုတ်ယူရန် ကြန့်ကြာနေသည့်ကားများကို ဆိပ်ကမ်းများမှ ကောက်ခံသည့် ထားသိုခအပြင် အကောက်အခွန်ဦးစီးဌာနမှလည်း ရက်လွန်ကြေးအဖြစ် ပြစ်ဒဏ်သစ်တစ်ခု ထည့်သွင်းရန် စီစဉ်နေကြောင်း သိရပါတယ်။

 

" အကောက်အခွန် ဒဏ်ကြေးတွေကို ဖြေလျှော့ပေးဖို့ စီစဉ်နေပါတယ်၊ တစ်ချို့အချက်တွေကတော့ ဖြေလျှော့ပေးချင်ပေမဲ့လည်း လိုက်နာမှု အားနည်းနိုင်တဲ့အတွက် အရင်သတ်မှတ်ချက်အတိုင်း ဆက်ပြီး အရေးယူဆောင်ရွက်မှား ဖြစ်ပါတယ်၊ မော်တော်ယာဉ်တင်သွင်းမှုအတွက် သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိရင် အရေးယူမယ်ဆိုတဲ့ပြစ်ဒဏ်ကိုလည်း သတ်မှတ်ဖို့ စီစဉ်နေပါတယ် " ဟု အကောက်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

          ဆိပ်ကမ်းများမှထုတ်ယူရန် ကြန့်ကြာနေသောကားများကို ရက်အလိုက်ကောက်ခံသည့် ဆိပ်ကမ်းထားခ ကောက်ခံသော်လည်း သတ်မှတ်ကာလအတွင်း ကားထုတ်ယူမှုနည်းနေခြင်းကြောင့် ပြစ်ဒဏ်အသစ်တစ်ခုအဖြစ် အကောက်အခွန်ဒဏ်ကြေး သတ်မှတ်ချက်တွင်ထည့်သွင်းဂရ် စီစဉ်နေခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။

 

Source: Automobile

Read times
Rate this item
(1 Vote)